cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အထူးအထွက်တိုးကြံစိုက်နည်းစနစ်

. စိုက်ပျိုးနည်းစနစ်များ
ကြံမျိုးရွေးချယ်ခြင်း။ ရေမြေဒေသနှင့်ကိုက်ညီပြီးပိုးမွှားရောဂါဒဏ်ခံနိုင်သောအထွက်ကောင်းမျိုးကို ရွေးချယ် စိုက်ပျိုးရပါမည်။ အပင်သက်(၆- ၈)လခန့်ရှိသောမျိုးဖြစ်ကပို၍သင့်တော်ပါသည်။

  • မြေပြုပြင်ခြင်း။

    ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ရရှိစေရန်ထယ်(၂) စပ်၊ ထွန်(၄)စပ်ဆောင်ရွက်ပေးရပါမည်။မြေပြုပြင်စဉ်တွင် မြေခံအဖြစ် နွားချေး (၁၀)စီးမှအစီး(၂၀)ခန့်ဖြန့်ထည့်ပြီးအစိုဓါတ်ဆုံးရှုံးမှုနည်းပါးစေရန်ကြမ်းတုံးအုပ်နှပ်ထားရပါမည်။

    ကြံမျိုးခုတ်ပိုင်းခြင်း။

    ပိုးမွှားရောဂါကင်းစင်သောကြံမျိုးချောင်းကိုသာအသုံးပြုပါ။ ကြံဆစ်(၂)ဆစ်ကြားအလယ်တည့်တည့်နေရာတွင် ဓါးဖြင့်တစ်ချက်တည်းပြတ်အောင်ခုတ်ပိုင်းပါ။ကြံမျိုးချောင်းအဆစ်၏ အစိပ်အကျဲနှင့်လုံးပတ်အကြီး အသေးပေါ် မူတည်၍ (၂)ဆစ်ပိုင်း(သို့မဟုတ်)(၃)ဆစ်ပိုင်း ပိုင်းဖြတ်ရပါမည်။

    ကြံမျိုးပိုင်းစီရင်ခြင်း(ဆေးရည်စိမ်ခြင်း)။

    ကြံမျိုးပိုင်းများအားမှိုရောဂါကာကွယ်ရန် Topsin မှိုသတ်ဆေး (၁၀၀)ဂရမ်ကိုရေ(၂၂) ဂါလန်တွင်နာရီဝက်ခန့်(သို့မ ဟုတ်)ထုံး(၄)ပိဿာကိုရေ(၁၀၀)ဂါလန်တွင် ၂နာရီခန့် စိမ်ပြီး စိုက်ပါ။

    စိုက်မြောင်းဖော်ခြင်း။

    တန်းကြားအဖြစ် (၃ပေခွဲမှ ၅ပေခွဲ)ခန့်အတွင်းဒေသအခြေအနေနှင့်စက်ကိရိယာအသုံးပြုနိုင်မှုအရစိုက်မြောင်းဖော်ပါ။စိုက်မြောင်အတွင်းပေါက်ပြားဖြင့်(၁)ပေခွဲခန့်အနက်ရရှိအောင်ထပ်မံမြောင်းဆွဲပါ။

    မျိုးပိုင်းချစိုက်ပျိုးခြင်း။

    ကြံမျိုးပိုင်းချရာတွင်ကြံမျက်စိများအားဘေးတစ်ဖက် တစ်ချက်ထား၍စိုက်ခြင်းဖြင့် အပင်ပေါက်ညီခြင်း၊စုံခြင်းတို့ဖြစ်စေပါသည်။ကြံမျိုးပိုင်းအဖြစ်အပင်ပေါက်နှုန်းကောင်း သောအဖျားပိုင်းကိုသာအသုံးပြုနိုင်ပါကအကောင်းဆုံး ဖြစ်ပါသည်။တစ်ဧကအတွက် (၂-၃) ဆစ်ပါ ကြံမျိုးပိုင်းမျက်လုံးဖူး (၂၅၀၀၀-၃၀၀၀၀)ပိုင်းဝင်အောင်စိုက်ပျိုးပါ။အစိုဓါတ်အနေတော်တွင် ကြံမျိုးပိုင်း များအားနဘေထပ်၍ စိုက်ပျိုးပြီးစိုက်မြောင်းအတွင်းတွင်မြေအောင်းပိုးသတ်ဆေးနှင့်ဓါတ်မြေသြဇာများထည့်သွင်း၍မြေပါးပါးဖုံးပါ။ မျိုးပိုင်းချပြီးပါက(၂-၄)လက်မခန့်မြေပြန်ဖုံးပေးရပါမည်။

    မြေသြဇာသုံးစွဲနှုန်း။

    နှုန်းထား (၂:၁:၁) ကို အခြေခံပြီး မြေခံတွင် ယူရီးယား (၁) အိတ်၊ တီစူပါ(၁)အိတ်၊ ပိုတက်(၀.၅)အိတ် နှင့် ဘောင်လုံးချိန်တွင် ယူရီယား (၁) အိတ်၊ ပိုတက်(၀.၅)အိတ် ကျွေးရမည်။ အော်ဂဲနစ်မြေသြဇာနှင့်ရောစပ်ကျွေးက ပိုမို သင့်တော်ပါသည်။ ကြံတစ်တန်လျှင် မြေဆီလွှာမှ အာဟာရဓါတ် 1.0 kg N , 0.6 kg P2O5 နှင့် 2.25 kg K2O စုပ်ယူပါသည်။မြေဆီလွှာစစ်ဆေး၍ မျှော်မှန်းအထွက်တန်အတွက်တွက်ချက် ထည့်သွင်းသင့်ပါသည်။

    ကြံပင်ငယ်ပြုစုခြင်း

    အရန်ပျိုးပင်များအား ပျိုးဘောင်ဖြင့် ပျိုးထောင်ထားပါ။ မျိုးပိုင်းချ စိုက်ပျိုး ပြီး (၁) လခန့်အကြာ ကြံပင်ပေါက် တိုင်းတာစစ်ဆေး၍ ပင်သေပင်ပျောက်နေရာများတွင်ပျိုးပင်ဖြင့်ဖာထေးစိုက်ပျိုးပါ။ (သက်တူ/ရွယ် တူပျိုးပင်ဖြစ်ရပါမည်)စိုက်ပျိုးပြီး(၄)လသားအတွင်းပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ပါ။ကြံပင်ပွားထွက်ချိန် ကြံပင်သက်တမ်း(၆၀-၁၂၀)ရက်သားအတွင်း အစိုဓါတ် လုံလောက်အောင် သွင်းရေစီစဉ်၍ ယူရီး ယားဓါတ်မြေသြဇာကို (၂-၃)ကြိမ် ခွဲထည့်၍ဘောင်လုံးပေးရပါမည်။ ကြံပင်ယိုင်လဲမှုမှ ကာကွယ်ရန် မိုးဦးကျ ကာလတွင်ဘောင်ကြီးလုံးခြင်းကိုမဖြစ်မနေဆောင်ရွက်ပေးရမည်။ကျရောက်တတ်သောမှိုရောဂါများ၊ ကြံပင်ထိုးပိုးများကျရောက်ပါက ကာကွယ်နှိမ်နှင်းရမည်။ ပိုးကျသောကြံခင်း၌ ကြံရွက်ခြောက်များမီးရှို့၍လမိုင်းမထားဘဲသီးလှည့်စိုက်ပျိုးပါ။လေဝင်လေထွက်ကောင်းပြီး ပိုးမွှားခိုအောင်းခြင်းမရှိစေရန်ကြံပင်သက်တမ်းတစ်လျှောက်အောက်အရွက်များဝါခြောက်လာပါကကြံရွက်ချပေးပါ။ ကြံပင်ပေါ်တွင်အစိမ်းရောင်ကြံရွက်(၁၀)ရွက်မှ(၁၂)ရွက်ခန့်ကျန်ရှိရပါမည်။

    ခုတ်သိမ်းခြင်း။

    မီးဘေးကြိုတင်ကာကွယ်ရန်နှင့်လျင်မြန်စွာခုတ်သိမ်းနိုင်ရန်အတွက်ကြံမခုတ်သိမ်းမီ(၁)လခွဲ၊(၂)လအလိုကြံရွက်ချပါ။ မျိုးအတွက်ခုတ်သိမ်းမည်ဆိုပါကမျိုးအလိုက်သက် တမ်း(၈)လမှ(၉)လသားတွင်ခုတ်သိမ်းရပါမည်။ကြိတ်ဝါးကြံအတွက်စက်ရုံမှကြံဝယ်ယူချိန်နှင့်ချိန်ကိုက်၍နေ့စဉ်လိုအပ်သောပမာဏကိုသာခုတ်သိမ်းပါ။လမိုင်းထားမည်ဆိုပါကကြံပင်သက်တမ်း(၁၂)လထက်မကျော်လွန်ခင်ခုတ်သိမ်းပါ။စနစ်တကျလ မိုင်းပြင်ပါ။ ရင့်မှည့်ချိန်ထက်စော၍ခုတ်သိမ်းပါက(၁)ဧကလျှင်(၃)တန်မှ(၁၀)တန်လျော့နည်းနိုင်ပြီးရင့်မှည့်ချိန်ထက်နောက်ကျခုတ်သိမ်းပါက(၁)ဧကလျှင်(၀.၃၈)တန်မှ(၂.၈)တန်အထိအထွက်လျော့နိုင်ပါသည်။

    အလေအလွင့်ထိန်းသိမ်းခြင်း။

    အလေအလွင့်မရှိစေရန် ကြံပင်ခြေမြေကြီးနှင့်ကပ်၍ ခုတ်သိမ်းပါ။ကောက်သင်းကောက်ခြင်းကိုမဖြစ်မနေဆောင်ရွက်ပေးပါ။သယ်ယူချိန်လေလွင့်ဆုံးရှုံးခြင်းမရှိစေရန်စနစ်တကျစည်းနှောင်၍ပို့ဆောင်ပါ။

    Source: https://www.doa.gov.mm/fes/index.php?route=cms/article&path=13_20_62_65&article_id=54

     


  • article
likes23comments2
views434views3055