cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိန္ဒိယနဲ့တရုတ် အဝယ်ကြောင့် ပဲနှမ်းဈေးကောင်းနေ

. ဈေးကွက်
အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကြောင့် ပြည်တွင်းပဲနှမ်းတွေ ဈေးကောင်းရနေတယ်လို့ မန္တလေးပဲနှမ်းဈေးကွက်မှ သိရပါတယ်။

  • “ပြီးခဲ့တဲ့နှစ်ထက်စာရင် အိန္ဒိယပို့ကုန်ပဲတွေဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ မြေထောက်ပဲနဲ့ ကုလားပဲတွေက ဈေးကောင်းနေတယ်။ အိန္ဒိယရဲ့လိုအပ်ချက်အပြင် ဒီနှစ်မှာ ဖောက်သည်နိုင်ငံတွေရဲ့ ဝယ်ယူမှုကလည်း များလာတယ်။ ပြီးတော့ နှမ်းဆိုရင်လည်း တရုတ်ဘက်က အဝယ်လိုက်နေတယ်။ လက်ကျန်နှမ်းကလည်းရှားပြီးတော့ ဈေးကွက်လိုအပ်ချက်မြင့်နေတော့ အရည်အသွေးကောင်းရင် ကောင်းသလို ဈေးကောင်းရပါတယ်”လို့ ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။

    လက်ရှိ မန္တလေးဈေးကွက်မှာဆိုရင် အိန္ဒိယဈေးကွက်ဝင်ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲသုံးတင်းဝင်တစ်အိတ်ကို ၂၁၅၀၀၀ ကျပ် ၊ ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်ကို ၂၃၅၀၀၀ ကျပ်၊ ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်ကို ၂၀၀၀၀၀ ကျပ်၊ မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်ကို ၂၉၅၀၀၀ ကျပ်၊ ကုလားပဲ သုံးတင်းဝင်တစ်အိတ်ကို ၂၁၅၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့နှစ်ကာလတူက မတ်ပဲ တစ်အိတ် ငွေကျပ် ၁၅၀၀၀၀၊ ပဲစင်းငုံ တစ်အိတ်ကို ၁၃၅၀၀၀ ကျပ်၊ ပဲတီစိမ်း တစ်အိတ်ကို ၁၂၀၀၀၀ ကျပ်၊ မြေထောက်ပဲ တစ်အိတ်ကို ၁၄၅၀၀၀ ကျပ်၊ ကုလားပဲ တစ်အိတ်ကို ၁၃၅၀၀၀ ကျပ်ဖြစ်ခဲ့ပြီး မတ်ပဲ ၆၅၀၀၀ ကျပ်၊ ပဲစင်းငုံ ၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်း ၈၀၀၀၀ ကျပ်၊ မြေထောက်ပဲ ၁၅၀၀၀၀ ကျပ်၊ ကုလားပဲ ၈၀၀၀၀ ကျပ်စီ ဈေးနှုန်း မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

    နှမ်းဈေးဟာဆိုရင်လည်း မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် တရုတ်နိုင်ငံဘက်က ဝယ်လိုအားတွေကြောင့် ဈေးနှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

    လက်ရှိ ဈေးကွက်ထဲ နှမ်းဝင်ရောက်မှုဟာဆိုရင်လည်း ယခင်က တစ်ရက်ကို ပျမ်းမျှကား ၁၀ စီးလောက်ဝင်ရာကနေ တစ်ဝက်လောက်တောင်အဝင်မရှိတော့ဘူးလို့ ရန်ကုန်ဘုရင့်နောင်ပွဲရုံက ပိုင်ရှင်တစ်ဦးကပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်က ၄၅ ပိဿာဝင် နှမ်းတစ်အိတ်ကို ငွေကျပ် တစ်သိန်းခွဲဝန်းကျင်ရှိရာမှ လက်ရှိ ကျပ် သုံးသိန်းဝန်းကျင်ထိ ဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာနေတာလို့ သိရပါတယ်။

    ဤသတင်းကို MyanmaPlatform မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments1
views83views2215