cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုခါအမည်ရှိအဖျက်စွမ်းအားပြင်းမုန်တိုင်းကြီးသတိပေးချက်

. ရာသီဥတု သတင်းများ
အမြန်ပြောင်းရွှေ့ကြပါရန် မိုးလေဝသပညာရှင်ဒေါ်စုစုစံ မှ သတိပေး
  • အမြန်ပြောင်းရွှေ့ကြပါတော့

    မိုခါမုန်တိုင်းသည် 14/05/2023 ရက်နေ့မှာ မုန်တိုင်းဗဟိုချက် စစ်တွေ ရသေ့တောင်းကြား မကျည်းချောင်းကနေပြီးဝင်ရောက်မှာဖြစ်ပါတယ် မုန်တိုင်းဝန်းမိုင်၅၀ ကျော်ရှိလို့

    မြေငူကျွန်းစစ်တွေ ရသေ့တောင် ဘူးသီးတောင် မောင်းတော မြေပုံ ပုဏ္ဍားကျွန်းမြို့ မြောက်ဦးအထိအခိုက်အပျက်အစီးများနိုင်ပါတယ် မုန်တိုင်းဝင်ရောက်စဥ်

    တစ်နာရီ မိုင် ၉၀မှ လေပြင်းတိုက်ချိန် ဆောင့်တိုက်လေ

    ၁၀၀မိုင်အထိတိုက်ခတ်နိုင်ပါတယ် ရေလှိုင်းအမြင့် ၃၂ပေ မှ ၃၆ပေအထိ ရှိနိုင်ပါတယ်

    မိုးရေချိန် ၂၀၀မီလီမီတာမှ ၃၀၀မီလီမီတာအထိရွာသွန်းနိုင်လို့မိုးအလွန်ကြီးမှာဖြစ်ပါတယ် ဘေးကင်းရာ ကုန်းမြင့် လုံခြုံတဲ့နေရာဒေသများသို့ပြောင်းရွှေ့နေထိုင်ကြပါလို့အကြံပြုလိုက်ပါတယ်

    issued time

    11/05/2023 11:30am(MMT)


    ရေလှိုင်းလေးများရယ်

    သောင်ပြင်ကမ်းစပ်ဆီရိုက်ပုတ်သွားခဲ့ပြီ

    ၂၀၂၃ မေလ ၁၃ရက်နေ့ ၁၄ရက်နေ့တွေမှာ မိုခါအမည်ရှိအဖျက်စွမ်းအားပြင်းမုန်တိုင်းကြီးသည် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့အနောက်ဖက်ကိုရောက်ရှိလာနိုင်ပြီး တစ်နာရီလေတိုက်ခတ်နှုန်း ၉၆မိုင်မှ ၁၁၀မိုင်အထိတိုက်ခတ်နိုင်ပါတယ်ရေလှိုင်းအမြင့်မှာ ၃၆ပေ မှ ၄၀ ပေအမြင့်အထိရှိနိုင်ပါတယ် အဆိုပါရက်များအတွင်း ပင်လယ်အတွင်းမည်သည့်အကြောင်းနှင့်မှ သွားရောက်ခြင်းမပြုလုပ်ကြပါနဲ့ #MochaCyclone

    issued time

    11/05/2023 10:26am(MMT)


    မိုးခါမိုးတွေရွာမယ်လေ 🌧🌧🌧🌧🌧🌧🌧🌧🌧🌧၂၀၂၃ မေလ ၁၃ရက်နေ့ ၁၄ရက်နေ့တွေမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း နေပြည်တော် နှင့်ရှမ်းပြည်နယ်တို့တွင်မိုးများစွာရွာသွန်းနိုင်ပါတယ် ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း ရှမ်းပြည်နယ်ဒေသတွေမှာ မိုးကြီးရေလျှံသတိပြုကြပါ လာပါပြီ မိုးနည်းရပ်ဝန်း မိုးရာသီစိုက်ပျိုးဖို့အဆင်သင့်ဖြစ်ကြပြီလား

    ၂၀၂၄မှာ အယ်နီညိုရာသီဥတုဆိုးရွားပြင်းထန်နိုင်သဖြင့် အားလုံးကြီးမြန်သစ်တောသစ်ပင်တွေစိုက်ပျိုးကြပါလို့အကြံပြုနိုးဆော်လိုက်ရပါတယ်

    issued time

    11/05/2023 12:45pm(MMT)

    မင်း ဂွတ် သီး Su Su San

    𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓

    ----

    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2


  • article
likes32comments3
views367views8733