cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ သစ်သီးပို့ကုန်သမားများနှင့် တောင်သူများ တောင်းဆိုထားသော Green Channel တင်ပို့ခွင့် ကို တရုတ်က ခွင့်ပြုလိုက်ပြီ

. ဈေးကွက်
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် သစ်သီးဝလံများမှာ ရက်ကြာကြာ အထားမခံသောကြောင့် မေ ၉ ရက် နေ့မှစတင်ကာ Green Channel(အစိမ်းရောင်လမ်းကြောင်း)ဖြင့် တရုတ်ဘက်မှ လမ်းပိုင်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
  • မြန်မာ သစ်သီးပို့ကုန်သမားများနှင့် တောင်သူများ တောင်းဆိုထားသော Green Channel တင်ပို့ခွင့် ကို တရုတ်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်၉ည်များထံက သိရသည်။

    မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် သစ်သီးဝလံများမှာ ရက်ကြာကြာ အထားမခံသောကြောင့် မေ ၉ ရက် နေ့မှစတင်ကာ Green Channel(အစိမ်းရောင်လမ်းကြောင်း)ဖြင့် တရုတ်ဘက်မှ လမ်းပိုင်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

    နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပြည်ပရေးရာဌာနတို့ ချိတ်ဆက်ညှိနိုင်းပြီးနောက် ယခုကဲ့သို့ Green Channel ဖြင့် သစ်သီးဝလံကုန်စည်များအား စေလွှတ်ပေးခြင်းဖြစ်သည်ဟုဆိုသည်။

    “တရုတ်ဘက် Border လိုင်းမှာ Normal Trade စနစ်ပြောင်းလိုက်တော့ သရက်သီးကားတွေက တရုတ် ဘက် စစ်ဆေးရေးဂိတ်မှာ ပိတ်မိနေတယ်။ရောင်းကွင်းထဲမရောက်ဘဲ ၅ ရက်လောက် ကားပေါ်မှာ ကြာသွား ရော။ အသီးတွေက မလတ်ဆတ်ရင် သူတို့ပေးဈေးပဲ ရတယ်။ကုန်စိမ်းဆိုတာက လမ်းပိုင်းကြံ့ကြာလို့ မဖြစ်ဘူး” ဟု မူဆယ်(၁၀၅) မိုင်၊ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။

    ပြီးခဲ့သည့် မေ ၇ ရက်နေ့က သစ်သီးကားများ တရုတ်ဘက်သို့ များစွာဝင်ရောက်သွားနိုင်သော်လည်း အရောင်း ကွင်းတွင် တရုတ်ဘက်မှ အကောက်အခွန်စစ်ဆေးမှု ၂ ရက်ကျော် ကြံ့ကြာခဲ့သဖြင့် ပြည်တွင်းမှ တင်ပို့သည့် သစ်သီးများမှာ မလတ်ဆတ်သည့် အခြေအနေသို့ရောက်ရှိပြီး ဈေးကွက်ပေါက်ဈေးနိမ့်ကျကြောင်း သိရ သည်။

    “နှစ်နိုင်ငံ ညှိနိုင်းမှုအဆင်ပြေသွားလို့ သစ်သီးကားတွေ ပုံမှန်ဖြစ်သွားပေမယ့် ဈေးတန်းမရခဲ့ဘူး။ လမ်းပိုင်းကြံ့ ကြာရင် အရည်အသွေးကောင်းတွေ တင်ပို့ပေမယ့် မလတ်ဆတ်တော့လို့ ဈေးမရပြန်ဘူး။ဒါကြောင့် ဈေးကွက် က လမ်းပိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်တယ်”ဟု ဆက်လက်ပြောကြားသည်။

    အဆိုပါကြံ့ကြာခဲ့မှုဖြစ်စဉ်ကြောင့် မေ ၉ ရက်နေ့က ဖရဲသီး(အစီးပြတ်)ဈေးမှာ တရုတ်ယွမ်ငွေ ၄၀၀၀၀ မှ ၆၀၀၀၀ ၊ စိန်တလုံးသရက်သီးအမှည့် ယွမ် ၆၀ မှ ၁၀၀ ၀န်းကျင်နှင့် လတ်ဆတ်ပါက ယွမ် ၁၀၀ မှ ၁၃၀ ထိ ရရှိပြီး ထိုနေ့ဈေးကွက်တွင် လတ်ဆတ်သည့် စိန်တလုံးသရက်မှာ အနည်းစုသာရှိခဲ့သည်ဟုဆိုသည်။

    ထိုသို့ခွင့်ပြုမှုကြောင့် မြန်မာ လက်ဆက်သီးနှံများ စျေးတန်းအမြင့်တစ်ခုရရှိနိုင်ရန် မျှော်လင့်ထားသော်လည်း သစ်သီးစျေးကွက်မှာ တရူတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်းသို့ သွားရောက်ရောင်းချနေရဆဲဖြစ်သည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ် မှ ကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views162views2030