cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆန်နီစပါးဖြစ်ပေါ်ခြင်း (အပိုင်း၁)

. မျိုးစေ့ရွေးချယ်ခြင်း/မျိုးရွေးချယ်ခြင်း
ဆန်နီစပါးပင်မှဖြစ်ပေါ်လာသော ပြသနာတွေက ဘာတွေဖြစ်မလဲ?
  • ဆန်နီစပါးဆိုတာကတော့ အသန်မာဆုံးသောစပါးရိုင်း (ပေါင်းပင်)ဖြစ်ပါတယ်။

    ဆန်နီစပါးဖြစ်ပေါ်လာပုံ

    စိုက်ပျိုးထားသော စပါးနှင့် စပါးရိုင်းတို့ သဘာဝအလျောက် မျိုးကူးစပ်ခြင်းကြောင့် ဖြစ်ပေါ်သည်။

    ပထမနှစ် သဘာဝအလျောက် မျိုးကူးစပ်ပါက ရိုးရိုးစပါးရရှိသည်။ နောက်တစ်ရာသီတွင် ၎င်းစပါးကို စိုက်ပျိုးပါက ဆန်နီဖြစ်ပေါ်သော မျိုးကွဲများစွာ တွေ့ရှိနိုင်သည်။

    ဆန်နီစပါး၏ လက္ခဏာများ

    ၁) လွယ်ကူစွာကြွေခြင်း (ရင့်မှည့်မှုစောခြင်း)

    ပန်းပွင့်ပြီးနှစ်ပတ်အတွင်း စတင်ကြွေသည်။ လက်ဖြင့်ထိသည်နှင့် တစ်ပြိုင်နက်ကြွေသည်။ လေတိုက်ခတ်ခြင်းကြောင့်ကြွေသည်။

    ၂) မျိုးစေ့ငုပ်ခြင်းကွဲပြားခြင်း

    အမျိုးမျိုးရှိသည်။ အများအားဖြင့် သုံးလကြာမြင့်တတ်သည်။

    ၃) ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်း

    ပုံမှန်စိုက်ပျိုးထားသော စပါးပင်ထက် သန်စွမ်းသည်။ ပင်ပိုင်းကြီးထွားမှု အဆင့်တွင် လျင်မြန်စွာကြီးထွားသည်။

    ၄) သန်စွမ်းခြင်း

    မည်သည့်နေရာမဆို ကြီးထွားမှု အလွန်ကောင်းသည်။

    ၅) အမြီးရှည်ခြင်း

    ဆန်နီအများစုတွင် အမြီးပါရှိသည်။

    ၆) ပုံစံအမျိုးမျိုးရှိခြင်း

    ပု၊ ရှည်၊ လုံးဝန်း/ အစေ့ခွံတွင် မီးခိုးဖြူရောင်၊ အခွံကြမ်း/ ဆန်သားအနီရောင်

    ဆန်နီစပါးပင်မှဖြစ်ပေါ်လာသော ပြသနာများ

    စပါးမျိုးစေ့၏ အရည်အသွေးနှင့် အထွက်နှုန်း လျော့ကျစေခြင်း။

    ဆန်အရည်အသွေးညံ့ဖျင်းခြင်း

    စိုက်ခင်းတွင် ဆန်နီပါဝင်သွားပါက မျိုးကူးစပ်လွယ်၍ နှိမ်နှင်းရန် ခက်ခဲခြင်း။

    Source: (စိုက်ပျိုးရေးဦးစီးဌာနနှင့်JICAတို့ပူးပေါင်းဆောင်ရွက်သော လက်စွဲစာအုပ်)


  • article
likes16comments1
views177views3637