ဇွန်လ ပထမပတ်အတွင်း မိုးကြီးရေလျှံမှုဖြစ်နိုင်ဟု စုစုစံခန့်မှန်း....
၂၀၂၃ မေလ ၃၀ရက်နေ့မှ ဇွန်လ ၅ရက်နေ့အတွင်း မြန်မာတစ်နိုင်ငံလုံးမှာမိုးတွေရွာလာပါလိမ့်မယ် စိုက်ပျိုးရေးအတွက် လုံလောက်တဲ့မိုးဖြစ်ပါလိမ့်မယ် သတိထားရမှာကတော့ တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကြီးတွေမှာ ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်
မိုးတွေရွာတော့မယ် အညာမြေ နှင့်အလယ်ပိုင်းဒေသများ 🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧
၂၀၂၃ ဇွန် ၁ရက်နေ့မှ ၅ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ် မကွေးတိုင်း နေပြည်တော် မန္တလေးတိုင်း စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်ဒေသတွေမှာ မိုးတွေရွာနိုင်ပါတယ်
စိုက်ပျိုးရေးသမားတောင်သူလယ်သမားတွေအကြိုက်မိုးတွေဖြစ်ပါလိမ့်မယ်
မိုးကြီးရေလျှံသတိ မိုး 🌧🌧🌧🌧🌧🌧🌧🌧🌧
၂၀၂၃ မေလ ၃၀ရက်နေ့ ၃၁ရက်နေ့ ဇွန်လ ၁ရက်နေ့ ၂ရက်နေ့ ၃ရက်နေ့တွေမှာ မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ် 🌧🌧🌧🌧🌧
မိုးကြီးမှုကြောင့်ဖြစ်ပေါ်နိုင်တဲ့ပျက်စီးမှုများကို ကြိုတင်သိရှိကြပြီး ပျက်စီးမှုမရှိအောင်ကြိုတင်စိမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်ထားနိုင်ကြစေရန်အတွက် ရက်ကြိုတင်ပြီးခန့်မှန်းပေးလိုက်တာဖြစ်ပါတယ် ရက်နီးခန့်မှန်းချက်များကိုလည်းအချိန်နှင့်တပြေးညီ ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်
issued time
22/05/2023 7:07am(MMT)
ကပ္ပလီပင်လယ်ပြင် (Andaman Sea) မြန်မာ့ပင်လယ်ပြင် နှင့် မုတ္တမပင်လယ်ကွေ့မှာ ၂၀၂၃ မေလ ၂၉ရက်နေ့မှ ဇွန်လ ၂ရက်နေ့အထိ မိုးကြီးလေထန်လှိုင်းကြီးနိုင်ပါတယ် ပင်လယ်ရေလုပ်သားတို့အတွက် ကြိုတင်ခန့်မှန်းပေးလိုက်တာဖြစ်ပါတယ်
issued time
23/05/2023
Low pressure cell
၂၀၂၃ မေလ ၂၇ရက်နေ့မှ ၂၉ရက်နေ့အတွင်း ထိုင်းပင်လယ်ကွေ့အတွင်း low pressure cell များစုဖွဲ့မှု့အားကောင်းနိုင်ပြီး တနင်္သာရီတိုင်း ကြီးကိုကျော်ဖြတ်ကာ မေလ ၃၀ရက်နေ့မှာ ကပ္ပလီပြင်ကိုရောက်ရှိလာမှာဖြစ်ပါတယ် အဆိုပါရက်များအတွင်း ထိုင်းပင်လယ်ကွေ့ဒေသနှင့် တနင်္သာရီတိုင်း ဒေသကြီးမှာမိုးကြီးရေလွှမ်းနစ်မြုပ်မှုတွေဖြစ်နိုင်ပါတယ် မေလ ၃၀ရက်နေ့ ၃၁ရက်နေ့တွေမှာ မုတ္တမပင်လယ်ကွေ့အတွင်း စုဖွဲ့အားပိုမိုအားကောင်းလာနိုင်ကာ မုတ္တမပင်လယ်ကွေ့ဒေသများမိုးကြီးရေလျှံနိုင်ပါတယ် Monsoon low system တစ်ခုဖြစ်လို့ အဆိုပါဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံတစ်ခုလုံးမှာမိုးတွေရွာနိုင်ပါတယ် မိုးကြီးရေလျှံနိုင်မှုတွေဖြစ်ပေါ်နိုင်သဖြင့် အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းကာခန့်မှန်းပေးနေပါတယ် ရက်ဝေးကလည်းခန့်မှန်းပေးထားပြီးဖြစ်သလို ရက်နီးလည်းအချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်ပါတယ်
issued time
23/05/2023 6:13am(MMT)
Su Su San
𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧
&
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2