cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှမ်းဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ

. ပိုးမွှား
နွေနှမ်းစိုက်တောင်သူဦးကြီးများ လေ့လာမှတ်သားနိုင်စေရန် ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများကို တစ်စုတစ်စည်းတည်း တင်ပြလိုက်ရပါသည်။
  • ၁။ နှမ်းဖြုတ်ညို

    မိုးနှမ်းတွင် မိုးဦးဇွန်လတွင်ကျရောက်လေ့ရှိပါသည်။ အကောင်ငယ်နှင့်အကောင်ကြီးများပါ အရွက်များ၏ အောင်မျက်နှာပြင်တွင်နေသည်။ ဖြုတ်ပိုးစုပ်စားမှုကြောင့် အပင်ကို ထိခိုက်ပျက်စီးမှု မရှိသော်လည်း နှမ်းဖိုဖြစ်စေသော ရောဂါဖြစ်စေသက်ရှိကို သယ်ဆောင်သောကြောင့် နှမ်းဖိုရောဂါဖြစ်၍ နှမ်းအထွက်ကို ထိခိုက်စေပါသည်။

    လန်ဒါဆိုင်ဟေလိုသရင်+အဆီတာပီပရစ်၊ ပိုင်မီထရိုဇင်း+နိုင်တမ်ပိုင်ရမ်၊ သိုင်ရာမီသိုဇမ်၊ဖီနိုဗျူကပ်+ဆိုက်ပါမီသရင် စတဲ့ ဆေးအဆိပ်တွေကို အသုံးပြုနှိမ်နင်းနိုင်ပါသည်။

    ၂။ နှမ်းရွက်လိပ်ပိုး

    မိုးနှမ်းစိုက်ခင်းများတွင် မိုးပြတ်သောဇူလိုင်လတွင် ကျရောက်လေ့ရှိပြီး ဆောင်းနှမ်းများ ရာသီအစောပိုင်း၌ ကျရောက်တတ်ပါသည်။ နှမ်းတစ်မျိုးတည်းတွင် ကျသည်။ နှမ်းသီးတောင့်မပေါ်မီ၊ ဥမှပေါက်လာသော လောက်ကောင်သည်အပင်ထိပ်ရှိ အရွက်နုများကိုစားသည်။ တစ်ခါတစ်ရံ ပင်စည်နှင့် အသီးထဲသို့ ထိုးဖောက်စားသည်။ နောက်ဆုံးအဆင့်တွင် ပိုးချည်မျှင်ဖြင့် စုချည်ပြီးအတွင်း၌စားပြီး အသီးအပွင့်များကို ဖျက်ဆီးကြသည်။ ပြင်းထန်စွာကျရောက်ပါက အပင်ထိပ်ရှိ အရွက်များ လောင်ကျွမ်းသွားသည်ကို တွေ့ရှိရပါသည်။ အသီးပေါ်လာကအသီးထဲတွင် စားသောက်ဖျက်ဆီး၍ အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။

    လန်ဒါဆိုင်ဟေလိုသရင်၊အီမာမက်တင် ဘန်ဇိုအိတ်၊အင်ဒိုဇာကပ်(ဘ) စတဲ့ ဆေးအဆိပ်တွေအသုံးပြုနှိမ်နင်းနိုင်ပါသည်။

    ၃။နှမ်းသီးလုံးဖောက်ပိုး

    နှမ်းစိုက်ပျိုးချိန်ရာသီတလျောက်လုံးတွင် ကျရောက်ဖျက်ဆီးပါသည်။ပေါက်ကာစလောက်ကောင်သည် နှမ်းသီးနုတောင့်များအတွင်း စားသောက်ဖျက်ဆီးလေ့ရှိပါသည်။ လောက်ကောင်အရွယ်အစားကြီးထွားလာသောအခါ အခြားနှမ်းသီးတောင့်များအတွင်းသို့ ထိုးဖောက်၍စားသောက်ပါသည်။အသီးများဆက်လက်မကြီးထွားဘဲ၊ နှမ်းသီးအတွင်းသားများ ပျက်စီးနေသည်။

    လန်ဒါဆိုင်ဟေလိုသရင်၊အီမာမက်တင် ဘန်ဇိုအိတ်၊အင်ဒိုဇာကပ်(ဘ) စတဲ့ ဆေးအဆိပ်များအသုံးပြုနှိမ်နင်းနိုင်ပါသည်။

    ၄။နှမ်းဖလံ

    မိုးဦးကျဇွန်လမှ အောက်တိုဘာလထိ ကျရောက်တတ်ပါသည်။ ဥမှပေါက်စလောက်ကောင်မှ နောက်ဆုံးဆင့်လောက်ကောင်ထိ အရွက်များကို ကိုက်ဖြတ်စားသောက်လေ့ရှိပါသည်။တစ်ခါတစ်ရံ ရွက်ရိုးသာကျန်ခဲ့သည်။

    လန်ဒါဆိုင်ဟေလိုသရင်၊ အီမာမက်တင် ဘန်ဇိုအိတ်၊ အင်ဒိုဇာကပ်(ဘ) စတဲ့ ဆေးအဆိပ်များအသုံးပြုနှိမ်နင်းနိုင်ပါသည်။

    ၅။ ရွက်စုံစားခူ

    နှမ်းပင်သက်တမ်းတလျောက်လုံးတွင် ကျရောက်တတ်သည်။ တစ်ချို့နှစ်တွင် သာမညဖြစ်၍ တချို့နှစ်တွင် ဆိုးရွားစွာကျရောက်တတ်သည်။ ဥမှပေါက်ခါစပိုးလောက်ကောင်သည် အရွက်ကိုခြစ်စားသည်။ အရွက်မှာအစိမ်းရောင်ပျောက်ပြီး ဝါကုန်သည်။ ပိုးလောက်ကောင်ကြီးများသည် အရွက်များကို ကိုက်ဖြတ်စားသဖြင့် အရွက်များစုတ်ပြတ်နေပြီး၊ အချို့အရွက်များမှာ ရိုးတံသာကျန်သည်။ အရွက်ပေါ်တွင် ပိုးမစင်များကို တွေ့နိုင်သည်။

    လန်ဒါဆိုင်ဟေလိုသရင်၊ အီမာမက်တင် ဘန်ဇိုအိတ်၊ အင်ဒိုဇာကပ်(ဘ) စတဲ့ ဆေးအဆိပ်များကို အသုံးပြုနှိမ်နင်းနိုင်ပါသည်။

    ၆။နှမ်းကျိုင်းနက်

    မိုးနှမ်းများတွင် ဇွန်လမှ စက်တင်ဘာလအတွင်း ကျရောက်လေ့ရှိသည်။ ကျိုင်းကောင်ကြီးသည် အရွက်များကိုကိုက်စားသည်။ အရွက်သားများကုန်ပြီး အရိုးသာကျန်ခဲ့သည်။ ညပိုင်းတွင်ထွက်စားလေ့ရှိသည်။ အရွက်များကို တိတိကျကျကိုက်သည်။ အရွက်သေးလျှင် အရွက်ဘေးနားတွင် အကွင်းလိုက်ပြတ်နေသည်။

    အဆီဖိတ်၊ ပရိုဖီနိုဖော့(စ) စတဲ့ဆေးအဆိပ်များဖြင့် အရွက်ကိုက်ဖြတ်ခံရမှုများကို ကာကွယ်နိုင်ပါသည်။

    ၇။နှမ်းစေ့စုပ်ဂျပိုး

    နှမ်းသီးချိန်မှ ရိတ်သိမ်းချွေလှေ့ချိန်ထိကျရောက်ပါသည်။ များစွာသောအရွယ်ရောက်ကောင်ကြီးများသည် နှမ်းသီးများကို စု‌ပေါင်းစုပ်စားကြပြီး နှမ်းနယ်လှေ့သည့် အချိန်ထိဆက်လက်ဖျက်ဆီးသည်။ အချို့မှာ နှမ်းသိုလှောင်ခန်းထိ ဆက်လက်ဖျက်ဆီးသည်။

    သိုင်ရာမီသိုဇမ်၊ လန်ဒါဆိုင်ဟေလိုသရင်၊ ပရိုဖီနိုဖော့(စ) ဆေးအဆိပ်များနဲ့ နှိမ်နင်းနိုင်ပါသည်။

    ကိုးကား-သီးနှံကာကွယ်ရေးဌာနခွဲ 


  • article
likes10comments0
views263views3221