cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မုန်တိုင်းကြောင့်ဆိုကာ ပြည်သူများကြား စိုးရိမ်ပူပန်မှုနဲ့ ဆန်ဝယ်ယူစုဆောင်းမှုတွေရှိနေ

. သတင်းစုံ
ပုံမှန်က ဆန်အိတ်ရေ ၃၀၊ ၄၀ လောက် ရောင်းရတယ်ဆိုရင် အခုရက်ထဲမှာ အိတ်ရေ ၅၀ ဝန်းကျင်လောက် ရောင်းရတဲ့အထိရှိလာတယ်။


  • မုန်တိုင်းကြောင့်ဟုဆိုကာ လက်ရှိအချိန်မှာ ဈေးကွက်အတွင်း ဆန်ဝယ်ယူစုဆောင်းမှုတွေရှိနေပြီး ပုံမှန်ထက် ဝယ်ယူသူများပြားလျက် ရှိနေတယ်လို့ လှိုင်သာယာမြို့နယ် ဆန်လက်လီ၊ လက္ကားအရောင်းဒိုင်မှ သိရပါတယ်။

    "မုန်တိုင်းဖြစ်မယ်လို့ ရပ်ကွက်အတွင်း ပြောကြဆိုနေကြတာတွေရှိတယ်။ ဒီအတွက် ဆန်ဝယ်ယူမှုတွေဟာ ပုံမှန်ထက် ဝယ်ယူတာတွေများလာတယ်။ လကုန်ပြီးလည်း ဖြစ်တဲ့အတွက်ထင်တယ်။ သိုလှောင်တာ စုဆောင်းတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပြည်သူတွေက တစ်ခုခုဆို စိုးရိမ်မှုတအားကြီးကြတယ်။ ပုံမှန်က ဆန်အိတ်ရေ ၃၀၊ ၄၀ လောက် ရောင်းရတယ်ဆိုရင် အခုရက်ထဲမှာ အိတ်ရေ ၅၀ ဝန်းကျင်လောက် ရောင်းရတဲ့အထိရှိလာတယ်။ ပုံမှန် အခြေခံလူတန်းစားတွေကလည်း ဆန် ၂ ပြည်၊ ၃ ပြည် ပုံမှန်ဝယ်ရာကနေ ၅ ပြည်၊ ၆ ပြည် ဝယ်ယူလာကြတယ်။ ဝယ်လိုအားတော့ များလာတယ်" လို့ အဆိုပါ လက္ကားဒိုင်မှ MFN ဆက်သွယ်မေးမြန်းတာကို မှတ်ချက်ပြု ပြောကြားပါတယ်။

    ဒါ့အပြင် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက်ခတ်မှုဟာ ၁၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး နောက်ထပ်တစ်ခါ နာဂစ်မုန်တိုင်းနည်းတူ အားကောင်းတဲ့ မုန်တိုင်း ထပ်မံဝင်ရောက်လာမည်ကို စိုးရိမ်ပူပန်မှုများကြောင့် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဝယ်ယူစုဆောင်းမှုများ လုပ်ဆောင်နေရတာဖြစ်တယ်လို့ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နေ ပြည်သူတစ်ဦးက အခုလို ဆိုပါတယ်။

    "နာဂစ်တုန်းကဆို မုန်တိုင်းဖြစ်ပြီး ၅ ရက် ၁၀ ရက်လောက်က ဆန်၊ ဆီ၊ ဆား စားသောက်ကုန်တွေ ဝယ်ရတာ တော်တော် ဒုက္ခဖြစ်ခဲ့ရတယ်။ ဈေးကလည်း ၂ ဆနည်းတူ ပေးဝယ်ခဲ့ရတယ်။ အခုအချိန်မှာ မုန်တိုင်းဖြစ်မယ်ဆို ပြီး ရပ်ကွက် အတွင်းပြောဆိုနေကြတာ။ ဧရာဝတီတိုင်းမှာဆိုရင် လိုက်လံ နှိုးဆော်တာတွေတောင်ရှိနေပြီ။ ဒါကြောင့် အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်ကို ကြိုတင်ပြင်ဆင်မှုနဲ့ လကုန်ရက်ကတည်းက တတ်နိုင် သလောက်ဝယ်ယူနေတာပါ။ ဆန်ရှိရင် နောက်ဆုံး ဆန်ပြုတ်ပြုတ်သောက်လို့ရသေးတယ်"လို့ ၎င်းက ပြောကြားပါတယ်။

    ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုများနဲ့ ဆန်စပါးများ ဝယ်ယူစုဆောင်းမှုများ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အသိပေး ထုတ်ပြန်ထားပါတယ်။

    ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ကြောင်း ပြည်တွင်း/ ပြည်ပ မိုးလေဝသ ကျွမ်းကျင်အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုနေကြတဲ့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် အရန်ရိက္ခာ ဆန်စပါး စုဆောင်းထားရှိမှုများ၊ လိုအပ်သော စီစဉ်မှုများကို ကြိုတင်ညှိနှိုင်း ပြင်ဆင်ထားရှိတယ်လို့လည်း ဆိုထားပါတယ်။

    အသင်းချုပ်အနေနဲ့ ဆန်စပါး စုဆောင်းထားမှုနှင့် ဆန်စပါးဖူလုံမှု အပြည့်အဝရှိသဖြင့် မိဘပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူစုဆောင်းမှုများ မပြုလုပ်ရန်နှင့် လိုအပ်သော ပမာဏကိုသာ ဝယ်ယူရန်၊ ပစ္စည်းမှန်၊ စျေးနှုန်းမှန် ဝယ်ယူရရှိရန် အခက်အခဲရှိပါက အသင်းချုပ်၊ ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များနှင့် ဆက်သွယ်ရန် အသိပေးထားထုတ်ပြန်ထားပါတယ်။

    ဤဆောင်းပါးကို MFNမှကူးယူဖော်ပြပါသည်။



  • article
likes7comments0
views67views3327