cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

Drum Seeder ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
လယ်ယာလုပ်သားရှားပါးသောအခြေအနေနှင့်ကောက်စိုက်စရိတ်ကြီးမြင့်သည့်အခက်အခဲများကိုကျော်လွားရန်ဝန်ကျဉ်း၍ကုန်ကျစရိတ်သက်သာစွာဖြင့်အချိန်တိုအတွင်းပြီးစီးနိုင်သောစိုက်ပျိုးနည်းစနစ်ဖြစ်ပါသည်။
  • စိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများ 


    ကြဲခင်းထက်မျိုးစေ့နှုန်းထားလျော့ချနိုင်ပါသည်။ပျိုးနုတ်ရန်မရှိခြင်းကြောင့်ပျိုးပင်ထိခိုက်မှုသက်သာစေပါသည်။အမြစ်ကြီးထွားဖွံ့ဖြိုးမှုစောစီးစွာရရှိစေပါသည်။ရေကြီးနစ်မြုပ်ခြင်းနှင့်ရေငတ်ဒါဏ်ကိုပိုမိုခံနိုင်ရည် ရှိစေပါသည်။အသုံးပြုမြေဩဇာ၏အကျိုးသက်ရောက်နိုင်စွမ်းပိုမိုကြာမြင့်စေပါသည်။ရေကိုပိုမိုအကျိုးရှိစွာအသုံးပြုနိုင်ပါသည်။ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့်အထွက်နှုန်းသိသာစွာကွဲပြားခြားနားမှုမရှိပါ။ 


    ၁။ စပါးမျိုးရွေးချယ်ခြင်း နှင့် မြေပြုပြင်ခြင်း  


    စားသုံးမှုအရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်သောဒေသနှင့်ကိုက်ညီသည့်သက်လျင်စပါးမျိုးသန့်များကိုစိုက်ပျိုးရန်ဖြစ်ပါသည်။အလွန်စေးကပ်သောမြေနှင့်မညီညာသောသမန်းပြင်တွင်မျိုးစေ့ချကိရိယာအ သုံးပြု၍မရနိုင်ပါ။စိုက်ခင်းအားပုံမှန်အတိုင်းထယ်ရေးနက်နက်နှင့်ထွန်ရေးညက်ညက်ထွန်ယက်ပါ။မျိုးစေ့ချရန်သင့်တော်သောမြေအစိုဓါတ်ရှိချိန်တွင်မြေခံမြေဩဇာထည့်သွင်း၍ကြမ်းတုံးရိုက်မြေညှိပါ။စိုက်ခင်းသမန်းမြေညီညာပြီးရေပြောင် စင်အောင်ထုတ်ပြီးမှစိုက်ပျိုးရမည်။(စိမ့်မြောင်း၊ပတ်မြောင်းများပြုလုပ်ထားရမည်။) 


     ၂။ မျိုးစေ့ချခြင်း  


    တစ်ဧကအတွက်မျိုးသန့်စပါးမျိုးစေ့(၀.၅ - ၁)တင်းအသုံးပြုရမည်။စပါးစေ့များကို(၁၂)နာရီကြာရေစိမ်၍ရေပေါ်ပေါ်သောမျိုးစေ့များကိုဖယ်ရှားကာမျိုးအုပ်ရမည်။မျိုးစပါးကိုစာပါးစပ်ပြူ အနေအထားတွင်မျိုးစေ့ချကိရိယာအသုံးပြု၍မျိုးစေ့ချရမည်။မျိုးစေ့ချကိရိယာ၏ပုံးထဲသို့မျိုးစေ့ထည့်ရာတွင်ပုံး၏ (၃)ပုံ(၂)ပုံထက်မပိုစေရပါ၊(မျိုးညှောက်ဖေါက်ရာတွင်အညှောက်မရှည်စေရန်နှင့်စိုထိုင်းမှုမများစေရန်သတိပြုရပါမည်။) မျိုးစေ့ချပြီးချိန်မှ(၅)ရက်အတွင်းကြွက်၊ငှက်၊တိရိစ္ဆာန်တို့၏ဖျက်ဆီးခြင်းမှကြိုတင်ကာကွယ်မှုများပြုလုပ်ရမည်။ 


     ၃။ မြေဩဇာကျွေးခြင်း  


    တစ်ဧကအတွက်မြေခံအဖြစ်သဘာဝမြေဩဇာ/နွားချေးဆွေးလှည်း(၅)စီးခန့်နှင့်(၁၅-၁၅-၁၅)ကွန်ပေါင်းမြေဩဇာ(၅၀)ကီလိုဂရမ်တစ်အိတ်အသုံးပြုပါ။အပင်ပွားစီးချိန်တွင်ပုလဲဓါတ်မြေဩဇာတစ်ဧကအိတ်ဝက် (အိတ်ဝက်/ဧကနှုန်း)မှို့ကပ်ချိန်တွင်ပိုတက်ရှ်မြေဩဇာတစ်ဧကတစ်စိတ်(၁/၄ အိတ်/ဧက) နှုန်းထည့်သွင်းပေးပါ။ကောက်ရိုး၊နှမ်းရိုး၊စပါးခွံစသည့်သီးနှံအကြွင်း အကျန်များနှင့်နွားချေးတို့ကိုမြေဆွေးပြုလုပ်၍မြေ ပြင်ချိန်တွင်ထည့်ပါကအပင်၏ အနည်းလိုအာဟာရဓါတ်များကိုပံ့ပိုးပေးသည့်အပြင်မြေ၏ရေထိန်းစွမ်းအားကိုပါတိုးတက်စေသည်။မြေဆီလွှာဓာတ်ခွဲခန်းများတွင်မြေဆီလွှာစမ်းသပ်စစ်ဆေး၍ထောက်ခံချက်ပေးထား သောနှုန်းထားအတိုင်းထည့်သွင်းအသုံးပြုသင့်ပါသည်။ 


     ၄။ရေသွင်းရေထုတ်ပြုလုပ်ခြင်းနှင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း  


    ရေတော်မိုးတော်နှင့်ဆည်ရေသောက်ဒေသများတွင်ရေကိုအကျိုးရှိစွာခြိုးခြံချွေတာလိုပါကအသုံးပြုရန်အကောင်းဆုံးစိုက်ပျိုးနည်းဖြစ်ပါသည်။ရေသွင်းရေထုတ်ကိုလိုအပ်သလိုဆောင်ရွက်ပေးရမည်။မှို့ကပ်ချိန်နှင့်ရင့်မှည့်ချိန်အကြားတွင်သွင်းရေလုံလောက်စွာရရှိရန်လိုပါသည်။ရိတ်သိမ်းရာတွင်လွယ်ကူစေရန် ပန်းပွင့်စုံပြီးနောက်(၂၀-၂၅)ရက်အတွင်းရေထုတ်ပေးရမည်။မြေကိုကောင်းစွာပြုပြင်ခြင်းဖြင့်ပေါင်းမြက်နှိမ်နင်းပါ၊(ပထမအကြိမ်ထယ်ထိုးထွန်ယက်ပြီးနောက်ပေါင်းပင်ငယ်များပေါက်ခါစတွင်ဒုတိယအကြိမ်ထယ်ထိုးထွန်မွှေခြင်းဖြင့်ပေါင်းမြက်နှိမ်နင်းပါ။)ပေါင်းနှိမ်နင်းခြင်းကိုစိုက်ပြီး(၃၀‒၄၅)ရက်အတွင်းအပြီးဆောင်ရွက်ပါ။(သမန်းနှိုးကိရိယာကိုအသုံးပြု၍ပေါင်းမြက်နှိမ်နင်းပါ။)ပေါင်းသတ်ဆေးကိုလိုအပ်မှအသုံးပြုပါ။ပေါင်းမြက်ဆိုး ရွားစွာကျရောက်ပါကပေါင်းပင်အမျိုးအစားပေါ်မူတည်၍မှတ်ပုံတင်ထားသောပေါင်းသတ်ဆေးကိုဆေးညွှန်းအတိုင်းတိကျစွာလိုက်နာဆောင်ရွက်ပါ။ 


     ၆။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း  


    ပိုးမွားရောဂါကျရောက်ဖျက်ဆီးမှုရှိ/မရှိကိုအမြဲမပြတ်ကွင်းဆင်းကင်းထောက်စစ်ဆေး ပြီးပိုးသတ်ဆေးကိုလိုအပ်မှသာအသုံးပြုပါ။ကြွက်ကြောင့်သီးနှံလေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက်စိုက်ခင်း၏ဘေးပတ်ဝန်းကျင်ရှိခြုံနွယ်များကိုရှင်းလင်းခြင်း၊ကြွက်ထောင်ချောက်ထောင်ခြင်း၊ကြွက်ကာပစ္စည်းများအသုံးပြုခြင်းစသည့်နည်းလမ်းများကိုဆောင်ရွက်သင့်ပါသည်။ 


     ၇။ ရိတ်သိမ်းခြင်း  


    စပါးနှံ၏(၈၀‒၈၅)ရာခိုင်နှုန်းရင့်မှည့်ချိန်(မောင်းညိုချိန်)တွင်အလေအလွင့်အနည်းဆုံးနည်းလမ်းဖြင့်ရိတ်သိမ်းပြီးချက်ချင်းချွေလှေ့၍အခြောက်ခံပါ။စပါးအစိုဓါတ်သည်မျိုးအတွက် (၁၃) ရာခိုင်နှုန်းနှင့်စားသုံးမည့်စပါးအတွက်(၁၄)ရာခိုင်နှုန်းလိုအပ်ပါသည်။  


    စိုက်ပျိုးရေးဦးစီးဌာန 


  • article
likes8comments0
views133views2187