cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရန် သတိပေးထုတ်ပြန်

. ငါးမွေးမြူရေးသတင်း
မိုးအလွန်အကျွံရွာသွန်းတာနဲ့ မြစ်ရေကြီးတာတွေကြောင့် ငါး ပုစွန်မွေးမြူရေးကန်တွေ ရေကြီး နစ်မြုပ်ခြင်းကနေ ကြိုတင်ကာကွယ်ဖို့နဲ့ ဆုံးရှုံးမှုလျော့နည်းစေဖို့အတွက်
  • မိုးအလွန်အကျွံရွာသွန်းတာနဲ့ မြစ်ရေကြီးတာတွေကြောင့် ငါး ပုစွန်မွေးမြူရေးကန်တွေ ရေကြီး နစ်မြုပ်ခြင်းကနေ ကြိုတင်ကာကွယ်ဖို့နဲ့ ဆုံးရှုံးမှုလျော့နည်းစေဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

    ငါးမွေးမြူရေးကန်တွေရဲ့ ကန်ပေါင်တွေခိုင်ခံ့ဖို့အတွက် ကန်ပေါင်ပါးတဲ့ နိမ့်တဲ့နေရာတွေမှာ သဲအိတ်တွေဖို့ပြီး ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားဖို့၊ ရေကြီးရေလျှံလာတဲ့အခါ ငါးတွေလွတ်ထွက်မှုမရှိစေဖို့အတွက် ဇာပြာ ပိုက်တွေနဲ့ကာရံထားဖို့၊ ရေစီးကြောင်းနဲ့နီးတဲ့ငါးကန်တွေမှာ ရေတိုက်စားမှုကာကွယ်ဖို့အတွက် တုတ်ရိုက်ပြီး ဝါးထရံတွေနဲ့ကာရံကာ သဲအိတ်တွေဖို့ထားဖို့လိုတယ်လို့ဆိုပါတယ်။

    ဒါ့အပြင်လိုအပ်ပါက ငါးတွေရွှေ့ပြောင်းနိုင်ဖို့အတွက် ငါးဖမ်းပိုက်တွေ၊ စက်လှေတွေနဲ့ စက်ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားဖို့နဲ့ မျိုးငါးကြီးတွေကိုဦးစားပေးရွှေ့ပြောင်းထားပါဖို့၊ သိုလှောင်ထားတဲ့ ငါးအစာနဲ့လုပ်ငန်းသုံးပစ္စည်း တွေကိုရေလွတ်တဲ့နေရာကို ရွှေ့ပြောင်းထားဖို့၊ ပုံမှန်အစာကျွေးခြင်းဖြင့် ငါးတွေလွတ်ထွက်မသွားအောင် ဆောင်ရွက်ထားဖို့၊ မွေးမြူရေးကန်တွေရဲ့ရေထွက်/ရေလျှံပေါက်တွေ၊ ရေကျော်မယ့်နေရာတွေကို အစဉ်ဂရုတစိုက် စစ်ဆေးနေဖို့လိုတယ်လို့ပါရှိပါတယ်။

    ထူးခြားတဲ့အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်ဖို့အတွက် ဆက်သွယ် သတင်းပို့နိုင်မယ့်နည်းလမ်းတွေ ကြိုတင်ပြင်ဆင်ထားဖို့၊ နိုင်ငံပိုင်ရေဒီယို၊ အသံလွှင့်ဌာနတွေကထုတ်လွှင့်လျက်ရှိတဲ့ အရေးပေါ် မိုးလေဝသသတိ ပေးချက်တွေနဲ့ပတ်သက်တဲ့သတင်းတွေကို အမြဲဂရုတစိုက် နားထောင်ဖို့လိုတယ်လို့လည်းဆိုပါတယ်။

    အဲဒီအပြင် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာတွေမှာပါရှိတဲ့ မိုးလေဝသနဲ့ပတ်သက်တဲ့သတင်း၊ ဆောင်းပါးတွေ အမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက်အလက်ဖလှယ်ကြဖို့နဲ့ ရေကြီးနစ်မြုပ်မှု အတွက် အရေးပေါ်အခြေအနေတွေဖြစ်ပေါ်လာရင် နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနတွေနဲ့ ဆက်သွယ်အကူအညီ တောင်းခံကြဖို့လိုတယ်လို့လည်းထုတ်ပြန်ထားပါတယ်။

    ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ မေလ(၈)ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ကာ မေလ(၉) ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိ နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ(၇)ရက်နေ့ မနက်(၇)နာရီအချိန်ထုတ်ပြန် ချက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ အဲဒီနောက် မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီးမေလ(၁၀)ရက် နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ် လို့လည်းထုတ်ပြန်ထားပါတယ်။

    ဤဆောင်းပါးကို One News Myanmar မှကူးယူဖော်ပြပါသည်။

    -----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes6comments0
views102views2695