cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖရဲသီးစားသုံးခြင်းက ကျန်းမာရေးကို အထောက်အကူ ပြုပုံ ( အပိုင်း -၃)

. ကျန်းမာရေး
၁၃ ။ ခုခံနိုင်စွမ်းအားကို တိုးစေခြင်းဖရဲသီးဟာ Vitamin C ဓာတ်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို တိုးစေပါတယ်။ အသီးထဲမှာ ပါဝင်တဲ့ Vitamin B6 က လည်း ခုခံနိုင်စွမ်းအားကိုလည်း တိုးစေပါတယ်။
  • အဲဒီ Vitamins တွေဟာ သွေးနီဥ ဖြစ်ပေါ်မှုကို အားဖြည့်ပေးပါတယ်။ Vitamin A ပါဝင်တဲ့ အသီးတွေဟာ ခုခံအားစနစ်ကို ပုံမှန်လုပ်ဆောင်စေပြီး ရောဂါဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

    ၁၄ ။ ဆီးချိုရောဂါကိုလည်း ကူညီပေးနိုင်ခြင်း

    ဖရဲသီးနဲ့ ဆီးချိုရောဂါနဲ့ ဘယ်လိုဆက်စပ်မှုမျိုးရှိနေလဲ။ ဖရဲသီးမှာ အချိုဓာတ်ပါဝင်မှု မြင့်မားပေမဲ့ ဆီးချိုသမားတွေအတွက် သင့်တော်မှု ရှိပါတယ်။ နိုက်ဂျီးရီးယား လေ့လာတွေ့ရှိချက်အရ ဖရဲဟာ ဆီချိုးကို ခုခံကာကွယ်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ဆိုထားပါတယ်။ အခြားသော တွေ့ရှိချက်တွေအရ ဖရဲသီးခွံဖတ်လေးတွေပါတဲ့ ဖျော်ရည်က အညိုရောင်ရှိတဲ့ အဆီ တစ်ရှူးစုစည်းမှုကို တိုးစေပြီး အဖြူရောင် ရှိတဲ့အဆီခဲကို လျော့ကျစေတဲ့ အတွက် ဆီးချိုရောဂါအတွက် ကောင်းပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါဝေဒနာရှင်တွေအတွက် စားသုံးချင်တယ်ဆိုရင် ဆရာဝန်ဆီက အကြံဉာဏ်ယူတာက အကောင်းဆုံးပါ။

    ၁၅ ။ ဆဲလ်သေတာကို ကာကွယ်နိုင်ခြင်း

    ဖရဲမှာ Lycopene ဓာတ်ကြွယ်ဝတဲ့အတွက် နှလုံးရောဂါကြောင့် ဖြစ်တတ်တဲ့ ဆဲလ်တွေ သေဆုံးပျက်စီးခြင်းကို ကာကွယ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။

    ၁၆ ။ အပူရှပ်တာကို ကာကွယ်နိုင်ခြင်း

    ဖရဲသီးမှာရေဓာတ်ပါဝင်တဲ့ အတွက် အပူလွန်ကဲတာတွေကို ကာကွယ်ပေးနိုင်တယ်လို့ဆိုကြပါတယ်။

    ၁၇။ သွားဖုံးကျန်းမာရေးကို ကူညီပေးခြင်း

    ဖရဲသီးမှာ ပါဝင်တဲ့ Vitamin C က ဆံချည်မျှင် သွေးကြောကလေးတွေနဲ့ သွားဖုံးကျန်းမာရေးကိုလည်း အထောက်အကူ ပြုပါတယ်။ Vitamin C ချို့တဲ့ရင် သွားဖုံးသွေယိုခြင်းတွေ ဖြစ်တတ်ပါတယ်။ ဖရဲသီးစားမယ်ဆိုရင်တော့ အဲလို အခြေအနေမျိုးတွေ မဖြစ်စေနိုင်ပါဘူး။ ဖရဲသီးမှာ ပါဝင်တဲ့ Vitamin C က ပါးစပ်အတွင်းမှာ ရှိတဲ့ သွားဖုံးရောဂါကို ဖြစ်စေနိုင်တဲ့

    ဘတ်တီးရီးယားတွေကို သေစေနိုင်တယ်လို့ ဆိုထားကြပါတယ်။

    ၁၈ ။ စွမ်းအင်ကို မြင့်တင်ပေးခြင်း

    ဖရဲသီးမှာ ခန္ဓာကိုယ်တွင်းမှာ စွမ်းအင် ထုတ်လုပ်မှုကို တိုးမြင့်ပေးနိုင်တဲ့Vitamin B ပါဝင်ပါတယ်။ ဖရဲသီးမှာ ကယ်လိုရီပါဝင်မှု ပမာဏကနည်းပါတယ်။ ဒါကြောင့် ဖရဲသီးစားမယ်ဆိုရင်တော့ စွမ်းအင်ကို မြင့်တင်ပေးနိုင်တဲ့အတွက် တက်ကြွလန်းဆန်းမှုကို ဖြစ်စေတယ်လို့ဆိုထားကြပါတယ်။

    Source: https://www.stylecraze.com/articles/benefits-of-watermelon-for-skin-hair-and-health/

     


  • article
likes7comments0
views118views2729