cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံခြင်းကြောင့် ငါးမွေးမြူရေးကန်များ ဆုံးရှုံးမှု့ မဖြစ်စေရန်အတွက် သတိပေးနှိုးဆော်ချက်

. ငါးမွေးမြူရေးသတင်း
ငါးထည့်ထားပြီးသောငါးမွေးကန်များနှင့်ငါးမထည့်ထားသောငါးမွေးကန်လွတ်များအတွက်
  • ငါးထည့်ထားပြီးသောငါးမွေးကန်များ


    မိုးသည်းထန်စွာ ရွာသွန်းသည့်အခါ ငါးကန် တာပေါင်တွေပေါ်မှာ ရေနဲ့နီးကပ်နေပြီး ရေလျှံဖို့ နီးကပ်နေပြီဆိုရင် ငါးမွေးမြူရေး ကန်များအနေဖြင့် ငါးတွေကို အမြန် ပြောင်းရွှေ့ပေးပါ။ အထူးသဖြင့် နောက်နှစ်မှာ သားဖောက်နိုင်မယ့် မျိုးငါးကြီးတွေကို အမြန်ရွှေ့ပြောင်းပေးပါ။

    ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များ ခိုင်ခံ့ရန် ကန်ပေါင်ပါးသော၊ နိမ့်သော နေရာများတွင် သဲအိတ်များဖုံး၍ ခိုင်ခံ့အောင် ပြုလုပ်ထားရန်။ ရေကြီးရေလျှံမှု ဖြစ်ပွါးပါက ငါးများလွတ်ထွက်မှု မရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားရန်။

    ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှုမှ ကာကွယ်ရန်အတွက် တုပ်ရိုက်ပြီး ဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များဖို့ထားရန်။ လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားရန်။

    သိုလှောင်ထားသော ငါးအစာနှင့် လုပ်ငန်းသုံး ပစ္စည်းများအား ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့ထားရန်။

    ငါးကန်ဘောင်ပေါ်တွင် သစ်ပင်ကြီးများရှိပါက ငါးကန်တွင်းသို့ သစ်ကိုင်းကျိုးကျမှုများအား ကာကွယ်နိုင်စေဖို့ သစ်ကိုင်းများအား ကြိုတင်ရှင်းလင်းထားရန်။


    ငါးမထည့်ထားသောငါးမွေးကန်လွတ်များ


    ကန်ပြင်ဖို့ စောင့်ဆိုင်းနေသော ငါးမွေးကန် အလွတ်များအတွက် ကန်အတွင်းသို့ ပြင်ပများရေများ မဝင်ရောက်စေရန် ရေဝင်ပေါက်များအား ပိတ်ဆို့ကာငါးကန်အား ပြင်ဆင်ထားရန်။

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes12comments0
views166views3985