cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အစေ့ထုတ်ပြောင်းသီးနှံစိုက်ပျိုးနည်းစနစ်

. စိုက်ပျိုးနည်းစနစ်များ
အစေ့ထုတ်ပြောင်းသီးနှံတစ်ဧကလျှင်ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်အထောက်အကူပြုပေးနိုင်သည့်အောက်ဖော်ပြပါစိုက်ပျိုးနည်းစနစ်များအတိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

  • စိုက်ပျိုးနည်းစနစ်

    မိုး၊ဆောင်းရာသီများတွင်အပင်ဦးရေ(၂၀၀၀၀ မှ၂၅၀၀၀) ရရှိရန်တန်းကြား×ပင်ကြား(၃၀ʺ × ၉ʺ)ခြား၍မျိုးစေ့နှုန်း(၅ ကီလို)သုံးစွဲစိုက်ပျိုးရပါမည်။

    ကျွဲနွားတိရိစ္ဆာန်အညစ်အကြေးများကို(၃-၄)လထိကောင်းစွာဆွေးမြေ့ပြီးမှသာလျှင်သဘာဝမြေဩဇာအဖြစ်မြေပြင်စဉ်တွင်တစ်ဧကလျှင်(၃-၅)တန်ထည့်သွင်းပေးသင့်ပါသည်။

    အထွက်နှုန်းပိုမိုရရှိရန်ယူရီးယား(၅၆)ပေါင်၊တီစူပါ(၁၁၂)ပေါင်၊ပိုတက်ရှ်(၅၆)ပေါင်နှုန်းတို့ကိုမြေပြင်စဉ်တွင်ထည့်ရန်လိုအပ်ပြီး(၂၀-၂၁)ရက်သားတွင်ယူရီးယား(၅၆) ပေါင်၊ပိုတက်ရှ်(၂၈)ပေါင်နှုန်း၊(၃၅-၄၀)ရက်သားတွင်ယူရီးယား(၅၆)ပေါင်၊ပိုတက်ရှ်(၂၈)ပေါင်နှုန်းထည့်သွင်းရမည်။

    အပင်ပေါက်စုံပြီး(၁၄)ရက်သားတွင်တစ်ကျင်းလျှင်(၁)ပင်ချန်မဖြစ်မနေသားခွဲပြီးအပင်ခြေမြေဆွခြင်းဆောင်ရွက်ပေးရမည်။စိုက်ကွက်တွင်ရေမဝပ်စေရန်ဆောင်ရွက်ပေးရမည်။

    အပင်ပေါက်စုံပြီး(၃၅-၄၀)ရက်သားဘောင်တင်ပြီးသည်အထိပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ပေးရမည်။

    စိုက်ပျိုးချိန်နှင့်နို့ရည်တည်ချိန်တွင်ကြွက်ဝမ်းပူများဖျက်ဆီးတတ်သဖြင့်စိုက်ခင်းပတ်လည်သန့်ရှင်းရန်နှင့် ကြွက်ဆေးချပေးရမည်။

    မြေအမျိုးအစား

    မြေဩဇာထက်သန်သောနုံးမြေ၊နုံးမြေစေး၊သဲနုံးမြေ၊ရေဝပ်ခြင်းမရှိလေဝင်လေထွက်မျှတ၍မြေဆီလွှာနက်သောမြေမျိုးတွင်အထူးသင့်တော်ပါသည်။မြေအချဉ်ငံဓာတ် (၅.၃ မှ ၇.၃)တွင်စိုက်ပျိုးနိုင်ပြီးမြေအချဉ်ငံဓာတ်(၆)မှ(၇)သည်အကောင်းဆုံးဖြစ်ပါသည်။

    စိုက်ပျိုးချိန်

    မိုးရာသီတွင်(မေလဆန်း)မှ(ဇွန်လကုန်)၊ဆောင်းရာသီတွင်(စက်တင်ဘာလ)မှ (အောက်တိုဘာလ)အတွင်းစိုက်ပျိုးသင့်ပါသည်။

    မြစ်ဝကျွန်းပေါ်ဒေသနှင့်ကိုင်း/ကျွန်းစိုက်ဧရိယာများတွင်နိုဝင်ဘာလကုန်ဒီဇင်ဘာလဆန်းပိုင်းအထိစိုက်ပျိုးကြပါသည်။

    မျိုး

    အများဆုံးစိုက်ပျိုးသည့်မျိုးစေ့မှာပြည်ပမှမှာယူရသောစပ်မျိုးများဖြစ်ပါသည်။စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှလည်းပြည်တွင်းစပ်မျိုးများထုတ်လုပ်ဖြန့်ဖြူးပါသည်။

    CP စပ်မျိုးများ (CP-၈၀၈၊ CP-၈၀၁၊ CP-၈၀၉) မျိုးများကို အများဆုံးစိုက်ပျိုးပါသည်။

    Golden Tiger, Golden Power, Pacific Crown, Armo)စသည့်စပ်မျိုးများလည်းစိုက်ပျိုး ပါသည်။

    သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း

    စိုက်ပြီး(၇)ရက်အကြာတွင်အပင်မပေါက်သည့်ကျင်းများတွင်မျိုးစေ့ထပ်ချပေးရမည်။

    အပင်ပေါက်စုံပြီး(၁၄)ရက်သားတွင်တစ်ကျင်းလျှင်(၁)ပင်ချန်မဖြစ်မနေသားခွဲပြီးအပင်ခြေမြေဆွခြင်းဆောင်ရွက်ပေးရမည်။

    - (၂၀-၂၁)ရက်သားတွင်မြေဩဇာထည့်သွင်းပြီးကြားထွန်လိုက်ပေးရမည်။

    - (၃၅-၄၀)ရက်သားတွင်မြေဩဇာထပ်မံထည့်သွင်းပြီးဘောင်တင်ပေးရမည်။

    - စိုက်ကွက်တွင်ရေမဝပ်စေရန်ဆောင်ရွက်ပေးရမည်။

    - ဘောင်တင်ပြီးသည့်အထိပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ပေးရမည်။

    - ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့်နို့ရည်တည်ချိန်အစိုဓာတ်မလုံလောက်ပါကရေသွင်းပေးရမည်။

    ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ

    - ပြောင်းဖူးဖက်များအဝါရောင်သန်းစပြုပြီးပြောင်းဖူးအညှာကိုလက်သည်းဖြင့် ခြစ်ကြည့်ပါကအမည်းရောင်အမှတ်(Black Layer)တွေ့ရှိချိန်(သို့မဟုတ်)ပြောင်းရွက်များ (၈၀-၉၀%)ခြောက်သွေ့ချိန်ရိတ်သိမ်းရမည်။

    - မရင့်မှည်ခင်ရိတ်သိမ်းခြင်း၊နောက်ကျ၍ရိတ်သိမ်းခြင်းရှောင်ရမည်။

    - ရိတ်သိမ်းပြီးချက်ချင်းဖက်ခွာ၍(၅-၇)ခန့်နေလှန်းပြီးအစိုဓာတ်(၁၅%)ရှိချိန်တွင်စနစ်တကျချွေပေးရမည်။

    - ချွေပြီးအစေ့များကိုမြေကြီးနှင့်တိုက်ရိုက်မထိစေရန်ဖျာ၊မိုးကာ၊ကွန်ကရစ်အခင်းပေါ်တွင်ခပ်ပါးပါးဖြန့်၍နေလှန်းအခြောက်ခံပြီးအစေ့များအစိုဓာတ်(၁၂%)ရှိချိန် သန့်စင်ပြီးလေလုံအိတ်များ၊သံပုံးများဖြင့်စနစ်တကျသိုလှောင်ရမည်။

    တန်ဘိုးမြှင့်ထုတ်ကုန်များ

    - အစေ့ထုတ်ပြောင်းသီးနှံကိုမွေးမြူရေးလုပ်ငန်းသုံးစပ်စာအဖြစ်အသုံးပြုခြင်း၊ပြောင်းဖူးဆီ(စားသုံးဆီ)၊ပြောင်းဖူးကစီမှုန့်၊ပြောင်းဖူးကလူးကို့စ်(အရည်/အမှုန့်)၊ ပြောင်းဖူးနှင့်ပြုလုပ်သောတစ်ဆင့်မြင့်အရည်၊အီသနောလောင်စာ၊အရက်ချက်လုပ်ခြင်းစသည့်တန်ဘိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ပါသည်။

    Source:စိုက်ပျိုးရေးဦးစီးဌာန


  • article
likes11comments0
views145views2401