cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးသားပေါက်များကန်အတွင်းသို့မထည့်မှီ သားစားငါးနှင့် ငါးရိုင်းများရှင်းလင်းခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးမွေးတောင်သူများသည် မိုးဉီးကျအချိန်တွင် ငါးသားပေါက်ထည့်သွင်းလုပ်ငန်းကို ဆောင်ရွက်ကြ သည်ကများပါသည်။
  • ငါးသားပေါက်အရွယ်အစားမှာ (၂)လက်မမှ (၅)လက်မအထိ ထည့်သွင်းမွေးမြူကြသည် ကိုသိရှိရပါသည်။ ငါးမွေးမြူရေး စနစ်အရ ကန်ပြင်ဆင်ခြင်းနှင့် ရေဩဇာ ရရှိစေရန် ဆောင်ရွက်ပြီး ငါးသား ပေါက်ထည့်သွင်းကြသည်ကအများစုတွေ့ရှိနေရပါသည်။ ထို့ကြောင့် ငါးမွေးမြူရေးကန်အတွင်းတွင် သားစား ငါးနှင့် ငါးရိုင်များရှိနေပါက သါ'မွေးမြူရေးကို ထခိုက်စေနိုင်ကြောင်းနှင့် သားစားငါးနှင့် ငါးရိုင်းများရှင်းလင်း မှု့ကို တင်ပြအပ်ပါသည်။

    သားစားငါးဆိုသည်မှာ ငါးရန့် ၊ငါးခူနှင့် ကကတစ်ငါးဖြစ်ကြောင်းအများစုသိရှိကြပါသည်။ အဆိုပါ သားစားငါးသည် မွေးမြူရေးငါးကန်အတွင်းရောက်ရှိနေပါက၊ သားစားငါးတကောင် (တကီလိုဂရမ်) ၆၃ ကျပ်သား ကြီးလာစေရန် မွေးမြူထားသောငါးသားပေါက် ၁၀-၁၂ ကီလိုဂရမ် (၁၀ပိဿာမှ ၁၂ပိဿာ)အထိ စားသုံးကြောင်းသိရှိရပါသည်။ထို့ကြောင့် မွေးမြူရေးကန်အတွင်း သားစားငါးများ မရှိစေရန် အရေးကြီးပါ သည်။

    ငါးရိုင်းဆိုသည်မှာ မိမိမွေးမြူသောငါးမဟုတ်ဘဲ ပြင်ပမှ ဝင်ရောက်လာသော ငါးခုံးမလေးများ ငါးဘူ တို၊ ရေကြည်ငါးလေးများ ပုစွန်ဆိတ်ကလေးများ (ငါးသေးလေးများ'အားလုံး)ကို ငါးရိုင်းဟုဆိုလိုပါသည်။အ ဆိုပါငါးများသည် အသားစားငါးမဟုတ်သော်လည်း ကန်အတွင်းရှိ သဘာဝအစာ နှင့် လူတို့ကြွေးသော ဖြည့် စွက်စာများကို စားသုံးနိုင်ပါသည်။ ထို့အပြင် အဆိုပါ ငါးများမှ မွေးမြူရေးငါးများသို့ ငါးရောဂါ ကူးဆက်နိုင် ခြင်းမျိုးလည်းဖြစ်တတ်ပါသည်။ ထို့ကြောင့်ငါးရိုင်းများသည် မွေးမြူရေးငါးများအတွက် အစာယှဉ်ပြိုင်မှု့ ရှိ ခြင်းကြောင့် အစာအတွက် ကုန်ကျစရိတ် များနိုင်ပါသည်။

    ငါးသားပေါက်မထည့်မှီ ငါးရိုင်းနှင့်သားစားငါးများ မရှိစေရန် ၊ ဆွဲပိုက်ဖြင့် ကန်အတွင်း အကြိမ်ကြိမ် ဖမ်းဆီးခြင်း ၊ ကန်အခြောက်ခံခြင် ၊ လက်ဖက်စေ့ကြိတ်ဖတ် (သို့မဟုတ်) ဟုမ်းမြစ် သုံးခြင်းတို့ဖြင့် ဆောင် ရွက်နိုင်ပါသည်။နောက်ဆုံးအဆင့်အနေဖြင့် ရိုတီနုန်း ငါးရိုင်းသတ်ဆေးကို အသုံးပြုနိုင်ပါသည်။

    ရိုတီနုန်းဆေး ကို တဧကလျှင် (၂၀)ကျပ်သား သုံးရပါမည်။ သုံးစွဲနည်းမှာ အသုံးပြုမည့်ဆေးသုံးပုံ တစ်ပုံကို ဆေးလုံးလေးများအသွင်ပြုလုပ်ပါ။ ကျန် နှစ်ပုံကို ရေနှင့်ဖျော်ပါ။ ဆေးလုံးလေးများကို ကန်အနှံ ချပေးပြီး ၊ ဆေးဖျော်ရည်ကို ကန်အနှံ ဖြန်းပေးပါ။ ၂၀ မှ ၂၅မီနစ်အတွင်း ငါးရိုင်းများနှင့် သားစားငါးများ ပေါ်လာပါမည်၊ အဆိုပါပေါ်လာချိန်တွင် အလွယ်တကူအလျှင်အမ့န်ဖမ်းဆီးပါ။ မြန်မြန် မဖမ်းနိုင်လျှင် ငါးရိုင်း များပြန်လည် အသက်ရှင်နိုင်ပါသည်။ ဆေး၏အာနိသင်မှာ(၇)ရက်ကြာသဖြင့် (၇)ရက်ကျော်မှ ငါးသားပေါက် ကိုထည့်သွင်းပါ။ (ဆေးသုံးစွဲရာတွင် တဧက ကန် ရေအနက် (၁)ပေတွင် ဆေး ၂၀ကျပ်သား ကိုသုံးစွဲပါ) 


  • article
likes15comments0
views597views2766