cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးနည်းဒေသများအတွက် မိုးစပါး ပျိုးထောင်စိုက်နည်း

. စိုက်ပျိုးနည်းစနစ်များ
၁။သင့်လျော်သောစပါးမျိုးရွေးချယ်ခြင်း

ဧရာမင်း၊မနောသုခ၊ဆင်းသုခ၊မနော်ဟရီ၊သီရိသုခ

  • ၂။ ပျိုးဘောင်ပြင်ဆင်ခြင်း

    ပျိုးခင်းနေရာကို သွင်းရေအတွက် မခက်ခဲသော၊ရေချိုအရင်းအမြစ်နှင့်နီးသော၊လမ်းမီးရောင်နှင့်ဝေးသော၊ရောဂါနှင့်ပေါင်းမြက်တို့ကင်းစင်သော၊မြေဆီဩဇာထက်သန်သောမြေနေရာကိုရွေးပါ။

    အရည်အသွေးကောင်းမျိုးစေ့မျိုးသန့်ကို ပြာတီးသန့်စင်၍ ဆားရည်စိမ်ရွေးချယ်ပြီးမှ အသုံးပြုပါ။

    မျိုးစေ့ကို ၁ ရက်ရေစိမ်ပြီးမှ ၁ ရက်(သို့) ၂ ရက်၊စာပါးစပ်ပြူချိန်ထိမျိုးအုပ်ပါ။

    မျိုးစေ့မချမီ ၂-၃ ရက်အလိုတွင် ပျိုးဘောင်ပြင်ဆင်ပါ။

    တစ်ဧကစိုက်ခင်းအတွက် မျိုးစေ့ ၁၀ ပြည် မှ တစ်တင်းနှင့် ပျိုးဘောင်ဧရိယာ ၀.၁ ဧက(စိမ့်မြောင်းဧရိယာမပါ)လိုအပ်ပါသည်။

    မြေပြင်ချိန်တွင် ပျိုးခင်း ၀.၅ ဧကအတွက် မြေဆွေး(သို့)နွားချေးဆွေး လှည်းတစ်စီး ညီညာစွာထည့်ပါ။

    ၃ပေခြားတိုင်း ၁ ပေ(သို့) ၁ပေခွဲအကျယ်စိမ့်မြောင်းတစ်ကြောင်းဖော်ပါ။

    ပျိုးဘောင်မြေမျက်နှာပြင်ကို ညီညာအောင်ညှိပါ။

    ပျိုးဘောင်ဧရိယာ ၀.၅ဧကအတွက် ၁၅ပတ်လည် ကွန်ပေါင်းမြေဩဇာ ၁ပြည်ခွဲထည့်ပါ။

    အညှောင့်ဖောက်ထားသောမျိုးစေ့များအား ပျိုးဘောင်ပေါ်သို့ညီညာစွာ(ပျိုးဘောင် ၃ ပေပတ်လည်ပေါ်တွင် မျိုးစေ့ နို့ဆီဘူး ၁ ဘူးခွဲနှုန်း) ကြဲပက်ပြီး မြေဆွေး၊နွားချေးဆွေး၊စပါးခွံဖွဲပြာ ခပ်ပါးပါး ဖုံးအုပ်ပါ။

    ပျိုးဘောင်ကို အမြဲစိုအောင်ရေထိန်းထားပါ။ ပျိုးကြဲပြီး ၅-၇ ရက်မှစ၍ ပျိုးပင်သက်တမ်းတလျှောက် အပင်အမြင့်ပေါ်မူတည်၍ ရေခပ်ပါးပါးထား၍ ရေသွင်းရေထုတ်ပြုလုပ်ပါ။လိုအပ်ပါက ပိုးမွှား၊ရောဂါကို စနစ်တကျကာကွယ်နှိမ်နင်းပါ။

    ပျိုးမနုတ်မီ ၇-၁၀ ရက်ခန့်အလိုတွင် ပျိုးဘောင်ဧရိယာ ၀.၅ ဧကအတွက် ယူရီးယား ၁ ပြည်ခွဲကို ရေဖျော်လောင်း(သို့) ကြဲပက်ကျွေးပါ။

    ရွှေ့ပြောင်းမစိုက်မီ ပျိုးဘောင်ကို ပေါင်းကင်းစင်အောင် ဆောင်ရွက်ပါ။

    ပျိုးနုတ်ခါနီးအချိန်တွင် ရေသွင်းပေးခြင်းဖြင့် ပျိုးနုတ်ရလွယ်ကူစေပြီး ပျိုးပင်များဒါဏ်ရာရမှု သက်သာစေပါသည်။

    ပျိုးနုတ်ရာတွင် အမြစ်များ မပြတ်ရန် သတိထားရမည်။

    ၃။ စိုက်ခင်းမြေပြင်ခြင်း

    မိုးရွာပြီးနောက် လုံလောက်သောအစိုဓါတ်ရရှိချိန်တွင် ထယ်အနက် ၆-၈လက်မခန့်ထယ်ထိုးပါ။

    ထယ်ထိုးပြီး တစ်ပါတ်အကြာတွင် ထွန်နှစ်ကြိမ်မွှေပါ။ ပေါင်းမြက်များနှင့်သီးနှံအကြွင်းအကျန်များကို ထွန်မွှေစဉ် ဖယ်ရှားပြီး ကြမ်းတုံးရိုက်ပါ။

    မစိုက်မီနှစ်ရက်အလိုတွင် စက်တုံး(၂-၃ စပ်) ခုတ်ပါ။

    စက်တုံးခုတ်စဉ်မြေခံမြေဩဇာကို ညီညာစွာကြဲပက်ပါ။

    ကြမ်းတုံးရိုက်၍ မြေကိုညီညာအောင်ညှိပါ။

    ၄။ စိုက်စနစ်

    ရွှေ့ပြောင်းစိုက်ပျိုးခြင်း

    ပျိုးသက် ၂၅-၃၅ ရက်အတွင်း ပြောင်းရွှေ့စိုက်ပျိုးပါ။

    ပျိုးနှုတ်ပြီး ၁ ရက်အတွင်း ပြောင်းရွှေ့စိုက်ပျိုးပါ။

    ကောက်ကွက် ၁ ကွက်လျှင် ပျိုးပင်လက်ဆ ၂-၃ ပင် သုံး၍ သမန်းအတွင်းသို့ ၁-၁.၅လက်မထက်ပိုမနက်စေပဲစိုက်ပျိုးပါ။

    တန်းကြားပင်ကြားကို ၈ လက်မ X ၆ လက်မ ထား၍ အတန်းလိုက်စိုက်ပျိုးပါ။

    အတန်းလိုက်မစိုက်နိုင်ပါက ကောက်ကွက် တစ်သိန်းသုံးသောင်းဝင်အောင်စိုက်ပါ။

    စိုက်ပြီးတစ်ပါတ်အတွင်း ကောက်ပင်ဖာပါ။

    ၅။ မြေဩဇာကျွေးခြင်း

    ပိုတက်စီယမ်ဓါတ်ရရှိနိုင်သော ကောက်ရိုး၊နှမ်းရိုး၊စပါးခွံများကို မြေဆွေးပြုလုပ်သုံးစွဲပါ။

    သီးနှံအကြွင်းအကျန်များနှင့် နွားချေးတို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင်ထည့်သွင်းခြင်းသည် အပင်၏အနည်းလိုအဟာရဓါတ်များကိုပံ့ပိုးသည့်အပြင် မြေ၏ရေထိန်းစွမ်းအားကိုပါ တိုးတတ်စေသည်။ (တစ်ဧကမြေဩဇာနှုန်းထားဇယားကိုပုံတွင်ကြည့်ရှုနိုင်ပါသည်။)

    ၆။ ရေသွင်းရေထုတ်ပြုလုပ်ခြင်း

    ရေသွင်းရေထုတ်လွယ်ကူစေရန် လယ်ကြားမြောင်းများပြုလုပ်ပါ။

    ရေကို လိုအပ်သလိုဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကိုညီအောင်ညှိပါ။

    ကန်သင်းများကို ခိုင်ခံ့အောင်ပြုလုပ်ပြီး ကြွက်တွင်းများမရှိစေရန်နှင့် ကန်သင်းရေလုံအောင်ဂရုစိုက်ပါ။

    ကန်သင်းတိုင်းတွင် ရေသွင်းရေထုတ်ပေါင်နှင့်ရေလျှံပေါက် ပြုလုပ်ထားပါ။

    မိုးရေကိုလယ်ကွက်အတွင်းသိုလှောင်အသုံးပြုရန် ကန်သင်းကိုတစ်ပေခွဲခန့်အမြင့်၊နှစ်ပေခွဲခန့်အကျယ်ပြုလုပ်ပါ။

    ရေလျှံပေါက်၏အမြင့်ကို ကန်သင်းအမြင့်မှ ၂ လက်မ မှ ၄ လက်မခန့်နိမ့်အောင် ပြင်ဆင်ပြုလုပ်ပါ။

    မိုးရွာ၍ စီးဆင်းလာသောရေကို လယ်ကွက်အတွင်း(သို့) ကျေးရွာပိုင်ရေသိုလှောင်ကန်များအတွင်းသို့ သွယ်တန်းစီးဆင်းစေ၍ သိုလှောင်ပါ။

    စိုတစ်ခါ ခြောက်တစ်လှည့် ရေပေးစနစ်ကို ပင်ပွားအများဆုံးချိန်တွင် ကျင့်သုံးပါ။

    မရိတ်မီ ၂ ပတ်အလိုတွင် ရေဖောက်ထုတ်ပါ။

    ၇။ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း

    မြေကိုကောင်းစွာပြုပြင်ခြင်းဖြင့်ပေါင်းနှိမ်နင်းပါ။ပထမအကြိမ် ထယ်ထိုးထွန်ယက်ပြီးနောက် ပေါင်းပင်ငယ်များထွက်ခါစတွင် ဒုတိယအကြိမ်ထယ်ထိုးထွန်မွှေခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းပါ။

    ရွှေ့ပြောင်းမစိုက်မီ သမန်းပြင်ပြီး မြက်ခေါင်းကောက်ပါ။

    စပါးပင်သက်တမ်းအစောပိုင်းတွင် စိုက်ခင်းအတွင်းရေထားရှိခြင်းနှင့် ကောက်ကွက်စိပ်စိပ်စိုက်ခြင်းသည် ပေါင်းပင်ကျရောက်မှုကို သက်သာစေပါသည်။

    အတန်းလိုက်စိုက်ပါက ရေထုတ်ပြီးသမန်းနှိုးကိရိယာဖြင့် ကြားပေါင်းလိုက်ပါ။

    ပေါင်းနှိမ်နင်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀-၄၅ ရက်မတိုင်မီ အပြီးဆောင်ရွက်ပါ။

    Source:စိုက်ပျိုးရေးဦးစီးဌာန

    ------


  • article
likes7comments0
views221views1668