cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆောင်းနှမ်းများ ရေလွမ်း ခံရသောကြောင့် နှမ်းစျေးများ မြင့်တက်လာ

. ဈေးကွက်
ရာသီဥတုဖောက်ပြန်ကာ မိုးများဆက်တိုက်သလို့ ရွာသွန်းနေခြင်းကြောင့် မိုးမိပြီး နှမ်းအတွင်းရေဝင်ကာ နှမ်းအထွက်နှုန်းအပြင် နှမ်းအရည်အသွေး ပိုင်းလည်း ထိခိုက်ကြောင်း သိရသည်။
  • လက်ရှိဖြစ်ပေါ်နေသည့် မုန့်တိုင်းကြောင့် တချို့ ဒေသများတွင် ဆောင်းနှမ်းများရေလွမ်း ခံရ၍ ပျက် စီး ခဲ့သောကြောင့် နှမ်းလက်ကျန် နည်းကာ နှမ်းစျေးများ မြင့်တက်လာ ကြောင်းသိရသည်။


    ထို့ အပြင်မိုးနှမ်းစိုက်ခြင်းကို လည်း ဇွန်လ မှသာ စိုက်ပျိုးကြမည်ဖြစ်၍ နှမ်းစျေးကွက် တွင် နှမ်းလက်ကျန် နည်းနေပြီး အက်စစ်အောင်သည့် နှမ်း ရှာကာ စျေးနှုန်း မြင့်တက်ခြင်း ဖြစ်ကြောင်းသိရသည်။


    “ ဆင်ဖြူကျွန်း၊ စလင်း ဘက်က နယ်တွေက နှမ်းခင်းကျယ်ပြန့်တယ်။အဲ့ဒီမှာက မိုးကအရမ်းရွာ လိုက်တော့ ဆောင်းနှမ်းတွေရေတွေဝင်ကုန်ပြီး ပျက်ကုန်လို့ စျေးတက်နေတယ်။ ရေဝင်တော့ အရည်သွေးနိမ့်တယ်။ ဒါကြောင့် စျေးကွက်မှာ အဓိက အရောင်းသွားနေတာက အက်စစ်အောင်တဲ့ နှမ်းတွေပါ။ နှမ်းကို အက်စစ်ပါမပါစစ်ပြီး မှ အရောင်းဝယ်လုပ်ကြတယ်။“ဟု အောင်လံမြို့မှ နှမ်းကုန်သည် ဦးအောင်မိုး ကပြောသည်။


    ရာသီဥတုဖောက်ပြန်ကာ မိုးများဆက်တိုက်သလို့ ရွာသွန်းနေခြင်းကြောင့် မိုးမိပြီး နှမ်းအတွင်းရေဝင်ကာ နှမ်းအထွက်နှုန်းအပြင် နှမ်းအရည်အသွေး ပိုင်းလည်း ထိခိုက်ကြောင်း သိရသည်။


    ထို့ကြောင့်ဈေးကွက်အတွင်း နှမ်းဝယ်သူများ အနေဖြင့် နှမ်းအတွင်းအက်စစ်ဓာတ်ပါဝင်မှုကို တိုင်းတာပြီးမှ ဝယ်ယူခြင်းများ သာရှိကြောင်း သိရသည်။


    ယခင် နှမ်းနက် ၄၅ပိသာ၀င် တစ်အိတ် ကို နှစ်သိန်း ငါး သောင်း ပေါက်စျေး သာရှိ ခဲ့ရာမှ ယခုလျှင် အက်စစ်အောင်သည့် နှမ်း ၄၅ပိသာ၀င် တစ်အိတ်ကို မန္တလေး တွင် သုံးသိန်း နှစ်သောင်း ထိရှိပြီးအက်စစ်မအောင်သည့် နှမ်း ၄၅ပိသာ၀င် လျှင်ယခင်က ၂သိန်း၅သောင်း မှ ယခု ၂သိန်း၉သောင်း ထိ ပေါက်စျေးရှိကြောင်းသိရသည်။


    လက်ရှိ ပြည်တွင်းနှမ်းကို တရုတ်နယ်စပ်ဂိတ်များ မှ တဆင့် ပုံမှန် တင်ပို့ နေရ ခြင်း ဖြစ်ပြီးအဝယ်အနည်းငယ်သာရှိကြောင်းသိရသည်။


    “ ဂျပန်က သိပ်အဝယ်မရှိဘူး ၊တရုတ်ပဲသွားနေတယ်။နယ်စပ်ဘက်ကပဲသွားနေတယ်။မန္တလေးကုန်သည်တွေက ကြိုဝယ်တဲ့သဘောပါ ။ဟိုဘက် demand သိပ်မကောင်းသေးပါဘူး”ဟု နှမ်းexporterတစ်ဦး ကပြောသည်။


    ပြည်တွင်းနှမ်း များကို တစ်နှစ်လျှင် တရုတ်ဘက်သို့ တန်ချိန် ၃သိန်းခန့် တင်ပို့လျှက်ရှိကြောင်းသိရသည်။


    မြန်မာနိုင်ငံမှ မိုးနှမ်းများ တွင် ရိတ်သိမ်းချိန် အစိုဓာတ်များသည့် အတွက် အက်စစ်ပါဝင်မူ မှာ တစ်ရာခိုင်နှုန်း မှ နှစ်ရာခိုင်နှုန်းအထိ ပါဝင်မူ များရှိကြောင်း သိရပြီး လာမည့်မိုးနှမ်းစိုက်ပျိုးချိန် ထို ကဲ့သို့ ပါဝင် မူမရှိရန် ထိန်းသိမ်းစောက်ရှောက်ရန် လိုအပ်ကြောင်း သုံးသပ် ကြသည်။


    ပြည်တွင်းတွင်းပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆သိန်းမှ ၈သိန်း ထိ ထွက်လေ့ ရှိပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် နှမ်းသုံးချိုး တချိုးသာ ထွက်ရှိကြောင်း သိရသည်။


    မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ ကို လည်း တင်ပို့ လေ့ရှိပြီး တရုတ်နိုင်ငံ တခုတည်းသာအာထား တင်ပို့နေရကြောင်း ကျန် နိုင်ငံများ သို့တင်ပို့ ရန် အခက်ခဲများစွာရှိနေကြောင်လည် သိရသည်။


    မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက် ပျိုးလျက်ရှိ ပြီး မကွေးတိုင်းဒေသကြီးအောင်လံမြို့နယ်မှ ထွက်ရှိသည့် နှမ်းနက်သည် အရည်အသွေးအလွန်ကောင်းမွန်သဖြင့် ဂျပန်နိုင်ငံမှ အလွန်နှစ်သက်ကြောင်းလည်း လေ့လာ တွေ့ရှိရ သည်။


    ဖိုးချဲ (AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views92views1546