cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပစ္စည်းရှားပါးမှုကြောင့် မြေပဲမျိုးဆန်ဈေးကောင်း

. ဈေးကွက်
မျိုးမြေပဲဆန် အဖြူ ၁၆ ပိဿာတစ်တင်းကို ငွေကျပ်တစ်သိန်းနှစ်သောင်း၊ မျိုးမြေပဲဆန် အနီ ၁၆ ပိဿာတစ်တင်းကို တစ်သိန်းသုံးသောင်းကျပ် ပေါက်ဈေးရှိတယ်
  • မကွေးမြို့မှာ ပစ္စည်းရှားပါးမှုကြောင့် မြေပဲမျိုးဆန်တစ်တင်းကို ကျပ်တစ်သိန်းကျော်အထိ ဈေးပေါက်နေတယ်လို့ မကွေးမြို့ မြေပဲမျိုးဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။ မကွေးမြို့နယ်အတွင်းက တောင်သူတွေ အနေနဲ့ မြေပဲ၊ နှမ်းတွေကို စီးပွားဖြစ်စိုက်ပျိုးကြတာဖြစ်ပါတယ်။ အခုမေလအတွင်း မိုးဦးကျ မိုးတွေရွာသွန်းလာရင် မိုးဦးမြေပဲနဲ့ မိုးဦးနှမ်းတွေကို စိုက်ပျိုးကြမှာလည်းဖြစ်ပါတယ်။

    မြေပဲကို အဖြူ၊ အနီ နှစ်မျိုး စိုက်ပျိုးကြတာဖြစ်ပြီး မျိုးမြေပဲဆန် အဖြူ ၁၆ ပိဿာတစ်တင်းကို ငွေကျပ်တစ်သိန်းနှစ်သောင်း၊ မျိုးမြေပဲဆန် အနီ ၁၆ ပိဿာတစ်တင်းကို တစ်သိန်းသုံးသောင်းကျပ် ပေါက်ဈေးရှိတယ်လို့ မကွေးမြို့က မြေပဲဆန်မျိုး ရောင်းဝယ်သူ ကိုထိန်လင်းအောင်ကပြောပါတယ်။

    မကွေးမြို့နယ်အတွင်းက တောင်သူတွေအနေနဲ့ အရင်က မြေပဲကို ၃ လ ပဲနဲ့ ၆ လ ပဲ နှစ်မျိုးစိုက်ပျိုးလေ့ရှိကြရာ အခုအချိန်မှာတော့ ၃ လ ပဲကိုသာ အဓိကစိုက်ပျိုးကြပြီး ၆ လ ပဲကို စိုက်ပျိုးသူ မရှိသလောက်နည်းပါးသွားတယ်လို့ ဆိုပါတယ်။ မကွေးမြို့ရဲ့ မြေပဲ၊ နှမ်း ရောင်းဝယ်ရေး ဈေးတွေကို မန္တလေးဈေးကွက်နဲ့ နှိုင်းယှဉ်ချိန်ဆပြီး အရောင်းအဝယ်ပြုလုပ်ကြတာလို့ သိရပါတယ်။

    ဤဆောင်းပါးကို One News Myanmar မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes20comments0
views198views2652