cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုခါအမည်ရှိအဖျက်အားပြင်း မုန်တိုင်းကြီးသတိပေးချက်

. ရာသီဥတု သတင်းများ
၆နာရီအတွင်း Cat4 အဆင့်ရှိ အဖျက်စွမ်းအားပြင်း powerful cyclone အဖြစ်ကို ရောက်ရှိလာပါတော့မယ်
  • Breaking news

    Cyclone warning ⚠⚠⚠

    မုန်တိုင်းမျက်စိပေါ်လာပါပြီ ယခု Cat 3 မှ ၆နာရီအတွင်း Cat4 အဆင့်ရှိ အဖျက်စွမ်းအားပြင်း powerful cyclone အဖြစ်ကို ရောက်ရှိလာပါတော့မယ်

    ရက်တွေအဝေးကြီးကထဲက ကြိုတင်သတိပေးပြီးဖြစ်လို့ အဆင်သင့်ကြိုတင်ပြင်ဆင်ကြပြီးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်

    issued time

    12/05/2023 2:21pm(MMT)

    Cyclone MOCHA

    မိုခါမုန်တိုင်းကြီးသည် CAT3အဆင့်ကိုရောက်ရှိနေပြီး၊ နောက်၂၄နာရီအတွင်း အဖျက်စွမ်းအားပြင်း CAT 4မုန်တိုင်းကြီးအဆင့်ကိုရောက်ရှိနိုင်ကာ 13/05/2023 ရက်နေ့တွေ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အနီးအနောက်ဖက်ပင်လယ်ပြင်ကိုချဥ်းကပ်ရောက်ရှိလာနိုင်ပြီး 14/05/2023 ရက်နေ့တွင်ကုန်းတွင်းဖြစ်ကျော်ဝင်ရောက်နိုင်ပါတယ် မုန်တိုင်းထိခိုက်ပျက်စီးနိုင်သောဒေသများမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေခရိုင် ဘင်္ဂလားဒေချ်နိုင်ငံကော့ဘဇားပြည်နယ်တွေမှာအန္တရာယ်အလွန်ကြီးပါတယ်

    ဘေးအန္တရာယ်ကင်းကြပါစေ

    issued time

    12/05/2023 9:42am(MMT)

    မုန်တိုင်းဒီရေသတိပေးချက်

    မိုခါမုန်တိုင်းကြီးသည်မေလ ၁၃ရက်နေ့တွင်ရခိုင်ပြည်နယ်ရခိုင်ကမ်းရိုးတမ်းအနီးကို

    CAT4 powerful cyclone မုန်တိုင်းကြီးအဖြစ်ချဥ်းကပ်ရောက်ရှိလာချိန်မှာ ဒီရေလှိုင်းတွေခေါ်ဆောင်လာခဲ့မှာဖြစ်ပြီး ရေလှိုင်းအမြင့်မှာ ၃၀ပေအထိမြင့်တက်နိုင်ပါတယ်

    ပင်လယ်ကမ်းစပ်မြေနိမ့်နေထိုင်ကြသူတွေ အန္တရာယ်ရှိပါတယ်

    ဘေးအန္တရာယ်ကင်းကြပါစေ

    issued time

    12/05/2023 12:09pm(MMT)

    မိုးကြီးရေလျှံသတိ ⚠🌧🌧🌧🌧🌧🌧🌧

    မိုခါမုန်တိုင်းကြီးကသယ်ဆောင်လာတဲ့မိုးတိမ်များသည် ရခိုင်ရိုးမကိုလွှားကျော်ကာ မကွေးတိုင်း မန္တလေးတိုင်းရှမ်းနယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတွေကို ၂၄နာရီအတွင်း ရောက်ရှိလာကာနေရာကွက်မိုးကြီးနိုင်ပါတယ် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအားလုံးမှာမိုးတွေရွာပါမယ်

    မိုးကြီးရေလျှံသတိ 🌧⚠⚠⚠🌧🌧🌧

    ၂၀၂၃မေလ၁၄ရက်နေ့တွင်

    မကွေးတိုင်းနှင့်မန္တလေးတိုင်းဒေသကြီးတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီးချောက်ခရိုင် ညောင်ဦးခရိုင် ပခုက္ကူခရိုင် မြင်းခြံခရိုင်နှင့်ချောင်းနီးမြေနိမ့်တွင်နေထိုင်ကြသူများသတိထားကြပါ

     issued time

    12/05/2023 1:18am(MMT)

    Su Su San မင်း ဂွတ် သီး 

    Senior Meteorologist & 

    Advanced Weather Forecaster

    ----

    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2


  • article
likes27comments3
views273views10219