cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုချာမုန်တိုင်းမိုးသတိ

. ရာသီဥတု သတင်းများ
‼ဧရာဝတီတိုင်းမိုးကြီးလေထန်နိုင်
‼ရေလှိုင်းအမြင့် ၂၄ ပေ အထိမြင့်တက်နိုင်
‼လေတိုက်ခတ်နှုန်းမှာတစ်နာရီ၉၆မိုင် မှ
လေပြင်းတိုက်ချိန်တွင် ၁၁၀မိုင်အထိတိုက်ခတ်နိုင်
  • မိုချာမုန်တိုင်းမိုးသတိ ⚠🌧🌧🌧🌧🌧⚠⚠⚠

    ၂၀၂၃ မေလ ၁၂ရက်နေ့ညနှင့် ၁၃ရက်နေ့တွေမှာ ဧရာဝတီတိုင်းပဲခူးတိုင်းမန္တလေးတိုင်းစစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာမိုးများရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းမိုးကြီးရေလျှံနိုင်ပါတယ်

    မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက် ရခိုင်ရိုးမကိုမြစ်ဖျားခံတဲ့ ချောင်းများရေအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်သဖြင့် ၎င်းဒေသရှိဆည်တမံတူးမြောင်းများကြံခိုင်မှုရှိအောင်ကြိုတင်စိမံခန့်ခွဲလုပ်ဆောင်ထားကြပါလို့အကြံပြုလိုက်ပါတယ်

    04/05/2023 5:30am(MMT)


    MOCHA CYCLONE UPDATE မိုချာမုန်တိုင်း

    ၂၀၂၃မေလ ၁၁ရက်နေ့ ၁၂ရက်နေ့တွေမှာ ဧရာဝတီတိုင်း ဂေါ်ရင်ဂျီကျွန်းအနီးကို CAT-2 အဆင့်ရှိ မိုချာမုန်တိုင်းကြီးချဥ်းကပ်ရောက်ရှိလာနိုင်ပါတယ်ဧရာဝတီတိုင်းမိုးကြီးလေထန်နိုင်ပြီး ရန်ကုန်တိုင်း ပဲခူးတိုင်း နေပြည်တော် မကွေးတိုင်း မန္တလေးတိုင်းရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တောင်ပိုင်းတွေမှာ မုန်တိုင်းမိုးတွေရွာနိုင်ပါတယ်ဧရာဝတီတိုင်းအနောက်ဖက်ပင်လယ်ပြင်မှာ ရေလှိုင်းအမြင့် ၂၄ ပေ အထိမြင့်တက်နိုင်ပြီး လေတိုက်ခတ်နှုန်းမှာတစ်နာရီ၉၆မိုင် မှ

    လေပြင်းတိုက်ချိန်တွင် ၁၁၀မိုင်အထိတိုက်ခတ်နိုင်ပါတယ် အဆိုပါရက်အတွင်း ချောင်းသာငွေဆောင် ငပလီ ခရီးသွားရောက်ခြင်းမပြုလုပ်သင့်ပါဘူး

    Update မိုချာမုန်တိုင်းခန့်မှန်းချက်များကိုအချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါမယ်

    issued time

    04/05/2023 4:19am(MMT)



    မုန်တိုင်းမိုးတွေရွာမယ် 🌧🌧🌧🌧🌧🌧🌧🌧⛈⛈⛈

    ၂၀၂၃ မေလ ၁၀ရက်နေ့တွင်

    ဘင်္ဂလားပင်လယ်အော် andaman island ကျွန်းစုများအနီးတွင် CS အဆင့်ရှိ MOCHA CYCLONE မိုချာမုန်တိုင်းတစ်လုံးဖြစ်ပေါ်နိုင်ပြီး တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်းဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မုန်တိုင်းဦးမိုးတွေရွာလာနိုင်ပါတယ်

    ဆက်လက်ပြီး မုန်တိုင်းကိုအနီးကပ်စောင့်ကြည့်ထောက်လှမ်းကာအချိန်နှင့်တပြေညီခန့်မှန်းပေးသွားပါမယ်

    issued time

    03/05/2023 5:24pm(MMT)


    Mocha cyclone update

    မေလ ၁၁ရက်နေ့ ၁၂ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုချဥ်းကပ်ရောက်ရှိနိုင်ပြီး မြန်မာ ဘင်္ဂလားဒေချ် နယ်စပ်ကကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ECMWF MODEL ကြီးက ခန့်မှန်းပေးလာပါတယ်

    ကြိုတင်သိရှိ မုန်တိုင်းအန္တရာယ်မှကာကွယ်ကြိုတင်နိုင်ကြစေရန်အတွက် မျှဝေလိုက်ပါတယ်

    issued time

    03/05/2023 2:48pm((MMT)


    မုန်တိုင်းမိုးတွေရွာမယ်လေ

    🌧🌧🌧🌧🌧🌧🌧🌧🌧

    ဘင်္ဂလားပင်လယ်အော် andaman Island ကျွန်းစုများအနီးတွင် ၂၀၂၃ မေလ ၉ရက်နေ့ ၁၀ရက်နေ့ ၁၁ရက်နေ့တွေမှာ SCS အဆင့်ရှိ MOCHA CYCLONE မုန်တိုင်းကြီးတစ်လုံးဖြစ်လာနိုင်ပြီး မေလ ၁၀ရက်နေ့မှ ၁၂ရက်နေ့အတွင်း မိုချာမုန်တိုင်းညာဖက်လေပင့်တင်အား အထက်လေစီးကြောင်းများမှနေပြီး တနင်္သာရီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ရန်ကုန်တိုင်းဧရာဝတီတိုင်းရခိုင်ပြည်နယ်တောင်ပိုင်း ပဲခူးတိုင်းမကွေးတိုင်း မန္တလေးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ် ရှမ်းပြည်နယ်မန္တလေးတိုင်းဒေသတွေရဲ့အထက်လေစီးကြောင်းများမှ မိုးတိမ်များရောက်ရှိလာကာ မုန်တိုင်းမိုးတွေရွာသွန်းပါလိမ့်မယ် မေလ ၁၃ရက်နေ့မှာတော့ အဆိုပါဒေသတွေအပြင် ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေကိုပါ မုန်တိုင်းမိုးတွေရွာနိုင်ပါတယ်

    မိုချာမုန်တိုင်းဘယ်နေရာမှကုန်းတွင်းဝင်ရောက်နိုင်တယ်ဆိုတာကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေ စောင့်ကြည့်ထောက်လှမ်းပြီး weather data အချက်အလက်များဝယ်ယူကာသေချာစိစစ်တွက်ချက်နေပါတယ်မကြာမှိအချိန်အတွင်းမှာ ခန့်မှန်းပေးသွားပါမယ်

    issued time

    04/05/2023 9:35am(MMT)

    Su Su San

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2


  • article
likes59comments9
views1148views14128