cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးစပါးနှင့်ပေါင်းအုပ်ဆေး

. ပေါင်းမြက်
မိုးစပါးလည်း စိုက်ကြတော့မှာဆိုတော့ ပေါင်းပြဿနာတွေအတွက် တောင်သူကြီးများကို ဝိုင်းကူခေါင်းစားပေးပါရစေခင်ဗျာ။ ပေါင်းမပေါက်မီ ပေါင်းအုပ်ဆေးကို အချိန်မီ သုံးလိုက်နိုင်ခြင်းရဲ့ အကျိုးကို တောင်သူကြီးများသိပြီးသားဖြစ်ပါတယ်။
  • ပေါင်းအုပ်ဆေးဆိုတာ ကျွန်တော်တို့ လူတွေမှာ ငှက်ဖျားကာကွယ်ဆေးတို့ ၊ အခြားကာကွယ်ဆေးများ ကြိုတင်ကာကွယ်ထိုးထားခြင်းနှင့်အလားသဏ္ဍာန်တူပါသည်။ တိုင်ပင်ကိုက် ၊ အချိန်ကိုက်အသုံးချနိုင်ရင် ပေါင်းအုပ်ဆေးရဲ့ အကျိုးကျေးဇူးက အလွန်ကြီးမားလှပါသည်။ ထို့ကြောင့် ဤနှစ်မိုးစပါးရာသီအတွက် အသုံးပြုနိုင်သော ပေါင်းအုပ်ဆေးတစ်မျိုးဖြစ်တဲ့ ပရစ်တီလာကလော ကို ကြိုတင်မှတ်သားသိရှိအသုံးချနိုင်ရန်အတွက် မျှဝေလိုက်ရပါသည်။ ပရီတီလာကလောဆိုတာ ဘာလဲ။ စပါးအတွက် ပေါင်းအုပ်ဆေးတစ်မျိုးပါ၊၊ ယခုမြန်မာပြည်မှာလည်း တင်သွင်းရောင်းချပေးနေကြပါပြီ။ မိုးစပါးကို အညှောင့်ဖောက်ကြဲကျတဲ့ တောင်သူများအတွက် အလွန်အသုံးဝင်နိုင်ပါတယ်။ ပေါင်းဆိုတာ သိတဲ့ အတိုင်းပဲ ၊ ကိုယ်ကမဦးရင် သူကဦးတာမျိုး။ စပါးက မဖြစ်စလောက်ပဲထွက်တော့သည်။ ဆိုတော့ ပေါင်းကို အရင်ရှင်းကြစို့ ။ ပေါင်းရှင်းထားပြီးရင် စပါးက ကိုယ့်ဘက်ပါပြီ။ ပရက်တီလာကလောကို ပေါင်းအုပ်ဆေးအဖြစ်လည်းကောင်း၊ ပေါင်းသတ်ဆေးအဖြစ်လည်းကောင်းနှစ်မျိုးလုံးသုံးနိုင်သည့်အနက် ယခုဖော်ပြပေးသွားမှာကတော့ ပေါင်းအုပ်ဆေးအနေနဲ့အသုံးပြုနည်းကို တင်ပြပေးသွားပါမည်။ စပါးတင်း ၃၀ မှ ၅၀ ထိ ပိုမိုထွက်ရှိနိုင်သော ပေါင်းအုပ်ဆေးဖြစ်ပါသည်။ စပါးရိုင်းနီပင်များ ကို ၉၀ ရာခိုင်နှုန်းကာကွယ်သည်။ ရေပြောင်အောင်ထုတ်၍ စပါးအညှောင့်ဖောက်ကြဲပြီး သမန်းပြင်အနင်းခံသည့် (၃) ရက်သားတွင် ဖြန်းရပါသည်။တစ်ဧက ဆေးဖျန်းပုံး ၅ ပုံးနှင့် ငန်းမထပ်၊ ငန်းမကျန်စေရန် အထူးသတိထားရပါမည်။ ဆေးဖျန်းပြီး ၄ နာရီအတွင်း မိုးရွာပါက ဆေးထပ်ဖျန်းပေးရပါမည်။

    စပါးခင်းပေါင်းသတ်ဆေးတစ်ခု၏ အာနိသင်သည် သမန်းကောင်းမွန်စွာ ပြုပြင်ထားရှိမှုနှင့် မြေအစိုဓါတ်ရရှိနိုင်မှုတို့အပေါ်တွင် မူတည်ပါသည်။ ပထမဦးစွာ သမန်းညက်အောင် မြေကိုကောင်းစွာ ပြုပြင်၍ စိုက်ခင်းအတွင်း အမှိုက်သရိုက်များ၊ မြက်ခေါင်းများ ပြောင်စင်အောင်ကောက်ပါမည်။

    ပေါင်းသတ်ဆေးသုံးစွဲမည့် စပါးခင်းကို နောက်ဆုံးသမန်းပြုပြင်၍ ကြမ်းတုံးရိုက်မြေညှိပြီးသောအခါ ရေကို ပြောင်စင်အောင်တတ်နိုင်သရွေ့ခါထုတ်ရပါမည်။ အချို့ချိုင့်ကျသော နေရာများတွင်ရေအိုင်နေပါက စပါးခင်း သမန်းစမ်းစစ်သည့် နည်းမျိုးစုံဖြင့် တက်နိုင်သမျှရေပြောင်အောင်ထုတ်ရပါမည်။

    အညှောင့်ဖောက်ထားသည့်စပါးစေ့ကလေးများကို ရေပြောင်အောင်ထုတ်ထားသည့် သမန်းပြင်ပေါ်တွင် တစ်ဧက စပါးနှစ်တင်း မှ နှစ်တင်းခွဲနှုန်းကို သမန်းပြင်ပေါ်ကြဲပက်ရာတွင် ခြေရာကွက်နည်းနိုင်သမျှနည်းအောင် ကြဲပက်ရပါမည်။ မျိုးစေ့ ကြဲပက်ပြီး(၁)ရက်သားမှ (၅) ရက်သားအတွင်း ပေါင်းသတ်ဆေးကို ပက်ဖြန်းနိုင်ပါသည်။ အကောင်းဆုံးမှာ သမန်းပြင်အနင်းခံသည့် (၃) ရက်သားသည် အကောင်းဆုံးဖြစ်ပါသည်။

    ပရက်တီလာကလောကို ဆေးဖြန်းပုံးတစ်ပုံး ရေ(၁၈)လီတာတွင် ဆေးရည်(၁၀၀)စီစီနှုန်းဖြင့် ဖျော်စပ်၍ တစ်ဧက ဆေးဖြန်းပုံး(၅)ပုံး ပက်ဖြန်းရပါသည်။ ဆေးဖြန်းသူ၏ ကျွမ်းကျင်မှုအပေါ်မူတည်၍ ဆေးဖြန်းပုံး(၅)ပုံးကုန်လျှင် တစ်ဧကအတွက် တစ်စပ်ရပါသည်။ ဆေးဖြန်းရာတွင် ငန်းစပ်၍ တစ်ကြိမ်တည်းသာ သမန်းပြင်ပေါ်ဆေးရည်ကျပြီးသည့် အမှတ်အသားနေရာများကို ကြည့်၍ ပက်ဖြန်းရသည်။ ဆေးမရောက်သည့်နေရာများ မကျန်ရစေရန်နှင့် ဆေးများတစပ်နှင့် တစပ်ထပ်မသွားစေရန် သတိထားပက်ဖြန်းသင့်ပါသည်။

    ဆေးဖြန်းပြီး သမန်းပြင်ခြောက်မသွားစေရန် ဂရုစိုက်ပေးရပါသည်။ လိုအပ်ပါက စိုက်ခင်းကို ရေတစ်ညအိပ်ခန့်သွင်းပေးပြီး နောက်တစ်နေ့ နံနက်တွင် ရေထုတ်ပေးရပါသည်။ ပျိုးခင်းမျက်နှာသစ်ရေသွင်း သကဲ့သို့ ဖြစ်ပါသည်။

    ဤကဲ့သို့စနစ်တကျဖြင့် ပရက်တီလာကလော ပေါင်းသတ်ဆေးကို သုံးစွဲမည်ဆိုပါက ရက်ပေါင်း(၅၀)ခန့်အထိ ပေါင်း မပေါက်နိုင်ရန် ကာကွယ်ပေးထားသည်။ သမန်းပြင်အောက်မှ ပေါက်လာမည့်ပေါင်းပင်များ၏ အညွန့်လောင်းလေးများသည် သမန်းပြင်လွှာရှိဆေးရည်နှင့် တွေ့ထိပါက သမန်းပြင်အောက်မှာပင် သေဆုံးသွားပြီး သမန်းပြင်အပေါ်သို့ တက်မလာနိုင်ပါ။

    တောင်သူကြီးများအတွက် လက်ဝင်သည်ဟု ထင်ရသော်လည်း စပါးအထွက်နှုန်းအမြင့်ဆုံးပေးနိုင်သည့် ပေါင်းသတ်ဆေးဖြစ်ပါသည်။

    ကိုးကား-ပေါင်းနှင့်ပေါင်းသတ်ဆေးစာအုပ်

     


  • article
likes19comments2
views424views3088