cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မေလ ၈ရက်နေ့မှ၁၀ရက်နေ့အတွင်း မိုက-ဆိုင်ကလုန်းမုန်တိုင်းကြီးအဆင့်ထိဖြစ်လာနိုင်‼️

. ရာသီဥတု သတင်းများ
မုန်တိုင်းပြင်အားတစ်နာရီ ၁၅၀ကီလိုမိတာမှ ၁၈ဝကီလိုမီတာအထိတိုက်ခတ်နိုင်ပါတယ်

အန္တရာယ်ရှိသည်
  • MOCHA CYCLONE UPDATE

    ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်သည်အနေအထားမှာ မေလ ၈ရက်နေ့မှ၁၀ရက်နေ့အတွင်းမုန်တိုင်းကြီးအဆင့်ထိဖြစ်လာနိုင်ပြီးမေလ ၁၂ရက်နေ့မှာ မြန်မာနိုင်ငံဧရာဝတီကမ်းရိုးတမ်းနှင့် ရခိုင်ကမ်းရိုးတမ်းတွေကိုဦးတည်ဝင်ရောက်နိုင်သဖြင့် အထူးကြိုတင်ပြင်ဆင်ကြပါလို့ အကြံပြုတင်ပြလိုက်ပါတယ်

    မုန်တိုင်းပြင်အားတစ်နာရီ ၁၅၀ကီလိုမိတာမှ ၁၈ဝကီလိုမီတာအထိတိုက်ခတ်နိုင်ပါတယ်

    အန္တရာယ်ရှိသည် share ပေးကြပါ


    #ECMWF

    issued time

    02/05/2023 10:50am(MMT)


    MOCHA CYCLONE

    မိုကဆိုင်ကလုန်းမုန်တိုင်း

    မုတ်သုန်လေဆွဲတင်မည့် ၂၀၂၃ ခုနှစ်ရဲ့ ဘင်္ဂလားပင်လယ်အော်ရဲ့ ပထမဆုံးဖြစ်ပေါ်လာမည့် မုန်တိုင်းကြီးပဲဖြစ်ပါလိမ့်မယ် ဒီမုန်တိုင်းကြီးကြောင့် မြန်မာနိုင်ငံနေရာအနှံအပြားမှာ မိုးရရှိစေနိုင်ပါတယ်

    update ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါမယ်

    မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းပြီးရွှင်လန်းချမ်းမြေ့ကြပါစေ

    #ECMWF

    issued time

    02/05/2023 7:00am(MMT)

    MOCHA မိုက

    မိုကမုန်တိုင်း ⚠⚠⚠⚠⚠

    ၂၀၂၃ မေလ ၉ရက်နေ့မှ ၁၁ရက်နေ့အတွင်းမှာ ဘင်္ဂလားပင်လယ်အော်တွင်

    အဖျက်စွမ်းအားပြင်းမုန်တိုင်းတစ်လုံးဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းအမည်ကို မိုက(MOCHA) အမည်တွင်ပါလိမ့် မယ်မုန်တိုင်းဝင်ရောက်နိုင်တဲ့နေရာကိုတော့အတိအကျခန့်မှန်းနိုင်ခြင်းမရှိသေးပါဘူး အဆင့်မြင့်မိုးလေဝသဂြိုလ်တု satellite တွေကနေထောက်လှမ်းတွေ့ရှိရတဲ့အချက်အလက်တွေအရတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့မဟုတ် ဘင်္ဂလားဒေချ့်မြန်မာနယ်စပ် သိုမဟုတ် ဘင်္ဂလားဒေချ်နိုင်ငံစစ်တကောင်းပင်လယ်ကွေ့အတွင်းကိုဦးတည်သွားရောက်နိုင်တယ်လို့

    သုံးသပ်ရပါတယ်

    မြန်မာနိုင်ငံဖက်ကိုလည်းဦးတည်နိုင်သဖြင့် အထူးသတိထားရမည့်မုန်တိုင်းကြီးတစ်လုံးဖြစ် နိုင်ကြောင်းကြိုတင်သတိပေးထားပါရစေ ဘာမှမပေါ့ဆကြပါနဲ့ ရက်ဝေးကြိုတင်သတိပေးထားရတာကတော့ ကြိုတင်သိရှိကြပြီး အန္တရာယ်မှလွတ်မြောက်နိုင်ကြစေရန် ကြိုတင်ပြင်ဆင်စိစဥ်ဆောင်ရွက်နိုင်ကြစေရန်အတွက်ဖြစ်ပါတယ်

    မေလ ၁၃ ရက်မှ ၁၆ ရက်အတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်း (သို့မဟုတ်) ရခိုင်ကမ်းရိုးတန်းကို 106MPH ကီလိုမီတာ ၁၇၀ အမြန်နှုန်းဖြင့် ဝင်ရောက်မည်ဟု ခန့်မှန်းရပါတယ်


    အထူးသတိပေးချက်

    ⚠⚠

    ၂၀၂၃ မေလ ၁၀ရက်နေ့မှ ၁၅ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် စစ်တကောင်းပင်လယ်ကွေ့အတွင်း လှေသင်္ဘောများသွားလာခြင်း လုံးဝမပြုလုပ်ကြပါနဲ့ အလွန်အန္တရာယ်ကြီးပါတယ်

    issued time

    02/05/2023 8:11am(MMT)


    ရခိုင်ပြည်နယ်မြောက်ပိုင်း

    ၂၀၂၃ မေလ ၁၁ရက်နေ့မှ ၂၀ရက်နေ့အတွင်းမိုးတွေများစွာနိုင်ပါတယ် 🌧🌧🌧🌧🌧⛈⛈⛈⛈⛈⛈⛈

    မေလ ၁၂ရက်နေ့မှ ၁၅ရက်နေ့အတွင်း မိုးကြီးလေထန်နိုင်ပါတယ်

    issued time

    02/05/2023 7:37am(MMT)


    မိုက ဆိုသည်မှာ

    ၂၀၂၃ မေလ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာမည့် မုန်တိုင်းအမည်ပေးအလှည်ကျနိုင်ငံကတော့ ယီမင်နိုင်ငံဖြစ်ပြီး အဆိုပြုတင်သွင်းထားတဲ့အမည်ကတော့ MOCHA ဖြစ်ပါတယ်

    ယီမင်နိုင်ငံရဲ့ ပင်လယ်ဆိပ်ကမ်းမြို့ရဲ့အမည်ကိုအဆိုပြုထားတာဖြစ်ပါတယ်

    issued time

    02/05/2023 7:11am(MMT)

    Su Su San

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2


  • article
likes23comments2
views235views7191