cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မေလ ၁၀ ရက် မှ ၁၂ရက်နေ့အတွင်း ‼အဖျက်စွမ်းအားပြင်း မိုချာမုန်တိုင်းသည် ဧရာဝတီနှင့် ရခိုင်ကမ်းရိုးတန်းအနီးကိုရောက်ရှိလာနိုင်

. ရာသီဥတု သတင်းများ
‼️ရေလှိုင်းအမြင့်မှာ ၃၂ပေမှပေ၄၀အထိမြင့်တက်နိုင်
‼️တစ်နာရီလေတိုက်ခတ်နှုန်း ၉၀မိုင်မှ ၁၂၀မိုင်အထိတိုက်ခတ်နိုင်
  • Mocha cyclone update

    မေလ ၁၁ရက်နေ့ ၁၂ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုချဥ်းကပ်ရောက်ရှိနိုင်ပြီး မြန်မာ ဘင်္ဂလာဒေချ် နယ်စပ်ကကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ECMWF MODEL ကြီးက ခန့်မှန်းပေးလာပါတယ်

    ကြိုတင်သိရှိ မုန်တိုင်းအန္တရာယ်မှကာကွယ်ကြိုတင်နိုင်ကြစေရန်အတွက် မျှဝေလိုက်ပါတယ်

    issued time

    03/05/2023 2:48pm((MMT)


    Mocha cyclone alert ⚠⚠⚠⛈🌧🌧🌧🌧🌧

    ၂၀၂၃ မေလ ၁၀ရက်နေ့မှ၁၂ရက်နေ့အတွင်း

    အဖျက်စွမ်းအားပြင်း မိုချာမုန်တိုင်းသည် ဧရာဝတီးကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးကိုရောက်ရှိလာနိုင်ပါတယ်

    ရေလှိုင်းအမြင့်မှာ ၃၂ပေ မှပေ၄၀အထိမြင့်တက်နိုင်ပါတယ်တစ်နာရီလေတိုက်ခတ်နှုန်း ၉၀မိုင်မှ ၁၂၀မိုင်အထိတိုက်ခတ်နိုင်ပါတယ်

    ကမ်းခြေဒေသနေကြသူများအထူးသတိထားကြပါ

    ပင်လယ်အတွင်း မည်သည့်အကြောင်းနှင့်မှသွားရောက်ခြင်းမပြုလုပ်ကြပါနဲ့

    အလွန်အန္တရာယ်ကြီးပါတယ်

    ၎င်းကောင်းရိုးတန်းနှင့် မိုင်၅၀ပတ်လယ်ဒေသတွေမှာ မိုးကြီးခြင်း လေပြင်းတိုက်ခတ်ခြင်းအန္တရာယ်များကြုံတွေ့ရနိုင်ပါတယ်

    ဘေးကင်းလုံခြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့အကြံပြုလိုက်ပါတယ်

    အားလုံးအန္တရာယ်ကင်းကြပါစေ

    issued time

    03/05/2023 10:27am(MMT)



    Mocha cyclone ⚠⚠⚠

    ၂၀၂၃ မေလ ၇ရက်နေ့မှ ၁၄ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်မှာcat 3အဆင့် မုန်တိုင်းကြီးဖြစ်ပေါ်လာနိုင်ပြီး မေလ ၁၀ရက်နေ့မှ ၁၂ရက်နေအတွင်း မြန်မာကမ်းရိုးတန်းနှင့်နီးကပ်စွာဖြတ်သန်းနိုင်ပြီး မြန်မာတစ်နိုင်ငံလုံးမှာမိုးများစွာရွာသွန်းနိုင်ပါတယ် မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်သဖြင့် အထူးသတိထားကြပါ

    ၁၂ရက်နေ့ ၁၃ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဘင်္ဂလာဒေချ့်နယ်စပ်ကနေကုန်းတွင်းရောက်နိုင်ပါတယ်

    ဒီကာလကို မုန်တိုင်းအန္တရာယ်အထူးသတိပြုကာလဟုသတ်မှတ်ပါတယ်

    အချိန်ပြည့်နီးပါးစောင့်ကြည့်ထောက်လှမ်းနေပြီး မုန်တိုင်းခန့်မှန်းချက်တွေကိုအချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါမယ် အများသိရှိကြိုတင်ပြင်ဆင်နိုင်ကြစေရန် share ပေးထားကြပါ ရက်ဝေးကြိုတင်သတိပေးခန့်မှန်းပြီးလည်းဖြစ်ပါတယ်

    issued time

    03/05/2023 3:18am(MMT)


    Mocha cyclone

    မိုချာမုန်တိုင်းသည် ၂၀၂၃ မေလ ၁၀ရက်နေ့မှ ၁၂ရက်နေ့အတွင်း အားအလွန်ကောင်းတဲ့မုန်းတိုင်းကြီးအဆင့်ထိဖြစ်နိုင်ပြီး အဆိုပါရက်များတွင် ဧရာဝတီကမ်းရိုးတန်းနှင့်ရခိုင်ကမ်းရိုးတန်းတွေအထိ မုန်တိုင်းဝန်းကျယ်ပြန့်သက်ရောက်မှာဖြစ်ပါတယ်

    ပင်လယ်အတွင်းငါးဖမ်းထွက်ခြင်း လှေသင်္ဘောများသွားရောက်ခြင်းမပြုလုပ်ကြပါနဲ့ အလွန်အန္တရာယ်ကြီးပါတယ် မုန်တိုင်းဝန်းအနီးကျရောက်တဲ့ဒေသတွေမှာလည်း မုန်တိုင်းမိုးတွေရွာခြင်းလေပြေးတိုက်ခတ်ခြင်းတွေကြုံတွေ့ရနိုင်ပါတယ်

    အားလုံးဘေးအန္တရာယ်ကင်းကြပါစေ

    update မုန်တိုင်းခန့်မှန်းချက်တွေကိုလည်းအချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါမယ်

    issued time

    02/05/2023 8:38am(MMT)


    မုန်တိုင်းမိုးတွေရွာမယ် 🌧🌧🌧🌧🌧🌧🌧🌧⛈⛈⛈

    ၂၀၂၃ မေလ ၁၀ရက်နေ့တွင်

    ဘင်္ဂလားပင်လယ်အော် andaman island ကျွန်းစုများအနီးတွင် CS အဆင့်ရှိ MOCHA CYCLONE မိုချာမုန်တိုင်းတစ်လုံးဖြစ်ပေါ်နိုင်ပြီး တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်းဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မုန်တိုင်းဦးမိုးတွေရွာလာနိုင်ပါတယ်

    ဆက်လက်ပြီး မုန်တိုင်းကိုအနီးကပ်စောင့်ကြည့်ထောက်လှမ်းကာအချိန်နှင့်တပြေညီခန့်မှန်းပေးသွားပါမယ်

    issued time

    03/05/2023 5:24pm(MMT)


    မုန်တိုင်းနှင့်အတူမုတ်သုန်လေ 🌧🌧🌧🌧🌧🌧🌧

    ဘင်္ဂလားပင်လယ်အော်တွင် ၂၀၂၃ မေလ ၈ရက် ၉ရက်နေ့များတွင် Mocha cyclone မုန်တိုင်းအဆင့်ဖြစ်နိုင်ပြီး တနင်္သာရီတိုင်းကိုမုတ်သုန်လေစတင်ဝင်ရောက်လာနိုင်ကာ ၁၂ရက်နေ့တွင် ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်တွေအထိ မုတ်သုန်လေရောက်ရှိလာနိုင်ကာ မေလ ၁၆ရက်နေ့တွင် ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ပဲခူးတိုင်းနှင့် နေပြည်တော်အထိပါရောက်ရှိလာစေနိုင်ပါတယ်

    issued time

    03/05/2023 3:45am(MMT)


    မိုးဦးလေဦး 🌧🌧🌧🌧🌧🌧 pre - monsoon

    ၂၀၂၃ မေလ ၃ရက်နေ့မှ ၇ရက်နေ့အတွင်း မြန်မာနိုင်ငံဒေသတော်တော်များများမှာ မုတ်သုန်ကြိုမိုးတွေရွာနိုင်ပါတယ် မုန်တိုင်းမိုးမဟုတ်သေးပါ မုန်တိုင်းဖြစ်ဖို့ low pressure တွေ စုဖွဲ့နေတုန်းကာလဖြစ်ပါတယ် နောက်၂၄နာရီမှ ၄၈နာရီအတွင်း ရပ်ဝန်းအဖြစ် invest name အမည်တတ်နိုင်လာပါလိမ့်မယ်

    ယခု မုတ်သုန်ကြိုမိုးရွာတဲ့အခါမှာတော့ လျှပ်စီးမိုးခြိမ်းခြင်းမိုးကြိုးပစ်ခြင်းရုတ်တရက်လေပြင်းတိုက်ခတ်ခြင်း မိုးသီးကြွေခြင်းစတဲ့အန္တရာယ်များရှိပါတယ်

    issued time

    02/05/2023 8:26am(MMT)



    မိုင်းရှူးလေမိုးလျှပ်စီးမိုးကြိုး မိုးသီး

    issued time

    03/05/2023 4:20pm(MMT)

    Su Su San

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2


  • article
likes16comments0
views224views7978