cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခရမ်းချဉ်‬ စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
မူရင်း⁠ဒေသ‬‬

⁠တောင်အ⁠မေရိကတိုက်၊ ပီရူး⁠နိုင်ငံ

အမျိုးအစား

ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖို⁠ချောင်သုံး Table type , Cherry type ⁠နှင့် processing type ဟူ၍ ခွဲ⁠ခြားစိုက်ပျိုး⁠လေ့ရှိပါသည်။
  • အရိုင်းမျိုးမှာ အချဉ်ဓာတ်ပါဝင်မှု ⁠မြင့်မား⁠ပြီး အသီးအရွယ်အစား⁠သေး⁠ခြင်း၊ အခွံပါး⁠ခြင်း⁠နှင့် အ⁠စေ့ပါဝင်မှုများ⁠ပြား⁠ခြင်း ရာသီဥတုဒဏ်( အပူချိန်⁠မြင့်မားမှု) ကို ပိုမိုခံ⁠နိုင်ရည်ရှိ⁠ခြင်း ⁠ရောဂါဒဏ်ခံ⁠နိုင်မှုရှိ⁠ခြင်း⁠ကြောင့် မျိုးစပ်⁠ခြင်းလုပ်ငန်းတွင် များစွာအသုံးဝင်ပါသည်။


    မီဖိုး⁠ချောင်သုံး⁠နှင့် Table Type ခရမ်းချဉ်သီးများမှာ အလုံးအရွယ်အစားအသင့်အတင့်မှ ⁠ကြီးမား⁠ပြီး အ⁠စေ့ပါဝင်မှု နည်းပါးသည်။ အနည်းငယ်⁠အေး⁠သော ⁠ဒေသများတွင် ပို၍ စိုက်ပျိုး⁠ဖြစ်ထွန်းမှု အား⁠ကောင်းပါသည်။


    Cherry tomato ခရမ်းချဉ်သီးတွင် အချိုဓါတ်ပါဝင်မှု ⁠မြင့်မားပါသည်။ စက်ရုံးသုံးခရမ်းချဉ်သီးမျိုးမှာ အခွံထူ အ⁠နှစ်များ⁠ပြီး အသီးရင့်မှည့်ချိန် ညီညာမှုရှိသည့်အတွက် စက်⁠ဖြင့် အလွယ်တကူရိတ်သိမ်း⁠နိုင်ပါသည်။


    အပင်ပုံသဏ္ဍန်


    (က) တိုင်⁠ထောင်မျိုး(Indeterminate)

    အပင်⁠ကြီးထွားပုံမှာ အဖျားတွင် အညွန့်⁠နှင့် အဆုံးသတ်⁠လေ့ရှိသည်။ ပန်းခိုင်တစ်ခု⁠နှင့် တစ်ခု⁠ကြားတွင် အဆစ်(၂) ဆစ်မှ အထက်ရှိသည်။ ⁠ပြုစု⁠စောင့်⁠ရှောက်မှု⁠ကောင်းပါက တစ်⁠နှစ်ခံ⁠ပင်အ⁠ဖြစ် စိုက်ပျိုး⁠နိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်⁠ထောင်၊ တန်းပစ်၊ ⁠ကြိုးချည်၊ အတက်ဖဲ့⁠ခြင်း လုပ်ငန်းများ မှန်မှန်⁠ဆောင်ရွက်ရန် လိုအပ်ပါသည်။

    (ခ) တိုင်လွတ်မျိုး( Determinate)

    အပင်⁠ကြီးထွားပုံမှာ အဖျားတွင် ပန်းခိုင်⁠နှင့် အ⁠မြဲတမ်း အဆုံးသတ်⁠လေ့ရှိသည်။ ပန်းခိုင်တစ်ခု⁠နှင့်တစ်ခု⁠ကြားတွင် အဆစ်(၃) ဆစ်သာ ရှိသည်။ စက်ရုံသုံးခရမ်းချဉ်သီးအားလုံး ဤအုပ်စု⁠အောက်တွင်ပါဝင်⁠ပြီး မိုးလွတ်ကင်း⁠သော ⁠ဆောင်း⁠နှင့် ⁠နွေဥတုတွင် စိုက်ပျိုးသည်။


    စိုက်ပျိုးသည့်⁠ဒေသ


    အပူပိုင်း⁠ဒေသ⁠နှင့် သမ⁠နွေပိုင်းဒေသတွင် ⁠ကောင်းမွန်စွာ စိုက်ပျိုး⁠ဖြစ်ထွန်းသည်။ ⁠မြန်မာ⁠နိုင်ငံအ⁠နေ⁠ဖြင့် မ⁠န္တ⁠လေးတိုင်း၊ စစ်ကိုင်းတိုင်း⁠နှင့် ရှမ်း⁠ပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုး⁠ကြပါသည်။ သမ⁠နွေးပိုင်းရာသီဥတုရှိသည့် ရှမ်း⁠ပြည်နယ်တွင် တစ်⁠နှစ်ပတ်လုံးစိုက်ပျိုး⁠နိုင်သည်။

    မြေနှင့်ရာသီဥတု

    ⁠နွေးသောသီဥတုကို ⁠ကြိုက်⁠နှစ်သက်သည်။ နံနက်ပိုင်းအပူချိန် (၁၅) ဒီဂရီစင်တီဂရိတ်တွင် ပန်းပွင့်မှုမှာ အ⁠ကောင်းဆုံး⁠ဖြစ်သည်။ ညဘက်တွင် အလွန်ခြောက်⁠သွေ့ပူ⁠ပြင်း⁠ပြီး အပူချိန် (၁၃) ဒီဂရီစင်တီဂရိတ်ထက် နိမ့်ကျလျှင်လည်း⁠ကောင်း၊ (၃၂) ဒီဂရီစင်တီဂရိတ်ထက် ⁠မြင့်လျှင်လည်း⁠ကောင်း၊ ခရမ်းချဉ်အပွင့်များ မျိုးမ⁠အောင်အသီးမတင်⁠ဖြစ်ရမည်။ ပူလွန်း⁠ခြင်း၊ ⁠အေးလွန်း⁠ခြင်းစသည့် လွန်ကဲ⁠သော ရာသီဥတုအ⁠ခြေအ⁠နေမျိုးတွင် အပင်ကို ⁠သေ⁠စေ⁠နိုင်သည်။ ပျှမ်းမျှအပူချိန် (၁၈-၁၅) ဒီဂရီစင်တီဂရိတ်ရရှိလျှင် အပင်⁠ဖြစ်ထွန်းမှု အ⁠ကောင်းဆုံး ⁠ဖြစ်ပါသည်။


    ခရမ်းချဉ်ကို ⁠မြေအမျိုးအစားများစွာတွင် စိုက်ပျိုး⁠ဖြစ်ထွန်း⁠နိုင်သည်။ အသင့်⁠တော်ဆုံးမှာ ⁠နုန်း⁠မြေ ⁠နှင့် ⁠နုန်းစနယ်မြေ ⁠ဖြစ်ပါသည်။ ⁠ရေဝပ် ⁠သော⁠မြေကို လုံးဝ⁠ရှောင်ကျဉ်ရမည်။ ⁠မြေအချဉ်အငံဓါတ် (၅.၅-၇.ဝ) တွင် အ⁠ကောင်းဆုံး⁠ဖြစ်သည်။ ⁠မြေအချဉ်ငံဓါတ်(၅.၅) ထက် နိမ့်ကျ ပါက ထုံးထည့်၍ စိုက်ပျိုးရန် လိုအပ်ပါသည်။


    အသီးပုံသဏ္ဍန်


    Deep globe, Oblate, Rectangular ⁠နှင့် Plum ဟူ၍ ခွဲ⁠ခြား⁠နိုင်ပါသည်။ အသီးညှာတွင် အစိမ်းရစ်ပါ⁠သောမျိုး (Green Shoulder) ⁠နှင့် မပါ⁠သောမျိုးဟူ၍ ⁠ပေါ်လွင်စွာ ခွဲ⁠ခြား⁠လေ့ရှိပါသည်။ အသီးထိပ်တွင် (Pointed, Semi-pointed, Smooth ⁠နှင့် Sink) ဟူ၍ (၄) မျိုး ခွဲ⁠ခြားထားပါသည်။ အသီး⁠ရောင်အ⁠နေ⁠ဖြင့် အနီ၊ ပန်း⁠ရောင် ⁠နှင့် အဝါ ဟူ၍ အုပ်စု(၃) ခု ခွဲ⁠ခြားထားပါသည်။


    ပျိုး⁠ထောင်⁠ခြင်း


    စနစ်တကျ⁠ပြု⁠ပြင်ထား⁠သော ပျိုး⁠ဘောင်တွင် တစ်တန်း⁠နှင့် တစ်တန်း (၂) လက်မ⁠ခြား စိုက်တန်းများ ဖြောင့်တန်းစွာစွဲ၍ တစ်⁠စေ့⁠နှင့်တစ်⁠စေ့ လက်မဝက်⁠ခြားစီ မျိုး⁠စေ့တန်းချကာ ⁠မြေဆွေးမှုန့်⁠ဖြင့် ခပ်ပါးပါးဖုံးအုပ်⁠ပေးရန် လိုသည်။ ⁠ပြီးလျှင် ⁠ရေဝ⁠အောင်⁠လောင်း⁠ပေး၍ ⁠ကောက်ရိုး၊ ⁠မြက်⁠ခြောက်၊ သက်ကယ်(သို့မဟုတ်) စပါးခွံ⁠ဖြင့် ခပ်ပါးပါးဖုံးအုပ်⁠ပေးရန် လိုသည်။ ခရမ်းချဉ်ပျိုး⁠ဘောင်တွင် ⁠ရောစပ်ရမည့် ⁠မြေအချိုး⁠နှုန်း မှာ လယ်⁠မြေ⁠နှစ်ဆ မြေ⁠ဆွေးတစ်ဆ⁠နှုန်း ⁠ဖြစ်ပါသည်။ ⁠ရေ⁠လောင်း⁠ခြင်းကို နံနက်ပိုင်းတွင်သာ ⁠ဆောင်ရွက်၍ ပိုးမွှား⁠ရောဂါအ⁠ခြေအ⁠နေကို စဉ်ဆက်မ⁠ပြတ် ⁠ကြည့်ရှုစစ်⁠ဆေး⁠ပေးရန် လိုသည်။


    ရာသီလွန်အခါမဲ့ (Off-season) စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ်မျိုး⁠စေ့များကို( ၂.၅’×၁×၅’) အရွယ် ပျိုး⁠သေတ္တာများတွင် အသင့်⁠ရောစပ်⁠ပြီး ⁠မြေ⁠ဆွေးများထည့်၍ အထက်⁠ဖော်⁠ပြပါ အကွာအ⁠ဝေးအတိုင်း အတန်းလိုက်တစ်⁠စေ့⁠ခြင်း စီချကာ ပျိုး⁠ထောင်ရန် လိုအပ်ပါသည်။


    အပင်⁠ပေါက်⁠ပြီး (၁၀-၁၅) ရက်သား ရွက်မှန် (True Leaf) (၂) ရွက်ထွက်ချိန်တွင် (၄) လက်မ ထိပ်ဝအချင်းရှိ⁠သော ပလတ်စတစ်အိတ် သို့မဟုတ် ပျိုးခွက်များတွင် ⁠ရွေ့ပြောင်းစိုက်ပျိုးရန် လိုအပ်ပါသည်။ အဆိုပါ ပျိုးခွက်အတွင်းရက် (၂၀-၂၅) ရက်ထားရှိကာ ထာဝရစိုက်ခင်း သို့ ⁠ရွေ့ပြောင်းစိုက်ပျိုး⁠နိုင်ပါသည်။


    ပျိုး⁠ဘောင်⁠ဖြင့် ပျိုး⁠ထောင်ထားပါက ပျိုး⁠လောင်⁠ပေါ်တွင် (၄×၂) ⁠ပေ အကွာထား၍ ပျိုး⁠ထောင်⁠ပြီး ပျိုးသက် (၃၀-၃၅) ရက်သားတွင် အစိုဓါတ် လုံ⁠လောက်⁠သော စိုက်ခင်းအတွင်းသို့ မွန်းလွဲည⁠နေပိုင်းည⁠နေခင်းများတွင် ⁠ရွေ့⁠ပြောင်းစိုက်ပျိုးနိုင်ပါသည်။


    မျိုး⁠စေ့⁠နှုန်း


    တစ်ဧကမျိုး⁠စေ့ (၁၀၀) ဂရမ်⁠နှုန်း၊ အပင် (၈၀၀၀ မှ ၁၀၀၀၀) အထိဝင်ဆန့်⁠အောင် စိုက်ပျိုးရမည်။


    ⁠မြေဩဇာနှုန်းထား


    ⁠နွား⁠ချေး၊ မြေဆွေး – ၈-၁၀ တန်

    ယူရီးယား (၅၀) ကီလို – ၂ အိတ်

    တီစူပါ (၅၀) ကီလို – ၂ အိတ်

    ပိုတက် (၅၀) ကီလို – ၃ အိတ်

    ⁠နွား⁠ချေး၊ တီစူပါ⁠နှင့် ပိုတက်ရှိတစ်ဝက်တို့ကို ⁠မြေပြု⁠ပြင်ချိန်တွင် ထည့်သွင်း၍ ကျန်⁠မြေဩဇာများကို အပင်လှန်ချိန်၊ ပန်းစတင်ပွင့်ချိန်၊ ပထမပန်းခိုင်အသီးတင်ချိန်၊ ပထမအ⁠ကြိမ် အသီးခူးဆွတ်ချိန်⁠နှင့် ဒုတိယအ⁠ကြိမ် အသီးဆွတ်ချိန်တွင် ထပ်မံထည့်သွင်းရန် လိုအပ်ပါ သည်။


    ⁠မြေပြုပြင်နည်း


    ⁠မြေအခြေအ⁠နေ⁠ပေါ်မူတည်၍ ထယ် (၂) စပ်မှ (၄) စပ်ထို⁠ပြီး ထွန်⁠ရေးညက်သည်အထိ (၁၆)သွား ထွန်ဝင်⁠ပေးရန်လိုအပ်ပါသည်။ ခရမ်းချဉ်အ⁠မြစ်သည် တည့်မတ်စွာ ⁠မြေအနက် (၃) ⁠ပေခန့်အထိ ဆင်း⁠နိုင်သည့်အတွက် ထယ်⁠ရေးနက်ရန်လိုအပ်သည်။ မိုးများ⁠ဒေသတွင် ⁠ရေမဝပ်⁠စေရန် ⁠ရေ⁠နှုတ်မြောင်းများလုပ်⁠ပေးရသည်။ ထွန်⁠ရေးညက်လျှင် ⁠ကြမ်းတုံးရိုက်၍ တစ်တန်း⁠နှင့်တစ်တန်း (၃) ⁠ပေ တစ်ပင်⁠နှင့်တစ်⁠ပေ (၂) ⁠ပေ⁠ခြား စိုက်ပျိုးရပါမည်။


    စိုက်ပျိုးနည်း


    ပျိုးသက် (၃၀ မှ ၃၅) ရက်သား (သို့မဟုတ်) ပျိုးပင်ရွက်မှန်အဆင့် (၆-၈) ရွက်တွင် စိုက်ခင်းသို့ ⁠ရွေ့⁠ပြောင်းစိုက်ပျိုးသည်။ မွန်းလွဲပိုင်း ⁠နေပူရှိန်စတင်ကျဆင်းချိန်တွင် ⁠ကြိုတင်⁠ရေ⁠လောင်းထား⁠သော ပျိုးခင်းမှ ပျိုးပင်က⁠လေးများကို လက်ထိုးတူရွှင်း⁠ဖြင့် အ⁠မြစ်မထိခိုက်⁠စေရန် တူးယူ⁠ပြီး အ⁠မြစ်ကို ⁠ပြောင်စင်⁠အောင် ⁠ရေ⁠ဆေးရမည်။ မစိုက်ပျိုး⁠သေး⁠သော ပျိုးပင်ငယ်များကို အရိပ်⁠အောက်တွင် အ⁠မြစ်⁠ရေ⁠နှစ်ကာ ထားရှိ ရန်လိုပါသည်။


    အပင်⁠ပြုစုနည်း


    ⁠ရွေ့⁠ပြောင်းစိုက်ပျိုး⁠ပြီး (၁၅) ရက်ခန့်အ⁠ကြာ အပင်လှန်ချိန်တွင် ပထမအ⁠ကြိမ် ခါးဆွ⁠မြေတောင်မြှောက်ပေး၍ မြေ⁠သြဇာ⁠ကျွေးရန် လိုအပ်ပါ သည်။ ယင်းအချိန်တွင် မိမိစိုက်ပျိုး⁠သော မျိုးအ⁠ပေါ်မူတည်၍ တိုင်⁠ထောင်မျိုးဆိုပါက လိုအပ်⁠သော အတက်ဖဲ့⁠ပေး⁠ခြင်း၊ တိုင်⁠တောင်တန်းပစ်၊ ⁠ကြိုးချည်⁠ပေး⁠ခြင်း⁠ပြုလုပ်ရမည်။


    ခရမ်းချဉ်အတက်ဖဲ့နည်းမှာ ပထမဆုံးထွက်ရှိလာ⁠သော ပန်းခိုင်⁠အောက်ရှိ အရွက်⁠ကြားမှ ⁠ပြူထွက်လာ⁠သော ⁠ဘေးတက်အား သီးကိုင်း အ⁠ဖြစ် ⁠မွေး⁠မြူချန်လှပ်ကာ ကျန်⁠အောက်ဖက်ရှိ ⁠ဘေးတက်အားလုံးကို ဖဲ့⁠ချွေ⁠ပေးရန် လိုအပ်ပါသည်။


    စိုက်ပျိုးထားရှိ⁠သော ခရမ်းချဉ်ပင်အား၊ ခရမ်းချဉ်သီး ⁠ဈေးကွက်အ⁠ခြေအ⁠နေအရလည်း⁠ကောင်း၊ မျိုး⁠စေ့ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှုအရ လည်း⁠ကောင်း၊ အပင်ပုံသွင်း⁠ပြုစုနည်းကို ( ၃) မျိုး ခွဲ⁠ခြား⁠ဆောင်ရွက်⁠နိုင်သည်။


    (က) ပင်စည်(၃) ကိုင်းထားရှိ⁠ခြင်း


    တစ်ပင်⁠နှင့်တစ်ပင် (၂) ⁠ပေ⁠ခြား စိုက်ပျိုးလျှင် သင့်⁠တော်ပါသည်။ အပင်လှန်⁠ပြီး (၁၅) ရက်သားတွင် မူလပင်စည်မှ ထွက်⁠သော ပန်းခိုင် ⁠အောက်မှကပ်လျက်⁠ဘေးတက်အား ဒုတိယပင်စည်(သီးကိုင်း)အ⁠ဖြစ် ⁠မွေး⁠မြူရပါမည်။ ၎င်း⁠အောက်ရှိ ⁠ဘေးတက်များအားလုံး ဖဲ့⁠ချွေပစ် ရပါမည်။ ပထမပင်စည်မှ ဖူးပွင့်လာ⁠သော ဒုတိယပန်းခိုင်⁠အောက်ရှိ အရွက်⁠ကြားမှ ထွက်လာ⁠သော ⁠ဘေးတက်မှ ဒုတိယပင်စည် (သီးကိုင်း) မှ ထွက်⁠သော ပထမပန်းခိုင်⁠အောက်မှ ကပ်လျက်တည်ရှိသည့် အရွက်⁠ကြားမှ ထွက်လာ⁠သော⁠ဘေးတက်(၂) ခုအား သန်စွမ်း ⁠ကြီးထွားမှု ⁠နှိုင်းယှဉ်⁠လေ့လာကာ ပိုမိုသန်စွမ်းသည့် ⁠ဘေးတက်ကို တတိယပင်စည်( သီးကိုင်း) အ⁠ဖြစ် ဆက်လက် ⁠မွေး⁠မြူချန်လှပ်ထား ရှိရပါမည်။


    ပင်စည်(၃) ကိုင်း⁠ပေါ်တွင် ထွက်ရှိလာ⁠သော ⁠ဘေးတက်မှန်သမျှ အားလုံး⁠ချွေပစ်⁠ခြင်းကို ပုံမန်⁠ဆောင်ရွက်⁠ပေးရန် လိုပါသည်။ ပင်စည် ( သီးကိုင်း) တစ်ခုစီ⁠ပေါ်တွင် ပန်းခိုင်(၄-၅) ခိုင်စီ ထွက်ရှိ⁠ပြီးပါက အဆိုပါ သီကိုင်း (၃) ခု စလုံးအား ⁠ခေါင်ညွန့်⁠နှိမ်⁠ပေးရမည်။


    (ခ) ပင်စည် (၂) ကိုင်း ထားရှိ⁠ခြင်း


    အထက်⁠ဖော်⁠ပြပါ ပင်စည်(၃) ကိုင်းထားရှိသည့် အပင်ပုံသွင်း⁠ပြုစုနည်းစနစ်အတိုင်း ⁠ဆောင်ရွက်၍ ဒုတိယပင်စည် (သီးကိုင်း)ရရှိ⁠ပြီးချိန် တွင် ပင်စည်( ၂) ကိုင်းလုံး⁠ပေါ်ရှိ ထွက်⁠ပြူလာသမျှ⁠သော ⁠ဘေးတက်များအားလုံးကို ဖဲ့⁠ချွေပစ်ရန် လိုအပ်ပါသည်။ ကိုင်း⁠ဖြတ်ပုံသွင်းနည်း စနစ်သည် သီး⁠နှံ⁠ဈေး⁠နှုန်း ⁠အေးချိန် ကျချိန်များတွင် သီးထွက်⁠နောက်ကျထွက်⁠စေရန် အချိန်ဆွဲ စိုက်ပျိုးနည်းစနစ်⁠ဖြစ်ပါသည်။


    (ဂ) ပင်စည်ထီးထီးထားရှိ⁠ခြင်း


    ခရမ်းချဉ်ပျိုးပင်များအား စိုက်ကွက်ထဲ့သို့ ⁠ရွေ့⁠ပြောင်းစိုက်ပျိး⁠ပြီး အပင်လှန်ချိန်တွင် စတင်၍ မူလပင်စည်(Main Stem) မှ ထွက်⁠ပြူလာ ⁠သော ⁠ဘေးတကများအားလုံး ဖဲ့⁠ချွှေပစ်၍ ပင်စည်သီးကိုင်းတစ်ခုတည်းထားရှိ စိုက်ပျိုး⁠သောစနစ်⁠ဖြစ်ပါသည်။ ဤနည်း⁠ဖြင့် ခရမ်းချဉ် ပင်တန်း အကွာအ⁠ဝေးကို (၂-၃) ⁠ပေအထိ စိုက်ပျို⁠နိုင်သည့်အတွက် တစ်ဧကတွင် မူလပင်စည်မှ ထွက်လာ⁠သော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ်သီး အရွယ်အစား⁠ကြီးမား⁠ခြင်း၊ အ⁠ရောင်အ⁠သွေး ပိုမိုစို⁠ပြေတောက်ပခြင်း စသည့် အကျိုးများစွာ ရရှိ⁠နိုင်ပါသည်။


    ⁠ရေသွင်းနည်း


    စိုက်⁠ဘောင်⁠ဖြင့် စိုက်ပျိုးပါက ⁠ရေ⁠လောင်းစနစ်၊ ⁠ရေ⁠ဖြန်းစနစ်(Sprinkler)၊ အစက်ချစနစ်(Drip irrigation) တို့ကို ⁠ဆောင်ရွက်⁠ခြင်း⁠ဖြင့် အပင်⁠ဖြစ်ထွန်းမှု ပိုမို⁠ကောင်းမွန်ပါသည်။


    ⁠မြောင်းဖြင့် ⁠ရေ⁠ပေးသွင်း စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ်ပင်များ ⁠ရွေ့⁠ပြောင်းစိုက်ပျိုး⁠ခြင်းမ⁠ပြုမီ ⁠ရေသွင်း ⁠မြောင်းမ ⁠နှင့် ⁠မြောင်းလက်တံများ လိုအပ်သလို ⁠ကြိုတင်⁠ပြု⁠ပြင်ထားရပါမည်။


    မိုးရာသီ စိုက်ပျိုးပါက ⁠ဘောင်⁠ဖော်စိုက်ပျိုးရန်⁠နှင့် ⁠ရေထုတ်⁠မြောင်းများ ⁠ကောင်းစွာ⁠ပြုလုပ်ထား⁠ပြီး၊ အ⁠ခြေအနေပေးပါက ပလပ်စတစ်စ⁠ဖြင့် ဖုံးအုပ်စိုက်ပျိုးရန် လိုအပ်ပါသည်။


    ပိုးမွှာ⁠ရောဂါကာကွယ်⁠ခြင်း


    ခရမ်းချဉ်ပျိုးခင်းတွင် အပင်⁠ပေါက်⁠ပြီး (၁၅) ရက်သားတစ်⁠ကြိမ် မ⁠ရွေ့ပြောင်းမီ (၂) ရက်ခန့်အလိုတွင် တစ်⁠ကြိမ် ပင်လုံး⁠ပြန့် သတ္တိရှိသည့် (Systemic Action) ပိုးသတ်⁠ဆေးများ⁠ဖြင့် ပက်ဖျန်းကာကွယ်⁠ပေးရန် လိုအပ်ပါသည်။ ၎င်းအချိန်တွင် မှိုသတ်⁠ဆေးများ⁠ဖြစ်သည့် Deconil, Topsim (၂၀၀ ဂရမ်/⁠ရေ (၄) လီတာ) ⁠နှုန်းကို ပိုးသတ်⁠ဆေး⁠နှင့် အတူ⁠ရောစပ်ပက်ဖျန်း⁠နိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိ⁠ရောဂါ (Damping Off) ကျ ⁠ရောက်တတ်သ⁠ဖြင့် အထက်ပါမှိုသတ်⁠ဆေးများ⁠ဖြင့် ပက်ဖျန်းကာကွယ်⁠နိုင်ပါသည်။


    စိုက်ခင်းတွင် အဓိကကျ⁠ရောက်⁠သောပိုးများမှာ (Thrip) ⁠လှေပိုး White fly ⁠နှင့် သီးလုံး⁠ဖောက်ပိုးများ ကျ⁠ရောက်တတ်ပါသည်။ ဒီစစ်ပိုးသတ်⁠ဆေး⁠ဖြင့် ကာကွယ်⁠နိုင်ပါသည်။ အဓိက ကျ⁠ရောက်သည့် ⁠ရောဂါမှာ ⁠လောင်မည်း⁠ရောဂါ (Late Blight) ⁠နှင့် (Early) တို့⁠ဖြစ်⁠ပြီး Ridomil, Mangozeb တို့⁠ဖြင့် ကာကွယ်⁠နှိမ်⁠နှင်း⁠နိုင်ပါသည်။


    ရိတ်သိမ်း⁠ခြင်း


    ခရမ်းချဉ်သီးအတွက် အသီးတင်ချိန်မှ ရင်မှည့်ချိန်အထိ သင့်⁠တော်မည့်အဆင့်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ ခရမ်းချဉ်သီးအစိမ်း⁠ရောင် မှ အစိမ်း⁠ဖျော့ ထိုမှတဆင့် အ⁠ဖြူ⁠ရောင်များလာချိန်တွင် ခူးဆွတ်ပါက အ⁠ဝေး⁠ဈေးကွက်သို့ တင်ပို့နိုင်⁠ပြီး၊ လမ်းခရီးတွင် အပျက်အစီး အဆုံးအရှုံး သက်သာမည် ⁠ဖြစ်ပါသည်။ ⁠ဒေသဝန်းကျင်⁠ဈေးတွင် စာပို့⁠ဆောင်⁠ရောင်းချမည်ဆိုပါက ဝမ်း⁠ပြင်အဆင့် အဝါ⁠ရောင်⁠ေ⁠ပြာင်းစ အသီးများကို ဆွတ်ခူး⁠ရောင်းချ⁠နိုင်ပါသည်။ မျိုး⁠စေ့ထုတ်ရန်အတွက်မူ အပင်⁠ပေါ်တွင် ⁠ကောင်းစွာရင့်မှည့်သည်အထိ ထားရန် လိုအပ်ပါ သည်။ စနစ်တကျစိုက်ပျိုးပါက ကုန်း⁠ေ⁠မြတွင် အထွက်⁠နှုန်း (၅၀၀၀-၈၀၀၀) ပိဿာ/တစ်ဧက ထွက်⁠နိုင်⁠ပြီး အင်း⁠လေ⁠ဒေသတွင် တစ်ဧက လျှင် ပိဿာချိန်(၁၀၀၀၀) ထွက်ရှိ⁠နိုင်ပါသည်။

    -----


  • article
likes10comments1
views159views2256