cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စတော်ဘယ်ရီ စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
မြန်မာအမည် - စတော်ဘယ်ရီ

အင်္ဂလိပ်အမည် - STRAWBERRY

ရုက္ခဗေဒအမည် - Fragaria virginiana

မျိုးရင်းအမည် - ROSACEAE

  • ၁။ မူရင်းဒေသ

    မူရင်းဒေသမှာ မြောက်အမေရိကတိုက် ဖြစ်သည်။

    ၂။ မျိုးများ

    ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင် ပအိုဝ်နီမျိုးများကို စိုက်ပျိုးပြီး ပြင်ဦးလွင် ဒေသတွင်မူ စစ်မဖြစ်မီကရောက်ရှိလာခဲ့သော မျိုးများမှပွားများ စိုက်ပျိုးလာခဲ့ကြောင်း သိရပါသည်။ အသီး အရောင်အဆင်းမှာ အနီ၊ ပန်းရောင်နှင့် အဖြူရောင်များတွေ့ရပြီး အသီးပုံသဏ္ဌန်မှာ ထုလုံးချွန်ပုံမှ ဘဲဥပုံထိ အမျိုးမျိုးစိုက်ပျိုးကြသည်။ အလုံးအရွယ်ကြီးမားသည့် သီးစားမျိုးများ၊ ၁၉၉၄ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ တင်သွင်းသည့် ချန်ဒလာ၊ အော်ဆိုဂရန်ဒီခေါက်ဂလပ်စ် မျိုးများ၊ စင်္ကာပူနိုင်ငံနှင့် အကျိုးတူပူးပေါင်း၍ တစ်သျှူးမျိုးပွားနည်းဖြင့် မျိုးပွားတင်သွင်းခဲ့သော မျိုးများကို ယခင်က ရွေးချယ်စမ်းသပ်စိုက်ပျိုးမှုများပြုလုပ်ခဲ့သည်။

    ၃။ စိုက်ပျိုးသည့်ဒေသ

    ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြ ပါသည်။ ယခုအခါ တောင်ပေါ်ဒေသမှပျိုးပင်များကို ပုပ္ပါးတောင်ခြေတစ်ဝိုက်တွင် စမ်းသပ်စိုက်ပျိုး အောင်မြင်နေပြီ ဖြစ်ပါသည်။

    ၄။ ရေမြေရာသီဥတု

    သဲနူန်းမြေသည် မြေဆွေးဓာတ်ပါဝင်မှုများသဖြင့် စတော်ဘယ်ရီစိုက်ပျိုးရန် ကောင်းမွန်ပါသည်။ ရှမ်းပြည်နယ်ရှိ ခဲမြေတွင် စိုက်ပျိုးလေ့ရှိပြီး တောင်ပေါ်မြေနီစေးတွင် စိုက်ပျိုးခြင်းထက် အထွက်နူန်း တစ်ဆခန့်ပိုမိုပါသည်။ အေးမြသောရာသီဥကို ကြိုက်နှစ်သက်သည်။ အလွန်ခြောက်သွေ့ ပူပြင်းက အသီးမတင်ခြင်းနှင့် အသီး ပုံသဏ္ဌာန် မမှန်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။ အပူချိန် (၃၅)ဒီဂရီစင်တီဂရိတ် ထက် ကျော်လွန်ပါက အပင်သေစေနိုင်ပါသည်။

    ၅။ အပင်သားတက် (Runner) ရယူခြင်း

    စတော်ဘယ်ရီသီးမှ အစေ့ထုတ်ယူ၍ အပင်ဖောက်ကာမျိုးပွားနိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရန်အတွက်မူ ပင်မကြီးမှထွက်လာသော မြစ်လျှောက်ပင်စည်များ အဆစ်နားမှ အပင် သားတက်များ(Runner) ထွက်လာရာမှ အမြစ်တွယ်လာပြီးနောက် သားတက်များကို ဖြတ်တောက် မွေးမြူ၍ ရွှေ့ပြောင်းစိုက်ပျိုးလေ့ ရှိပါသည်။ ပျိုးပင်ဘဝတွင် အအေးဓာတ် လွှမ်းခြုံပေးခြင်းခံရပြီး ဖြစ်သည့်အတွက် မြေပြန့်ဒေသများတွင် စိုက်ပျိုးပါကလည်း ပုံမှန်သီးပွင့်မှု ရရှိစေနိုင်ပါသည်။ စတော်ဘယ်ရီအားလုံး ဆွတ်ခူးပြီးပါက မိခင်ပင်အားလုံးကိုတောင်ပေါ်ဒေသသို့ပြန်လည်ပြောင်းရွေ့ စိုက်ပျိုးရန်လိုအပ်ပါသည်။

    ၆။ အစေ့မှ မျိုးပွားခြင်း

    ကောင်းစွာရင့်မှည့်ပြီးသော စတော်ဘယ်ရီသီးများအား ဆွတ်ခူးပြီး သင့်တော်သော ပုံးတစ်ခုတွင် အချဉ်ဖောက်၍ ပျော်သည်အထိထားရမည်။ အသီးဖတ် အကျိအချွဲများနှင့် အစေ့များ သီးခြားစီ ကွဲပြားချိန်တွင် ရေဖြင့်အကြိမ်ကြိမ်ဆေး၍ မျိုးစေ့များထုတ်ယူရရှိနိုင်ပါသည်။ မျိုးစေ့များ ကောင်းမွန်စွာခြောက်သွေ့အောင် အခန်းထဲတွင်ခုနှစ်ရက်ခန့်ထားပြီးမှ ပျိုးထောင်ရပါမည်။ ရရှိသောမျိုးစေ့များအား ပျိုးသေတ္တာတွင် ပွက်ပွက်ဆူသောရေနွေးဖြင့်လောင်းပြီး ပိုးသန့်ထားသော မြေဆွေးများထည့်၍ လက်မဝက်ပတ်လည်အကွက်များအရာပေးကာ အလယ်တွင် အစေ့ချ ပျိုးထောင်နိုင်ပါသည်။ အလွန်သေးငယ်သော မျိုးစေ့များဖြစ်၍ အပင်ပေါက်ချိန်တွင် မှိုရောဂါမကျ ရောက်စေရန်အတွက် ပိုးသတ်ထားသောရေဖြင့် အစိုဓာတ်လိုအပ်မှုပေါ် မူတည်၍ အနည်းငယ်စီသာ ပတ်ဖျန်းပေးရပါမည်။ အညှောက်ပေါက်ပြီး မျိုးသက် (၄၅−၅၀) ရက်ခန့်တွင် ရွေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ မိုးအကုန်ဆောင်းအကူး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် အပင်သားတက်များ ပြောင်းရွှေ့ စိုက်ပျိုးလေ့ရှိပြီး စိုက်ဘောင်များပေါ်တွင် ပင်ကြားတန်းကြား ၂ × ၁ ပေ ထားရှိ စိုက်ပျိုးပါကတစ်ဧကလျှင် မျိုးပင် ၁၅,၀၀၀ မှ ၂၀,၀၀၀ ထိ လိုအပ်ပါသည်။

    ၇။ မြေသြဇာ နူန်းထား

    တစ်ဧကအတွက်

    ကြက်ချေး ၅တန် (၃,၀၀၀ ပိဿာ)

    ယူရီးယား ၂၂၄ပေါင် (၆၃ ပိဿာ)

    တီစူပါ ၁၁၂ပေါင် (၃၁ ပိဿာ)

    ပိုတက်ရှ် ၂၂၄ပေါင် (၆၃ ပိဿာ)

    ဘောင်ပြုပြင်ချိန်တွင် ကြက်ချေးနှင့် တီစူပါမြေသြဇာများ ထည့်သွင်းပေးရမည်။ ယူရီးယားနှင့် ပိုတက်ရှ် ဓာတ်မြေသြဇာများကို ဆတူရော၍ ရွေ့ပြောင်းစိုက်ပြီး နှစ်ပတ်သားမှစတင်၍ ပထမအသီး စတင် ဆွတ်ခူးသည့်အထိ အကြိမ်ကြိမ်ခွဲ၍ ကျွေးရန်ဖြစ်ပါသည်။

    ၈။ မြေပြူပြင်ခြင်း

    စတော်ဘယ်ရီပင်သည် မြေတွင်ကပ်၍ ကြီးထွားသော အပင်မျိုးဖြစ်သဖြင့် ပေါင်းမြက်ကင်းစင်အောင် အထူးဂရုတစိုက် ဆောင်ရွက်ရန်လိုအပ်ပါသည်။ နွားချေး၊ မြေဆွေးကို အသုံးပြုပါက ပေါင်းထလွယ် သဖြင့် မှုန့်ညက်နေအောင် ပြုပြင်ထားသော စိုက်ဘောင်များပေါ်တွင် ကြက်ချေးခပ်ပါးပါးဖြူး၍ စိုက်ပျိုးသင့်ပါသည်။

    ၉။ စိုက်ပျိုးခြင်း

    စတော်ဘယ်ရီမျိုးသားတက်များအား ညနေပိုင်းတွင်ရွေ့ပြောင်း စိုက်ပျိုးရပါမည်။ မြေတွင်ကပ်လျက် ကြီးထွားသော မျိုးဖြစ်၍ ပေါင်းနှုတ်မြေဆွခြင်းကို လိုအပ်သလိုဆောင်ရွက်ရန်ဖြစ်ပါသည်။ စတော်ဘယ်ရီပင် စိုက်ပျိုးရာတွင် အမြစ်ဆုံ(Crown)မှ အညွန့်ငယ် များအားမြေပေါ်တွင် ကောင်းစွာပေါ်နေစေရန် အရေးကြီးပါသည်။ မြေတွင်မြုပ်သွားပါကရွေ့ပြောင်း စိုက်ပျိုးစဉ် အပင်အသေအပျောက် များတတ်ပါသည်။ နှစ်ချင်းထွက်ရှိသော မျိုးတက်အသစ်များကိုသာ သီးသန့် စိုက်ပျိုးပါက အပင်ပွားထွက်ပေါ်ခြင်းမရှိဘဲ သီးပွင့်နေမည် ဖြစ်ပါသည်။

    ၁၀။ အပင်ပြုစုခြင်း

    စတော်ဘယ်ရီစိုက်ပျိုးရာတွင် အပင်၊ သားတက် အသစ်များသာ မဟုတ်ဘဲ ပင်မမြစ်ဆုံ(Crown)များ ပါ ရောပြွမ်း၍ စိုက်ပျိုးပါက ပင်မအမြစ်ဆုံမှ သီးပွင့်ခြင်းနှင့် မျိုးတက်ထွက်ခြင်းတို့တစ်ပြိုင်တည်း ဖြစ်ပေါ်လာလေ့ရှိသဖြင့် အသစ်ထွက်သော အပင်သားတက်များအား အချိန်စော၍ စိုက်ဘောင်ပေါ်တွင် အမြစ်စွဲစေရန် ဂရုတစိုက် ဆောင်ရွက်ရန်လိုအပ်ပါသည်။ နန်းကြိုးအသေးအား တစ်လက်မခွဲခန့် အရှည်များ ဖြတ်တောက်ကာ (ဂ) ပုံသဏ္ဌန် ကွေး၍ မျိုးတက်အား ကုတ်တွယ် စိုက်ပေးရန်လည်း လိုအပ်ပါသည်။ စတော်ဘယ်ရီအသီးနှင့် မြေကြီးထိပါက အသီး ပုပ်ရိတတ်သောကြောင့် မျိုးပင်ရွေ့စိုက် အမြစ်စွဲ ပြီးနောက် အပင်ပတ်လည် မြေကြီးပေါ်၌ ကောက်ရိုးပုံ သို့မဟုတ် မြက်ခြောက် ခင်းပေးထားရန် လိုအပ်ပါသည်။ သို့မဟုတ် မစိုက်မီ ပလတ်စတစ် အနက်စများကို ဘောင်များပေါ်တွင် ဖုံးအုပ်ပေးပြီး စိုက်ကျင်းပေါက်ဖောက်၍ စိုက်နိုင်ပါသည်။ ပုံသဏ္ဌာန်မှန်သော အသီးများ ရရှိရေးအတွက် ပန်းပွင့်အား မနက်စောစော အချိန်တွင် စုတ်တံသေးသေးဖြင့် မျက်နှာသစ်ပေးခြင်းကိုဆောင်ရွက်နိုင်ပါသည်။

    ၁၁။ ဆွတ်ခူးရောင်းချခြင်း

    စတော်ဘယ်ရီသီးများအားနေ့စဉ် ဆွတ်ခူးရောင်းချ နိုင်သော်လည်း ငါးရက်တစ်ကြိမ် ဆွတ်ခူးပါက ပိုမိုကောင်းမွန်ပါသည်။ အသင့်တော်ဆုံး အခြေအနေမှာ အသီးများ အနီရောင်မရင့်မီအချိန်တွင် ခူးဆွတ်ရန်ဖြစ်ပါသည်။

    ၁၂။ သီးထွက်နူန်း

    တစ်ဧကလျှင် သီးထွက် ပိဿာ ၃,၀ဝဝ မှ ၄,၀ဝဝ အထိ ရရှိနိုင်ပြီး စတင် ခူးဆွတ်ချိန်မှ ရက်ပေါင်း၆၀ ခန့်ပုံမှန်ခူးယူရရှိနိုင်ပါသည်။

    Sources : သစ်သီးဝလံ စိုက်ပျိုးနည်း


  • article
likes8comments0
views109views1879