cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှမ်းအထွက်တိုးဖို့ ရောဂါများကို သတိပြုစို့

. ရောဂါ
၁။ နှမ်းရိုးမည်းရောဂါ



ရေဝပ်သော မိုးစိုက်နှမ်းခင်းများတွင် ကျရောက်တတ်ပါသည်။ နှမ်းပင်၏ ပင်ခြေပိုင်း၌ အညိုရောင်အနာကွက်ငယ် စတင်ဖြစ်ပေါ်သည်။
  • ရောဂါပြင်းထန်ပါက ရောဂါရအပိုင်းရှိ တစ်ရှူးသားများ ညိုမည်းလာပြီး အချို့မှာအနာချိုင့် ဖြစ်လာသည်။ အခေါက်များလည်း ဖွာလန်၍လာသည်။ ထို့ပြင်ယင်းတစ်ရှူးများတွင် ခပ်မည်းမည်းအဖုကလေးများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုအချိန်တွင် နှမ်းပင်ခြေရင်းပိုင်းမှာ လုံးဝမဲနက်ပြီး ပင်ပေါ်ပိုင်းလည်း အဝါရောင်ပြောင်းကာ ညှိုးစပြုလာသည်။ နောက်ဆုံး၌ တစ်ပင်လုံးမဲခြောက်၍ သေသွားသည်။ ရောဂါရနှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင်စုများတွေ့နိုင်သည်။ 


    ဘီနိုမိုင်း၊အဇိုဆီစထရိုဘင်၊မန်ကိုဇက်၊တက်ဗျူကိုနာဇိုးလ် စတဲ့ မှိုသတ်ဆေးများသုံး၍ ကာကွယ်နိုင်ပါသည်။ 


     


    ၂။ နှမ်းဖိုရောဂါ 


    ဖြုတ်ညိုကျရောက်မှုများပါက ဤရောဂါဖြစ်ပေါ်တတ်ပါသည်။ အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန်ကိုင်းများစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများ အစိမ်းရောင်ဖြစ်ခြင်းတို့ကို တွေ့မြင်နိုင်သည်။ နှမ်းခင်းအား အဝေးမှကြည့်ပါက ထိပ်ဖျားတွင် အထက်ပါလက္ခဏာများကြောင့် အဆုပ်လိုက်အဆုပ်လိုက် အပွင့်အရောင်မရှိဘဲ အစိမ်းရောင်ကို တွေ့မြင်နိုင်ပါသည်။ 


    ဖြုတ်ပိုးကို လန်ဒါဆိုင်ဟေလိုသရင်+အဆီတာမီပရစ်၊ ပိုင်မီထရိုဇင်း+နိုင်တမ်ပိုင်ရမ်၊ သိုင်ရာမီသိုဇမ် စတဲ့ ဆေးအဆိပ်တွေကို နှမ်းပင်ငယ်စဉ်မှာကတည်း နှိမ်နင်းသင့်ပါသည်။ 


    ၃။ နှမ်းရိုးပြောက်ရောဂါ 


    ပုံသဏ္ဍန်အတိအကျမရှိသော နီညိုရောင်ကွက်ပြောက်များကို အရွက်များပေါ်တွင်လည်းကောင်း၊ ပင်စည်နှင့်အမြစ်များပေါ်တွင်လည်းကောင်း ပျံ့ကြဲနေသည်ကိုတွေ့ရသည်။ရွက်ရိုးတံများ၊ ပင်စည်များ၊အသီးများပေါ်တွင်ရှိသော တစ်ရှူးသေကွက်များသည် ညိုနက်ရောင်သို့ပြောင်းသွားပြီး အချင်း ၂ စင်တီမီတာရှိ အကွက်ကြီးများဖြစ်လာသည်။ အရွက်များပေါ်တွင် တခါတရံ အဝိုင်းအပေါက်များဖြစ်ပြီး အရွက်များကြွေကျလေ့ရှိသည်။  


    ဘော်ဒိုဆေးရည်၊ကလိုရိုသာလိုနေး၊ မန်ကိုဇက် မှိုသတ်ဆေးများနှင့် နှိမ်နင်းနိုင်ပါသည်။ 


    ၄။ ဖိုင်တော့(ဖ်)သော်ရာပင်နာကျရောဂါ 


    နှမ်းပင်သက်တမ်းတစ်လျှောက်လုံးတွင် ဤရောဂါကျရောက်နိုင်သည်။ အရွက်များပေါ်တွင် ရေစိုနာကွက်ပျောက်လေးများစတင်ဖြစ်ပေါ်လာပြီး အရွယ်အစားကြီးမားလာကာ တစ်ရွက်လုံးပျက်စီးသွားစေသည်။ ရောဂါကွက်ပျောက်များသည် ပထမအညိုရောင်မှ အနက်ရောင်သို့ ပြောင်းလာသည်။ မြေမျက်နှာပင်အနီးရှိ ပင်စည်အခြေတွင် အမဲရောင်အနာကွက်များဖြစ်နေသော ရောဂါကျအပင်များကို ကွင်းထဲတွင်ထင်ရှားစွာ တွေ့နိုင်သည်။ အသီးတင်မှုကျဆင်းသွားစေသည်။ အစေ့များမှာ လိမ်ခြောက်၍ ညိုမဲသွားသည်။ 


    ဘော်ဒိုးဆေးရည်၊မန်ကိုဇက်၊ ကော့ပါးဟိုက်ဒရောက်ဆိုက်၊ဆိုင်မောက်ဇနေး စတဲ့ မှိုသတ်ဆေးများကို အသုံးပြုနိုင်ပါသည်။ 


    ၅။ ရွက်ပြောက်ရောဂါ 


    အရွက်ပေါ်တွင် အဖြူရောင်၊မီးခိုရောင်၊အညိုဖျော့ရောင်ရှိသော ကွက်ပျောက်များဖြစ်ပေါ်သည်။ ၎င်းအပြောက်များမှာ သေးငယ်၍ အနက်ရောင်အနားသက်ရှိသည်။ ရောဂါပြင်းထန်ပါက ရွက်ရိုးတံနှင့် ပင်စည်ပေါ်တွင်ပင် ကွက်ပြောက်များတွေ့ရသည်။ 


    သိုင်ရိုဖီနိတ်မီသိုင်း၊ဘီနိုမိုင်း၊အဇိုဇီစထရိုဘင်၊ ဒိုင်ဖီနိုကိုနာဇိုး မှိုသတ်ဆေးများသုံး၍ နှိမ်နင်းနိုင်ပါသည်။ 


    ၆။ ပင်ညှိုးရောဂါ 


    အပြင်ဆုံးကျသော အရွက်များမှ စတင်၍ အဝါရောင်ပြောင်းလာပြီး ငိုက်ကျလာသည်။ ၎င်းမှတဆင့် ရောဂါလက္ခဏာသည် ပင်စည်ပိုင်းများဆီသို့ရောက်ရှိလာသည်။ ရောဂါပြင်းထန်စွာကျရောက်ပါက တစ်ပင်လုံး အရွက်များကြွေ၍ ခြောက်သွားသည်။ ရောဂါအနည်းးငယ်သာ ကျရောက်သောအပင်(သို့မဟုတ်) အပင်ကြီးများတွင် အပင်၏တစ်ခြမ်းသာညှိုးသောလက္ခဏာကိုပြသည်။ ရောဂါကျအပင်ကို ဆွဲနှုတ်လိုက်ပါက အမြစ်များသည် တစ်စိပ်တစ်ဒေသ (သို့) အားလုံးပုပ်ဆွေးနေသည်ကိုတွေ့ရသည်။ 


    အဇိုဇီစထရိုဘင်၊ ဟိုင်မက်ဇာဇော၊ သိုင်ရိုဖနိတ်မီသိုင်း၊ ဘီနိုမိုင်း စသည့်မှိုသတ်ဆေးများအသုံးပြုနိုင်ပါသည်။ 


    ၇။ဘတ်တီးရီးယားရွက်ပြောက်ရောဂါ 


    အရွက်ပေါ်တွင် ခရမ်းရောင်အနားသတ်ရှိသော အညိုဖျော့ရောင် ခပ်ခြောက်ခြောက်ဒေါင့်ကွက်ပုံစံ ကွက်ပျောက်များတွေ့ရသည်။ ရွက်ပြောက်များသည် ရွက်ကြောများကြားတွင်ဖြစ်ပေါ်ပြီး ၎င်းမှတဆင့် ရွက်ကြောတလျှောက်နှင့် ရွက်ရိုးတံများအထိ ပျံ့နှံ့သွားသည်။ ကွက်ပြောက်များကြီးလာပါက ညိုနက်ရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ သီးတောင့်များပေါ်တွင်တွေ့ရသော ရောဂါဒဏ်ရာများမှာ ခရမ်းရောင်ရှိသော ချိုင့်ကွက်နာများဖြစ်သည်။ 


    ကော့ပါးဆာ(လ)ဖိတ်၊ ကာဆူဂါမိုင်ဆင် ဆေးများနှင့် အသုံးပြုကာကွယ်နိုင်ပါသည်။ 


    ကိုးကား-သီးနှံကာကွယ်ရေးဌာနခွဲ 


  • article
likes10comments1
views359views2871