cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အရွက် ၁၀ မျိုးစပ် ထိပ်တန်း‌ဆေးဖျော်စပ်နည်း

. ပိုးမွှား
လိုအပ်သော ပစ္စည်းများ

၁။ ၂၀ လီတာဆန့်သော ပုံးလွတ်တစ်ခု

၂။ ရေ - ၂၀၀ လီတာ

  • ၃။ နွားချေး - ၁ ပိဿာ ၂၀ ကျပ်သား

    ၄။ နွားသေး - ၁၀- ၂၀ လီတာ

    ၅။ နနွင်းမှုန့် - ၁၂ ကျပ်သား

    ၆။ ဂျင်းထောင်း - ၃၀ ကျပ်သား

    ၇။ကြက်သွန်ဖြူထောင်း - ၃၀ ကျပ်သား

    ၈။ငရုတ်သီးထောင်း - ၃၀ ကျပ်သား

    ၉။တမာရွက် - ၁ ပိဿာ ၂၀ ကျပ်သား

    ၁၀။ လသာရွက် - ၁ ပိဿာ ၂၀ ကျပ်သား

    ၁၁။ဩဇာရွက် - ၁ ပိဿာ ၂၀ ကျပ်သား

    ၁၂။ကြက်ဆူရွက် - ၁ ပိဿာ ၂၀ ကျပ်သား

    ၁၃။ပဒိုင်းရွက် - ၁ ပိဿာ ၂၀ ကျပ်သား

    ၁၄။နွယ်သာဂီရွက် - ၁ ပိဿာ ၂၀ ကျပ်သား

    ၁၅။စိန်နားဘန်ရွက် - ၁ ပိဿာ ၂၀ ကျပ်သား

    ၁၆။မရိုးစေးရွက် - ၁ ပိဿာ ၂၀ ကျပ်သား

    ၁၇။သင်္ဘောရွက် - ၁ ပိဿာ ၂၀ ကျပ်သား

    ၁၈။ ဒန့်သလွန်ရွက် - ၁ ပိဿာ ၂၀ ကျပ်သား

    ပြုလုပ်ပုံ

    အရွက်များအားလုံး နုတ်နုတ်စဉ်းထားရပါမည်။ ပထမရက်တွင် နံပါတ် ၁ မှ နံပါတ် ၆ အထိ ပါဝင်ပစ္စည်းများကို အကုန်ရော၍ ထည့်ရပါမည်။ ဒုတိယရက်တွင် နံပါတ် (၇) နှင့် (၈) ရှိ ပါဝင် ပစ္စည်းများကို ထပ်မံပေါင်းထည့် ရပါမည်။ တတိယ ရက်တွင် ကျန်ရှိနေသော ပါဝင်ပစ္စည်းများကို ထပ်မံပေါင်းထည့် ပေးရပါမည်။ ထိုဆေး ဖော်စပ်နေစဉ် သုံးရက်ခန့် မနက် (၁) ကြိမ်၊ ညနေ (၁) ကြိမ် နှံ့စပ်မှုရှိ အောင် မွှေပေးရပါမည်။ ၎င်းဆေးနည်းကို အသုံးမပြုခင် ရက် ၃၀ မှ ၄၀ ခန့် ကြိုတင်၍ ဖော်စပ်ထားရပါမည်။

    နှုန်းထား

    ၁ ဧကလျှင် ဆေး ၆-၇ လီတာကို ရေ ၂၀၀ လီတာနှင် ရောစပ် အသုံးပြုနိုင်ပါသည်။ သတိပြုရန်မှာ ဆေးဖျန်းစဉ်တွင် ဆေးကို တပင်လုံး နှံ့စပ်စွာ စိုစွတ်နိုင်အောင် ဇိမ်တည်ပြီး ဖျန်းပေးပါ။

    မှတ်ချက် - စုပ်စားပိုးနှင့် သီးလုံးဖောက်ပိုးများအတွက် အသုံးပြုနိုင်ပါသည်။

     


  • article
  • article
  • article
likes14comments3
views204views2850