မိုချာမုန်တိုင်းကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်း အန္တရာယ်ရှိနိုင်သည့် ဒေသများ
၂၀၂၃ခုနှစ် ၅လပိုင်း၁၃ရက် စနေနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေခရိုင် ကျောက်ဖြူခရိုင်တို့တွင် မိုင်၁၅၀မှ ၂၀၀ကီလိုမီတာ နှုန်းဖြင့် လေပြင်းမုန်တိုင်း စတင်တိုက်ခတ်လာနိုင်ပြီး ရေကြီးခြင်း၊ မြေပြိုခြင်း အန္တရာယ်များ ကျရောက်နိုင်ပါသည်။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် မိုးရေချိန် ၈-၁၂ လက်မထိ ရွာသွန်းနိုင်ပြီး ရေကြီးရေလျှံဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းသည့် နေရာသို့ အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြပါ။
ကျန်ပြည်နယ်နှင့် မြို့နယ်များမှာ မေလ ၁၃မှ ၁၆ရက်နေ့ထိ မိုးရေချိန်စုစုပေါင်း ၄လက်မကျော်ရွာသွန်းနိုင်ပါသည်။
မိုချာမုန်တိုင်းကြောင့် မိုးကြီးနိုင်သည့် ဒေသများနှင့် ရက်အတိအကျများ
ရခိုင်ပြည်နယ်
မေလ ၁၃ရက် စနေနေ့ညနေတွင် လေပြင်းစတိုက်ကာ မိုးအဆက်မပြတ် ရွာသွန်းနိုင်
မေလ ၁၄ရက် တနင်္ဂနွေ ညနေတွင် မြေပြိုခြင်း၊ ရေကြီးခြင်း အန္တရာယ်ရှိနိုင်
မန္တလေးနှင့်မကွေးတိုင်း (ချောက်ခရိုင် ညောင်ဦးခရိုင် ပခုက္ကူခရိုင် မြင်းခြံခရိုင်)
မေလ ၁၄ရက် တနင်္ဂနွေညနေတွင် မိုးကြီးရေလျှံနိုင်
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း
မေလ ၁၅ရက် တနင်္လာနေ့နေ့လယ်တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်
မေလ ၁၆ရက် အင်္ဂါနေ့မနက်တွင် မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်း ထွက်ခွာသွားပြီး တရုတ်ပြည်သို့ ဦးတည်သွားပါမည်။
Weather Impact
----
မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2


