cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာသီဥတုနှင့် မြေဆီလွှာပြဿနာများ

. မြေဆီလွှာ
အပူချိန်မြင့်မားလာခြင်းကြောင့် မြေကြီးအပူချိန်မြင့်မားလာတဲ့အတွက် မြေတွင်းရှိ မြေဆွေးဓါတ်များ (အော်ဂဲနစ်ပစ္စည်းများ) ဓါတ်ပြိုကွဲမှုကို လျင်မြန်စွာဖြစ်ပေါ်လာစေပါတယ်။ ထို့ကြောင့် မြေအရည်အသွေး ကျဆင်းလာပြီး လိုအပ်တဲ့အာဟာရဓါတ်လျော့နည်း ချို့တဲ့လာခြင်းများကြောင့် စိုက်ပျိုးသီးနှံဖြစ်ထွန်းမှုကိုလည်း လျော့နည်းလာစေပါတယ်။
  • ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုကြောင့် မြန်မာနိုင်ငံမှာ ယနေ့စိုက်ပျိုးထုတ်လုပ်နေကြတဲ့ စိုက်ပျိုး မြေတွေမှာ မြေဆီလွှာပြဿနာတွေ ကြုံတွေ့နေရပါတယ်။ မြေဆီသြဇာကောင်းမွန်မှသာလျှင် စိုက်ပျိုးတဲ့ သီးနှံများရဲ့ အရည်အသွေးနဲ့ အထွက်နှုန်းများလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။ စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ဖို့အတွက် မြေဆီလွှာရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။

    အခြေခံမြေအမျိုးအစားများ ကွာခြားနေကြသော်လည်း သီးနှံပင်ဖြစ်ထွန်းအောင်မြင်ဖို့အတွက် မြေဆွေး ဓါတ်ကလည်း အရေးပါပါတယ်။ မြေဆွေးဓါတ်ကြွယ်ဝနေပါက ရေထိန်းစွမ်းအားကောင်းခြင်း၊ လေဝင် လေထွက်ကောင်းစေခြင်းတို့အပြင် မြေတွင်းရှိ အကျိုးပြုသက်ရှိများရဲ့ လှုပ်ရှားလုပ်ဆောင်မှုကိုလည်း ကူညီ ပေးပါတယ်။ မြေဆွေးဓါတ်အဖြစ် ကောင်းစွာဆွေးနေပြီဖြစ်တဲ့ တိရိစ္ဆာန်အညစ်အကြေးများထည့်ပေးခြင်း၊ သစ်စိမ်းမြေသြဇာများထည့်ပေးခြင်း၊ သစ်ရွက်ခြောက်မြေသြဇာများထည့်ပေးခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။

    ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွင် ဒေသအလိုက်မိုးခေါင်မှု၊ ရေကြီးမှု၊ အပူချိန်မြင့်တက်လာမှု စတဲ့ အခြေအနေများကြောင့် အဏုဇီဝသက်ရှိများအပါအဝင် ဇီဝသက်ရှိများရဲ့ ရှင်သန်ပေါက်ဖွားလာမှု အခြေအနေ များလည်း ပြောင်းလဲလာတာကိုတွေ့ရပါတယ်။

    အပူချိန်မြင့်မားလာခြင်းကြောင့် မြေကြီးအပူချိန်မြင့်မားလာတဲ့အတွက် မြေတွင်းရှိ မြေဆွေးဓါတ်များ (အော်ဂဲနစ်ပစ္စည်းများ) ဓါတ်ပြိုကွဲမှုကို လျင်မြန်စွာဖြစ်ပေါ်လာစေပါတယ်။ ထို့ကြောင့် မြေအရည်အသွေး ကျဆင်းလာပြီး လိုအပ်တဲ့အာဟာရဓါတ်လျော့နည်း ချို့တဲ့လာခြင်းများကြောင့် စိုက်ပျိုးသီးနှံဖြစ်ထွန်းမှုကိုလည်း လျော့နည်းလာစေပါတယ်။ ဒါကတော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုကြောင့် တွေ့လာရတဲ့ သံသရာ လည်မှုဖြစ်စဉ်ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေများမှာ မြေဆွေးထည့်သွင်းပေးနိုင်တဲ့ ပမာဏဟာ အထူးနည်းပါးလာတာကို တွေ့ရပါတယ်။ ရာသီဥတုပြောင်းလဲလာမှုနဲ့အတူ သီးနှံအထွက်နှုန်းကျဆင်းလာမှု၊ သီးနှံဈေးနှုန်းများ မတည် ငြိမ်မှု၊ မျိုးစေ့အပါအဝင် သွင်းအားစုများရဲ့ ဈေးနှုန်းမြင့်လာမှု၊ လယ်ယာလုပ်သားများ ရှားပါးလာနေမှုများ ကြောင့် မိသားစုစီးပွားရေး ကျဆင်းလာခဲ့ကြရပါတယ်။ ထို့ကြောင့် ခိုင်းနွား၊ ခိုင်းကျွဲများကိုရောင်းချကာ မိသားစု အခက်အခဲများဖြေရှင်းရတဲ့အတွက် လယ်ယာလုပ်ငန်းကို အချိန်မီဆောင်ရွက်နိုင်မှု မရှိတော့တာကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို များစွာထိခိုက်လာစေပါတယ်။ တစ်ဘက်မှာလည်း တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကို မရနိုင်တော့တဲ့အတွက် မြေဆွေးထည့်သွင်းနိုင်မှုနည်းလာပါတယ်။ ရာသီဥတုဖောက်ပြန် ပြောင်းလဲလာမှု ကြောင့် ဒေသအလိုက် သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးလာမှုအပါအဝင် စိုက်ပျိုးချိန်နှင့် စိုက်ပျိုးပြုစုနည်း များကိုလည်း ပြောင်းလဲဆောင်ရွက်လာခဲ့ကြတာကို တွေ့ရပါတယ်။ မိုးရွာသွန်းမှုပုံစံပြောင်းလဲလာဖြင်း၊ ရရှိတဲ့မိုးရေချိန်နည်းလာခြင်း စတဲ့အခြေအနေများကြောင့် စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲကျင့်သုံးရာတွင် မြေတိုက်စားမှုများ၊ ရေတိုက်စားမှုများ ဖြစ်ပေါ်လာပြီး မြေပျက်စီးလာရပါတယ်။

    စိုက်ပျိုးမြေတွင် သဘာဝမြေသြဇာဓါတ်များလျော့နည်းလာမှုကြောင့် ဓါတ်မြေသြဇာအမျိုးမျိုးကို ထည့်သွင်း အသုံးပြုလာကြတဲ့အတွက် မြေပျက်စီးမှုများပိုဖြစ်လာတာကိုလည်း တွေ့ကြုံနေရပါပြီ။ ရာသီဥတု ဖောက်ပြန်လာမှု၊ မြေဆီလွှာပျက်စီးလာမှု၊ မြေဆီသြဇာညံ့လာမှုများကြောင့် မြေဆီလွှာပျက်စီးလာမှု တို့ကို ပြုပြင်ပေးနိုင်ရန် စိုက်ပျိုးမြေများတွင် သစ်စိမ်းမြေသြဇာများ စိုက်ပျိုးထည့်သွင်းခြင်း၊ သဲဆန်သောမြေများတွင် လေကာပင်များ စိုက်ပျိုးပေးခြင်းအပြင် ပဲမျိုးရင်းဝင်အပင်များကို သီးညှပ်စိုက်ခြင်း၊ သီးလှည့်စိုက်ခြင်း စသည် တို့ကို ပြုလုပ်ပေးသင့်ပါသည်။ ထို့ကြောင့် မြေဆီလွှာရေရှည်ကောင်းမွန်နေစေရန်အတွက် ယခုကတည်းက စတင်ပြီး ပြုပြင်ထိန်းသိမ်းခြင်းကို ဆောင်ရွက်သင့်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

    ကိုးကား - ဒေါက်တာစိန်လှဗိုလ် (ပိုး၊ အပင်နှင့် အဏုဇီဝ သုံးပွင့်ဆိုင်အက စာအုပ်မှ)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes13comments0
views232views2061