cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၈.၅.၂၀၂၃ မှ ၁၂.၅.၂၀၂၃ရက်နေ့ထိဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
-ဆန်ချောဈေးငြိမ်နေ၊ဆန်ကြမ်းဈေးအနည်းငယ်မြင့်တက်
-မတ်ပဲစျေး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်မြင့်တက်
-ပဲစင်းငုံနီစျေး ဒီတစ်ပတ်မှာလည်းဆက်တိုက်မြင့်တက်
-ကုလားပဲဈေးက ပုံမှန် ပေါက်ဈေးနှုန်းထက်ပိုမိုမြင့်တက်
-ကြက်သွန်ဖြူ(ရှမ်း)စျေး၊ အာလူးဈေး မြင့်တက်
  • ဆန်စပါး

    ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ ဆန်ချောဈေးတွေ ငြိမ်နေပြီး ဆန်ကြမ်းအချို့ ဈေးအနည်းငယ်မြင့်တက်လာပါ တယ်။ဧရာဝတီတိုင်းဈေးကွက်မှာလည်း စပါးဈေးတွေ မြင့်တက်လာပါတယ်။ဈေးကွက်ထဲကို ဆန်အဝင်နည်းပြီး အရောင်းအဝယ်ကောင်းနေတယ်လို့သိရပါတယ်။

    လက်ရှိ မှာတော့ ပြည်ပ တင်ပို့မှု အပြင် ပြည်တွင်း ဝယ်လိုအားကလည်း ကောင်းနေပြီး ဈေးကောင်းနေတယ်လို့ ဆိုပါတယ်။ဆန်တွေက လက်ကားဈေးကွက်မှာလည်း မြင့်တက်နေသလို လက်လီ ဈေးကွက်မှာလည်း ပေါ်ဆန်းတစ်အိတ်ကို ၁၀၀၀၀လောက်ထိ ထပ်မံမြင့်တက်လာတယ်လို့ ဆန်ဝယ်ယူစားသုံးသူတွေက ဆိုပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ဆန်ချောတွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေး၊မြောင်းမြ၊ဖျာပုံ၊ဒေးဒရဲတို့က တစ်အိတ်ကို ၈၀၀၀၀ ကနေ ၁၀၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကတော့ တစ်အိတ်ကို ၅၇၀၀၀ ကနေ ၅၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်၊ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၆၇၀၀၀ ကနေ ၆၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၉၂၇၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၈၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်၊ပုသိမ်ဧည့်မထစပါး ကတော့တင်း ၁၀၀ ကို ၁၅၆၄၀၀၀ ပေါက်ဈေးရှိပြီး ၇၄၀၀၀ ကျပ်၊ဧည့်မထဆန်ကတော့တစ်အိတ်ကို ၅၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။

    မြောင်းမြပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၂၀၇၁၈၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂ သိန်းကျော်ဈေးမြင့်တက်လာပါတယ်။ဆန်ကလည်း တစ်အိတ်ကို ၈၀၀၀၀ ပေါက်ဈေးရှိကာ တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၁၆၁၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၄၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၆၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    အခြား ဒေးဒရဲ၊ဖျာပုံ၊လပွတ္တာပေါ်ဆန်းစပါး တို့ကတည်း တင်း ၁၀၀ ကို အနိမ့်ဆုံး ၈၀၀၀၀ ကနေ ၁၅၀၀၀၀ ကြားဈေးမြင့်တက်လာခဲ့ပါတယ်။

    မတ်ပဲ

    မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်ဈေးမြင့်တက်လာပါတယ်။အိန္ဒိယနိုင်ငံ ရဲ့ လိုအပ်ချက်ကြောင့် ပြည်တွင်း အရောင်းအဝယ်သွက်နေပြီး ဈေးကောင်းရရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ရက်ကတော့ အိန္ဒိယအစိုးရက မြန်မာကုန်သည်တွေ အနေနဲ့ ဈေးထိန်းရောင်းနေတာတွေကြောင့် ပဲဈေးတွေ မြင့်တက်နေတာဖြစ်တဲ့အတွက် အစိုးရချင်း G to G စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ သတိပေးပြောဆိုမှုတွေ ရှိတယ်လို့ အိန္ဒိယသတင်းမှာ ဖော်ပြထားပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၂၁၉၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ သောင်းကျော်ဈေးတက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၁၁၀၀၀ ကနေ ၂၁၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်တို့မှာလည်း တစ်တင်းကို ၆၈၅၀၀ ကနေ ၇၁၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀၀၀‌ေ လာက်ဈေးမြင့်တက်လာပါတယ်။

    ပဲစင်းငုံနီ

    ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာလည်း ဈေးက ဆက်တိုက်မြင့်တက်နေပါတယ်။အိန္ဒိယနိုင်ငံရဲ့ ပဲပေါက်ဈေးတန်းကို ကြည့်ပြီး ပြည်တွင်းအရောင်းအဝယ်ပြုလုပ်နေကြတာ ဖြစ်တယ်လို့ဆိုပါတယ်။အိန္ဒိယနိုင်ငံတွင်းမှာလည်း ပြည်တွင်း ပဲထွက်နှုန်းလျော့နည်းနေတဲ့အပြင် ပြည်ပနိုင်ငံတွေက ပို့ကုန်ပဲတွေကလည်း လျော့နည်းနေတာဖြစ်လို့ ဈေးက အမြင့်ဆုံး ဖြစ်နေပါတယ်။

    အိန္ဒိယအစိုးရက စောင့်ကြည့်အရေးယူမှုတွေ ပြုလုပ်မယ်လို့ ထုတ်ပြန်ကြေညာပြီး နောက်ပိုင်း အရောင်းအဝယ် အနည်းငယ်အေးသွားပြီး ဈေးထိန်းနေတဲ့အခြေအနေဖြစ်တယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၄၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈ သောင်းကျော်ဈေးတက်လာပါတယ်။မကြာခင် တစ်တန်ကို ၂၅ သိန်းအထက် ကို တက်နိုင်ခြေရှိနေတယ်လို့လည်း ကုန်သည်တွေက သုံးသပ်ပြောဆိုထားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်အိတ်ကို ၂၃၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၇၈၀၀၀ ကနေ ၇၉၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂၀၀၀‌ေ ကျာ်ဈေးမြင့်တက်လာပါတယ်။

    ကုလားပဲ

    ကုလားပဲကလည်း ဈေးမြင့်တက်လာပါတယ်။ပဲလက်ကျန်လျော့နေတာအပြင် အခြား ပြည်ပပို့ကုန်ပဲတွေပါ ဈေးမြင့်တက်နေတာဖြစ်လို့ ကုလားပဲဈေးက ပုံမှန် ပေါက်ဈေးနှုန်းထက်ပိုမိုမြင့်တက်နေတာလို့ ကုလားပဲကုန်သည်အချို့က ဆိုပါတယ်။

    ကုလားပဲဈေးကတော့ လက်ရှိ ပြည်တွင်း ဝယ်ယူမှု ကောင်းနေတဲ့ ပဲ ဖြစ်ပြီး စားတော်ပဲ အစားထိုးအသုံးပြုလာကြတာ ဖြစ်လို့ ပိုပြီး အဝယ်သွက်တယ်လို့ ဆိုပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၃၆၆၅ ကနေ ၃၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်၊ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၃၈၃၀ ကနေ ၃၉၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၄၉၀၀ ကနေ ၅၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၀၅၀၀၀ ကနေ ၂၀၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၂၁၇၀၀၀ ကနေ ၂၁၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၂၁၉၀၀၀ ကနေ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

    ကြက်သွန်ဖြူ

     ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ဈေးကွက်ထဲ ပုံမှန်အဝင်ရှိနေပေမယ့် အဝယ်သွက်ပြီးဈေးကောင်းနေတာဖြစ်ပါတယ်။ထို့ပြင် သယ်ယူစရိတ်မြင့်တက်တဲ့အတွက်ဈေးတွေလည်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၄၈၀၀ ကနေ ၆၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၆၂၀၀ ကနေ ၆၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    အာလူး

    အတန်ကြာဈေးငြိမ်နေတဲ့ အာလူးက ဒီတစ်ပတ်မှာတော့ ဈေးမြင့်တက်လာပါတယ်။ဈေးကွက်ထဲကို ပုံမှန်ထက် အဝင်များလာပေမယ့် အဝယ်သွက်နေလို့ ဈေးကောင်းရရှိနေတယ်လို့သိရပါတယ်။နေ့စဉ် ဈေးကွက်ထဲကို ကားအစီးရေ ၁၀စီးကနေ ၁၂ စီးကြား အဝင်ရှိတယ်လို့သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း)က တစ်ပိဿာကို ၁၃၅၀ ကနေ ၁၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    AMIA

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views102views2572