cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သကြားရဲ့အသုံးဝင်ပုံ

. ကျန်းမာရေး
သကြားရဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။
  • ဟိုးအရင် ဗြိတိသျှတွေက တရုတ်နိုင်ငံကို ကိုလိုနီ လက်အောက်ခံအဖြစ် ပြုကျင့်တုန်းက သကြားဆိုတာကို သူတို့ရဲ့ အသုံးအဆောင် ပစ္စည်း အဖြစ်သာသုံးစွဲခဲ့ကြပြီး သကြားကို ရွှေဖြူအဖြစ်တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ယနေ့ခေတ်အခါ မှာတော့ တစ်ကမ္ဘာလုံးမှာ သကြားသုံးစွဲမှု အတိုင်းအတာသည် ကွတ်ကီး ပြုလုပ်ရန်အတွက်သော်လည်းကောင်း ၊ ကော်ဖီထဲသို့ ထည့်ဖို့ရန်အတွက် လည်းကောင်း မီးဖိုခန်းထဲမှာ သကြား ၅ ပေါင် အိတ်လောက်ကတော့ အသုံး တော်ခံဖို့ အဆင့်သင့်ရှိနေတဲ့ ပစ္စည်းအဖြစ် သုံးစွဲလာကြတာဖြစ်ပါတယ်။ သကြားရဲ့ အသုံးတည့်မှုက အများကြီး ရှိပေမဲ့ အချိုပွဲတွေပြုလုပ်တဲ့အခါမှာ အထူးသဖြင့် အချိုအရသာအတွက် အသုံးပြုလေ့ရှိကြပါတယ်။သကြားရဲ့ လျှို့ဝှက်ချက်များ

    ကလေးငယ်ရဲ့ နာကျင်ခံစားမှုကို လျော့စေခြင်း

    ဆေးပညာရှင်တွေအဆိုအရ ကာကွယ်ဆေးမထိုးမီ ကလေးငယ်လေးများကို ရေနဲ့ သကြားပျော်ရည် တစ်ဇွန်းက နေ လေးဇွန်း တိုက်ခြင်းဟာ ဆေးထိုးတဲ့အတွက် နာကျင်ခံစားမှုကို လျော့ကျစေနိုင်တယ်လို့ ဆိုကြပါတယ်။

    အနာကိုကုသခြင်း

    နာတာရှည်ရောဂါ၊ ခြေထောက်မှာ ပြည်တည်နာတွေရှိခဲ့မယ်ဆိုရင် သကြားပွင့်များကို အနာပေါ် အုပ်ပေးမယ် ဆိုပါက အနာရောဂါကို သက်သာပျောက်ကင်းစေတယ်လို့ ဆိုကြပါတယ်။

    လျှာကျက်ခြင်းကို ကုသခြင်း

    အလွန်အမင်း ပူနေတဲ့ ကော်ဖီကို သောက်လို့ဘဲဖြစ်ဖြစ် တစ်ခုခုကြောင့် လျှာကျက်သွားခဲ့မယ်ဆိုရင် သကြားက လျှာကျက်ခြင်းကို သက်သာစေပါတယ်။ အဲ့လိုခံစားရတဲ့အခါမှာ သကြားကို လျက်မယ်ဆိုရင်တော့ လျှာကျက် ခြင်းက သက်သာပျောက်ကင်းစေမှာပါ။

    အလွန်အမင်း စပ်တဲ့အခါ စပ်တဲ့အရသာကို ပျောက်စေခြင်း

    အလွန်အမင်းစပ်တာကို စားမိလို့ လျှာအရမ်းပူတဲ့အခါ သကြားစားခြင်းဖြင့် သက်သာစေပါတယ်။

    ခန္ဓာကိုယ်ကို ချေးချွတ်ခြင်း

    သကြားကို သံလွင်ဆီ ကဲ့ ဆီတစ်မျိုးမျိုးနဲ့ရောပြီး ချေးချွတ်ဆေးအဖြစ် သုံးလို့ရပါတယ်။ Vanilla ကဲ့သို့သော ကိုယ်ကြိုက် နှစ်သက်ရာ အနံ့တစ်မျိုးမျိုးကို ပေါင်းထည့်ပြီးလည်း သုံးနိုင်ပါတယ်။ အဲ့ဒီနောက်မှာတော့ မိမိရဲ့ အရေပြားပေါ်တင်ပြီးညင်သာစွာ ပွတ်ပြီး ရေလောင်းချရမှာ ဖြစ်ပါတယ်။

    ညစ်ပတ်ပေရေနေသောလက်ကို သန့်စင်ခြင်း

    မိမိရဲ့လက်တွေဟာ အမဲဆီ၊ သုတ်ဆေး စတဲ့ အရာတွေကြောင့် အလွန်ညစ်ပတ်ပေရေနေမယ်ဆိုရင် သကြားကို ဆပ်ပြာထဲကို ပေါင်းထည့်ပြီး သုံးနိုင်ပါတယ်။ လက်ကို နူးညံ့ချောမွေ့စေရန်အတွက်လည်း သကြားနဲ့ သံလွင်ဆီကို အချိုးတူ ရောစပ်ပြီး သုံးနိုင်ပါတယ်။

    ပန်းတွေကို သကြားကျွေးခြင်း

    ရေကြက်သီးနွေး တစ်ကွာတားကို သကြား စားပွဲတင်ဇွန်း ၃ ဇွန်း ၊ လျှာလကာရည် ၂ ဇွန်း ရောစပ်ပြီး လတ်လတ် ဆတ်ဆတ်ဖြတ်ထားတဲ့ ပန်းတွေအတွက် ကြာရှည်အထားခံနိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။

    Source: https://www.today.com/home/household-uses-sugar-i554737

     


  • article
likes11comments1
views193views2241