cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ပြောင်း ဝယ်ယူပေးရန် ကမ်းလှမ်းချက် ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်သေး

. ဈေးကွက်
မြန်မာ့ပြောင်းဆံတွေ ဘင်္ဂလားဒေ့ရှ်ဈေးကွက်ကို တင်ပို့ရောင်းချဖို့ ၂၀၂၀ ပြည့်နှစ်ကတည်း စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ယခုအခါမှ ပြန်လည်စီစဉ်ရခြင်းလည်း ဖြစ်ပါတယ်။
  • မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ ပြောင်းဆံတွေ ဝယ်ယူတင်သွင်းဖို့ ကမ်းလှမ်းချက်အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

    လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ မြန်မာ့ပြောင်းတန်ချိန် (၂၀၀၀) ကို စမ်းသပ်တင်ပို့ထားပြီး ၎င်းတို့ဘက်က လက်ခံနိုင်တဲ့ အရည်အသွေးအတိုင်း ရောက်ရှိသွားပြီလို့ ဆိုပါတယ်။

    ‘‘စမ်းသပ်တင်ပို့တဲ့ အနေအထားက အောင်မြင်တယ်လို့ ပြောလို့ရတယ်။ အရည်အသွေးကလည်း လက်ခံနိုင်တယ်။ ဆက်ပြီးတော့ ဝယ်မယ်/မဝယ်ဘူး။ ဒီလမ်းကြောင်းအတိုင်းပဲ ဆက်ပြီး တင်ပို့ရမလားဆိုတာကတော့ ဝယ်ယူမယ့် ဘင်္ဂလားဒေ့ရှ်ကုန်သည်ဘက်က တုံ့ပြန်မှုမလာသေးဘူး’’လို့ ပြောပါတယ်။

    မြန်မာ့ပြောင်းဆံတွေ ဘင်္ဂလားဒေ့ရှ်ဈေးကွက်ကို တင်ပို့ရောင်းချဖို့ ၂၀၂၀ ပြည့်နှစ်ကတည်း စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ယခုအခါမှ ပြန်လည်စီစဉ်ရခြင်းလည်း ဖြစ်ပါတယ်။

    ‘‘အကယ်၍ ဘင်္ဂလားဒေ့ရှ်က အများအပြားဝယ်မယ်ဆိုရင် မြန်မာ့ပြောင်းအတွက် ခိုင်မာတဲ့ နောက်ထပ်ဈေးကွက်သစ်တခုရမှာပါ။ ပြောင်းစိုက်တောင်သူများအတွက်လည်း ဈေးကွက်တစ်ခုရမယ်ဆိုရင် မြန်မာ့ပြောင်းလောက ပိုပြီးကောင်းမွန်လာနိုင်တယ်’’လို့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

    လက်ရှိ မြန်မာ့ပြောင်းဆံတွေကို ဒေသတွင်းနိုင်ငံတွေရဲ့ လိုအပ်ချက်ရှိမှုကြောင့် ဝယ်လိုအားရှိနေဆဲဖြစ်ပြီး ဈေးနှုန်းအတက်အကျက ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ်သာ မူတည်နေတာပါ။

    ‘‘နိုင်ငံတော်ရဲ့ ငွေကြေးပေါ်လစီအပေါ် မူတည်မယ်။ အခြားနိုင်ငံတွေရဲ့ ငွေကြေးအခြေအနေအပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်တယ်’’လို့ တာဝန်ရှိသူက သုံးသပ်ထားပါတယ်။

    လက်ရှိမှာ ဖေဖော်ဝါရီလကစတင်ကာ ပြောင်းဆံတင်ပို့ရောင်းချမှုတွေ ပြုလုပ်နေပြီး ထိုင်းနိုင်ငံက အများဆုံးဝယ်ယူထားကာ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်စတဲ့ ဒေသတွင်းနိုင်ငံတွေဆီလည်း တင်ပို့ရောင်းချလျက်ရှိပါတယ်။

    သတင်း - BETV Business

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views105views2684