cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်နာရီလေတိုက်ခတ်နှုန်း ၂၅မိုင်မှ ၂၉မိုင်အထိတိုက်ခတ်နိုင်

. ရာသီဥတု သတင်းများ
တစ်နာရီလေတိုက်ခတ်နှုန်း ၂၅မိုင်မှ ၂၉မိုင်အထိတိုက်ခတ်နေပြီး၂၄နာရီအတွင်းမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိလာနိုင်
  • Depression 01B (91B)

    ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းAndaman Sea အတွင်းဖြစ်ပေါ်နေတဲ့ လေဖိအားနည်းလေဝဲသည် တစ်နာရီလေတိုက်ခတ်နှုန်း ၂၅မိုင်မှ ၂၉မိုင်အထိတိုက်ခတ်နေပြီး Depression အဆင့်ကိုရောက်ရှိလာပါတယ်နောက်၂၄နာရီအတွင်း deep Depression မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိလာနိုင်ပါတယ်မေလ၁၀ရက်နေ့တွင် Cyclonic storm CS MOCHA CYCLONE တစ်လုံးအဖြစ်ရောက်ရှိလာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှ ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာဘင်္ဂလားဒေချ့် နယ်စပ်ကမ်းခြေများဆီကိုဦးတည်ရွှေလျှားသွားမှာဖြစ်ပါတယ်

    နာဂစ်ရဲ့စိတ်ဒါဏ်ရာမကုန်ဆုံးနိုင်သေးတဲ့ဧရာဝတီနဲ့ ရန်ကုန်တိုင်းကအမျိုးတို့ရေ မုန်တိုင်းနဲ့အဝေးကြီးပါလို့ တိတိကျကျပြောပါစေ မုန်တိုင်းညာဖက်ယက်တင်လေစီးတွေကနေ မိုးပဲရွာမယ်လေထန်လည်းနဲနဲပါပဲ ဘာမှစိုးရိမ်စရာမရှိပါဘူး စိုက်ဖို့ပျိုးဖို့သာအဆင်သင့်ပြင်ကြပါ မေလ၁၀ရက်နေ့မှ ၁၄ရက်နေ့အတွင်း မြန်မာတစ်နိုင်ငံလုံးမှာမိုးတွေရွာမှာဖြစ်လို့ စိုက်ပျိုးရေးသမားများတောင်သူလယ်သမားများ စိုက်ကြပျိုးကြဖို့အဆင်သင့်ပြင်ထားကြပါ ၂၀၂၄ အယ်နီညို ရာသီဥတုဆိုးရွားပြင်းထန်နိုင်သဖြင့် ယခုရွာမယ့်မိုးတွေနဲ့အတူ မင်းဂွတ်သီးချစ်သူအားလုံး အသင်းအဖွဲ့လိုက်ဖြစ်စေတစ်ဦးတယောက်ခြင်းဖြစ်စေ ကြီးမြန်သစ်ပင်အရိပ်ရပင်တွေကိုစိုက်ပျိုးကြပါလို့တောင်းဆိုအပ်ပါတယ်အမျိုးတို့ရေ

    09/05/2023 5:09am(MMT)

    မြန်မာနိုင်ငံနှင့်ဝေးရာဆီ သွားတော့မိုခါရေ ဘင်္ဂလားဒေချ့် စစ်တကောင်းပင်လယ်ကွေ့ကိုကုန်းတွင်းဝင်ရောက်မှာဖြစ်ပါတယ် ရခိုင်ပြည်နယ်မြောက်ပိုင်းတော့ အဖျားခတ်နိုင်ပါတယ်

    issued time

    08/05/2023 8:06pm(MMT)

    Su Su San မင်း ဂွတ် သီး

    နောက်၂၄နာရီအတွင်း 01B (depression)မုန်တိုင်းငယ်ညာဝှိက်လေစီးကြောင်းများမှ

    တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မုန်တိုင်းမိုးတွေရွာနိုင်ပါတယ်

    တစ်ခါတရံလေထန်တွေတိုက်ခတ်နိုင်သဖြင့် အိုမင်းနေတဲ့ သက်တမ်းရင်ယော်နေတဲ့ သစ်ပင်ကြီးတွေပြိုလဲကျနိုင်သဖြင့်အထူးသတိထားကြပါ

    မုန်တိုင်းအန္တရာယ်မရှိပါဘူး မိုးပဲရွာပါလိမ့်မယ်

    issued time

    09/05/2023 8:49am(MMT)

    မိုးကြီးရေလျှံသတိ

    🌧

    🌧🌧🌧🌧

    ၂၀၂၃ မေလ ၁၂ရက်နေ့၁၃ရက်နေ့တွေမှာ 01B သည် Cat 2 အဆင့်ရှိ MOCHA CYCLONE မုန်တိုင်းကြီးအဆင့်ကိုရောက်ရှိသွားနိုင်ပြီး ရခိုင်ကမ်းရိုးတမ်းနှင့်နီးကပ်လာချိန်မှာ ရခိုင်ကမ်းရိုးတန်းနှင့် ရခိုင်ရိုးမပေါ်တွင်မိုးကြီးနိုင်ပါတယ် ရိုးမကိုကျော်လွန်၍ မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက်ပိုင်းဒေသတွေမှာလည်းမိုးကြီးနိုင်ပါတယ် မိုးနဲရပ်ဝန်းဒေသ မကွေးတိုင်းမန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေအားလုံးမိုးတွေရွာမှာဖြစ်လို့စိုက်ပျိုးရေးလုပ်ဆောင်ကြမည့်သူအားလုံးအဆင်သင့်ပြင်ဆင်ထားကြပါလို့အသိပေးနိုးဆော်အပ်ပါတယ်

    မိမိရပ်ရွာမိမိဒေသစိမ်းလန်းစို​ပြေ ရေးအတွက် ကြီးမြန်သစ်ပင်အရိပ်ရပင်တွေလည်းစိုက်ပျိုးကြပါလို့တိုက်တွန်းနိုးဆော်အပ်ပါတယ် မိုးခမုန်တိုင်းကြီးကို ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးတဲ့အတွက် ဘင်္ဂလာဒေချ့်ကိုဦးတည်ပါလိမ့်မယ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် ရသေ့တောင် ဘူးသီးတောင် မောင်းတော ချင်းပြည်နယ် ပလက်ဝဒေသတွေမုန်တိုင်းသတိထားရပါမည် အဖျားခတ်နိုင်ပါတယ်

    issued time

    09/05/2023 6:04am(MMT)

    ကြိုတင်ခန့်မှန်းပေးထားတဲ့အတိုင်း ၂၀၂၃မေလ ၁၂ရက်နေ့၁၃ရက်နေ့တို့တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကို မိုးခါအမည်ရှိတဲ့အဖျက်စွမ်းအားပြင်းမုန်တိုင်းကြီးရောက်ရှိလာပြီး ၁၄ရက်နေ့တွင် ကော့ဘဇားနှင့် စစ်တကောင်းပြည်နယ်တွေကနေကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်သတိထားရမှာကတော့ ဘူးသီးတောင်မောင်းတော ကော့ဘဇာနယ်စပ်တွေ မုန်တိုင်းဝန်းမလွတ်နိုင်ပါဘူးအန္တရာယ်ရှိပါတယ်

    ရခိုင်ပြည်နယ်စစ်တွေခရိုင်အတွင်း ရေလုပ်သားများ အဆိုပါရက်များတွင်စစ်တကောင်းပင်လယ်ကွေ့နှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကိုလုံးဝလုံးဝမသွားသင်ပါဘူး လေထန်လှိုင်းကြီးပြီးလှေသင်္ဘောများနစ်မြုပ်နိုင်ပါတယ်ဧရာဝတီတိုင်းရန်ကုန်တိုင်း ပဲခူးတိုင်းရခိုင်ပြည်နယ်တောင်ပိုင်း မုန်တိုင်ဝင်ရောက်နိုင်ခြင်းမရှိပါဘူး

    မိုးတွေပဲရွာမှာပါ

    issued time

    08/05/2023 7:12pm(MMT)

    Su Su San

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫

    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2


  • article
likes25comments3
views334views10069