ခရမ်းချဉ်ပင်တွေကို လွယ်လွယ်ကူကူ ဝတ်မှုန်ကူးကြမယ် အပိုင်း (၂)
ရိုးရှင်းလွယ်ကူစွာ အပင်ကို လှုပ်ပေးခြင်း၊ အပွင့်လေးကို လက်ညှိုးလေးနှင့် တောက်ချပေးခြင်းဖြင့် ဝတ်မှုန် ကြွေကျခြင်း ကို ကူညီပေးနိုင်ပါတယ်။ အဲ့လိုလုပ်ရာမှာ ဖြေးဖြေးမြန်မြန်လေး လုပ်ပေးရမှာ ဖြစ်ပါတယ်။
၂။စုတ်တံကို အသုံးပြုပါ
စုတ်တံအသေးလေးကို အသုံးပြုပြီး ဝတ်မှုန်တွေကို ဆွဲစုပြီးနောက် ဝတ်မှုန်ခံတိုင်ပေါ်တင်ပေးရာမှာ အရမ်းကိုအကျိုး သက်ရောက်မှု ရှိပါတယ်။ စုတ်တံကို ဝယ်ယူရာမှာ ဈေးမကြီးပေမဲ့ သဘာဝနဲ့ အနီးစပ်ဆုံး တူညီတဲ့ အမွှေးလေးတွေနဲ့ ပြုလုပ်ထားသောတဲ့ စုတ်တံလေးကို ဝယ်ယူသင့်ပါတယ်။ ပလက်စတစ်နဲ့ ပြုလုပ်ထားတဲ့ စုတ်တံတွေထက် အမွှေး နုနုလေးတွေ ပါဝင်တဲ့စုတ်တံလေးတွေက ဝတ်မှုန်လေးတွေ စုယူရာမှာ ပိုကောင်းပါတယ်။
ဝတ်မှုန်ကူးဖို့အတွက် ပန်းပွင့်လေးကို မပြီး ပွင့်ချပ်လေးတွေအတွင်းထဲမှာ စုတ်တံလေးကို လှည့်ပတ်ပြီး လျင်လျင်မြန်မြန် ပေါ့ပေါ့ပါးပါးလေးနဲ့ ပွတ်သုတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ အမဝတ်မှုန်ခံတိုင်ပေါ်မှာ အစောက စုတ်တံလေးနဲ့ ယူထားပေးတဲ့ ဝတ်မှုန်လေးတွေ တင်ပေးရမှာ ဖြစ်ပါတယ်။
၉၆%သာပင်တည်း ဝတ်မှုန်ကူးတဲ့အတွက် ပင်ခြားဝတ်မှုန်ကူးခြင်းကို ရှောင်ရှားရန် ခရမ်းချဉ်မျိုးကွဲတိုင်းအတွက် သီးသန့် စုတ်တံကို သုံးပေးသင့်ပါတယ်။
၃။ နားကြပ်တံကို အသုံးပြုခြင်း
ခရမ်းချဉ်ကို ဝတ်မှုန်ကူးရာမှာ နားကြပ်တံကို အသုံးပြုခြင်းကလည်း ထိရောက်တဲ့ အသုံးပြုပစ္စည်းဖြစ်ပါတယ်။ သူ့မှာ ဂွမ်းမွှေးလေးတွေနဲ့ ပြုလုပ်ထားတဲ့အတွက် ပွင့်ချပ်ကလေးတွေအတွင်း ဂွမ်းတံလေးနဲ့ ဝတ်မှုန်လေးတွေ စုယူပြီး ဝတ်မှုန်ခံတိုင်ပေါ် တင်ပေးရာမှာ လွယ်ကူအဆင်ပြေစေပါတယ်။
ကဲ အခု ခရမ်းချဉ်ဝတ်မှုန်ကူးတဲ့နည်းလေးတွေ သိပြီဆိုတော့ ကိုယ့်အိမ်တွင်းမှာ အပျော်တမ်း အလှစိုက်တာဘဲ ဖြစ်ဖြစ်၊ တပိုင်တနိုင် အော်ဂဲနစ်ခရမ်းချဉ် စိုက်ပျိုးတာဘဲဖြစ်ဖြစ် တနိုင်တပိုင် ဝတ်မှုန်ကူးပြီးတော့ အပွင့်များ အသီးတင်အောင် လက်တွေ့လုပ်ကြည့်နိုင်ဖို့ တင်ပြလိုက်ရပါတယ်ရှင်။
-----


