cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးများအားပြုပြင်စီမံဆောင်ရွက်ခြင်းလုပ်ငန်းများ

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
Solar Drying Hut ဖြင့် နေလှန်းခြင်းဖြင့်အောက်ပါအကျိုးကျေးဇူးများရရှိနိုင်ပါသည်
  • မြန်မာတိုင်းရင်းသားများသည် ငါးပုစွန်ကို လတ်လတ်ဆတ်ဆတ် ရရှိသောအချိန်တွင် ချက်ပြုတ် စားသောက်ကြပါသည်။ ငါးပုစွန်များ အနည်းငယ် နာနေပါက (လတ်ဆတ်မှု့ နည်းပါးခြင်း) ငါးဆားနယ် ပုစွန်ချည် စသည်ဖြင့်ဆောင်ရွက်လုပ်ကိုင်စားသောက်ကြပါသည်။ ငါး ပုစွန်များအတော်နာနေပါက ငံပြာ ရည် အဖြစ်ဆောင်ရွက်ကြပါသည်။ ငါးပုစွန်များကို လတ်ဆတ်သောအချိန်များတွင် ငါးခြောက် ပုစွန်အဖြစ် ပြောင်း လဲပြီးစားသုံးကြသည်ကိုတွေ့ရှိရပါသည်။ ငါးခြောက် ပုစွန်ခြောက်ကို မြန်မာတိုင်းရင်းသားများစားသုံးမှု့ နှစ်သက်ပြီး၊ ငါးစိမ်းထက် ငါးခြောက် များကို ရေရှည်ထားနိုင်သဖြင့် ငါးခြောက်ခွဲခြင်းလုပ်ငန်းကိုဆောင်ရွက်ကြပါသည်။ ငါးခြောက်ခွဲရာတွင် ရရှိ လာမည့်ငါးခြောက်အရည်အသွေးကောင်းစေရန်အတွက်အောက်ပါအတိုင်းတင်ပြအပ်ပါသည်။ ငါးခြောက်ပြုလုပ်မည့်ငါးသည် အဆီနည်းပါးသောငါးမျိုးဖြစ်ရမည်။ငါး၏အရွယ်အစားမှာ အလျှား (၁)ပေရှိရမည်၊ အလေးချိန်အားဖြင့် အနည်းဆုံး ၇၀ကျပ်သားအထက်ရှိရပါမည်။ငါးကိုအကြေးခွံခွာခြင်းပြု လုပ်ပြီး ဉီးခေါင်းကိုဖြတ်ထုတ်ပါ။ဝမ်းဗိုက်အတွင်းရှိကလီစာများကိုဖယ်ထုတ်ပြီး ရေဖြင့်စင်ကြယ်အောင် ဆေး ပါ။သန့်ရှင်းသော ဒါး နှင့်စဉ်နီတုံးပေါ်တွင် ခွဲရမည်။ငါး၏ကျောဘက်မှ ခွဲရမည်။အလယ်ရိုး၏ ကျောဘက်မှ တဖက်စီခွဲချသောအခါ ငါးသည် အပြား ပုံဖြစ်လာမည်။အဆိုပါ အပြားကို သုံးပိုင်းဖြစ်စေ ၊ လေးပိုင်းဖြစ်စေ အမြောင်းလိုက်ပ့ုလုပ်ပေးရမည်။ ခွဲပြီးသောငါးကိုဆားရေပြစ်ပြစ်တွင် တညအိပ်စိမ်ထားရမည်။နောက်တနေ့တွင် ရေဖြင့် (၂)ကြိမ် (၃)ကြိမ်ခန့် စင်ကြယ်စွာဆေးပြီး နေလှန်းရမည်။ နေလှန်းရာတွင် ယင်ကောင်များမနားစေရန် Solar Drying Hut ဖြင့် အခြောက်ခံခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ခြောက်သွေ့စေရန် အနည်းဆုံး (၂)ရက်မှ (၃)ရက် ခန့်နေလှန်းပေးရမည်။ Solar Drying Hut ဖြင့် နေလှန်းခြင်းဖြင့်အောက်ပါအကျိုးကျေးဇူးများရရှိနိုင်ပါသည်-

    • အချိန်အခါမဟုတ်ရွာသွန်းသော မိုးလေဒဏ်ကြောင့် ပျက်စီးခြင်းမှကာကွယ်နိုင်သည်။
    • အကာအရန်ဖြင့်နေလှန်းခြင်းကြောင့် လူနှင့်တိရိစာ္ဆန်များနှောက်ယှက်ခြင်းမှကာကွယ် နိုင်သည်။
    • သဲမှုန်များဖုံမှုန့်များ မကျရောက်နိုင်ခြင်းကြောင့် ကုန်ပစ္စည်းအရည်အသွေးကောင်းမွန်စေ ပါသည်။
    • ရောဂါသယ်ဆောင်လာသော ယင်ကောင်များ ငှက်များ ခွေးများ မကျရောက်နိုင်သဖြင့် အန္တရာယ်ကင်းသော အစားအစာဖြစ်လာနိုင်ပါသည်။

    ဦးဆန်းအောင်(ထွက်တိုး)

    -----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 



  • article
  • article
likes8comments0
views90views2751