cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဒေါ်လာစျေး အပြင် ကမ္ဘာရော်ဘာစျေးပါ အမြင့်စျေးတွင်ရှိသော ကြောင့် ပြည်တွင်းရော်ဘာ စျေးတက်

. ဈေးကွက်
“ရော်ဘာစျေးကွက်ကတော့ ပုံမှန်ပါပဲ၊ အဓိက က ပြည်တွင်းဒေါ်လာစျေး တက်တော့ ရော်ဘာစျေးတက်တာ ။ ကမ္ဘ့ာစျေးကလဲ နည်းနည်းတက်တယ်။ကမ္ဘ့ာစျေး တက်ရင် ပြည်တွင်း ရော်ဘာစျေးဘာလိုက်တက် တာ။” ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။
  • လက်ရှိ ဒေါ်လာစျေး အပြင် ကမ္ဘာရော်ဘာစျေးပါ အမြင့်စျေးတွင်ရှိသော ကြောင့် ပြည်တွင်းရော်ဘာ စျေးမြင့်တက်နေကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။ 

     

     

    ပြည်တွင်းရော်ဘာစျေးမှာ နိုင်ငံတကာပေါက်စျေးပေါ်မူတည်ပြီး စျေး အတက်အကျ ဖြစ်ပေါ်ခြင်း ဖြစ်ပြီး

    လက်ရှိ နိုင်ငံတကာ ရော်ဘာပေါက် စျေးမှာ ယခုလက်ရှိ ဒေါ်လာ ၁၆၅၀ မှ ၁၇၀၀ အထိ မြင့်တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။

     

    “ရော်ဘာစျေးကွက်ကတော့ ပုံမှန်ပါပဲ၊ အဓိက က ပြည်တွင်းဒေါ်လာစျေး တက်တော့ ရော်ဘာစျေးတက်တာ ။ ကမ္ဘ့ာစျေးကလဲ နည်းနည်းတက်တယ်။ကမ္ဘ့ာစျေး တက်ရင် ပြည်တွင်း ရော်ဘာစျေးဘာလိုက်တက် တာ။” ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

     

    ပြည်တွင်း ရော်ဘာ တစ်ပေါင် လျှင် ၁၃၅၀ ဝန်းကျင်မှ စတင် မြင့် တက်ခဲ့ရာ လက်ရှိ တစ်ပေါင်လျှင် ၁၄၁၀ ကျပ် ပေါက်စျေး ထိရှိလာ ခြင်းဖြစ်သည်။ 

     

    လက်ရှိ မိုးများဆက်ရွာသွန်းလာပါက ရော်ဘာခြစ် သည့် လုပ်ငန်းများ ရပ်နားဖွယ်ရာရှိပြီး မိုးပျက်လိုက် ရွာလိုက် သာဖြစ်ပေါ်ပါက လုပ်ငန်း များ ဆက်လက်လုပ်ကိုင်နေဦးမည်ဖြစ်ကြောင်းသိရသည်။

     

    "အခု မုန်တိုင်း က ရော်ဘာထုတ်လုပ်တဲ့ ဒေသ ဘက်တွေကို ဝင်ရောက်မူ သိပ်မရှိခဲ့တော့ ရော်ဘာ အထွက်နှုန်း က တော့ကျဆင်းဖို့မရှိပါဘူး ။မိုးဆက်တိုက်ရွာသွန်းလာရင်တော့ ရော်ဘာလုပ်ငန်းတွေ နားရမှာပေါ့ “ အတွင်းရေးမှူး ဦးခိုင်မြင့်က ဆက်လက်ပြောသည်။

     

    လက်ရှိ တွင်ရော်ဘာ ကို နယ်စပ် တင်ပို့မူ ထက် ပင်လယ်ရေကြောင်း မှ အဓိက တင်ပို့  နေပြီး တရုတ်နိုင်ငံကို အဓိက တင်ပို့နေရကြောင်း သိရသည်။ 

     

    ယခုနှစ်တွင် ပြည်ပသို့ တန်ချိန် သုံးသိန်းပတ်ဝန်းကျင်ခန့် ထိတင်ပို့ရန် လျာထားသော်လည်း ယခင်နှစ်များထက်တင်ပို့မူ လျော့ကျနိုင်ကြောင်း ခန့်မှန်ထားကြောင်း သိရသည်။ 

     

    ထိုကဲ့သို့ တင်ပို့မူလျော့ကျနေရခြင်းမှာ တရားမဝင် ရော်ဘာတင်ပို့မူ များပြား လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

     

    ရော်ဘာ တင်ပို့မူအပိုင်း တွင် အခက်အခဲများ ဖြစ်ပေါ်နေသည့် အနက် ၃၅ရခိုင်နှုန်း နှင့် ၆၅ရာခိုင်နှုန်း ကိစ္စမှာ တင်ပို့မူများ အတွက် ပိုမို ခက်ခဲနေကြောင်း သိရသည်။

     

    လက်ရှိအချိိန်အထိ ရော်ဘာ တန်ချိန် နှစ်သိန်းခန့်သာ တင်ပို့ ထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှသိရသည်။

     

    ပြည်တွင်း၌ တစ်နိုင်ငံ လုံ ရော်ဘာစိုက်ဧက တစ်သန်း ခြောက်သိန်း နှင့် လေး သောင်း ကျော် ထိ ရှိ ကြောင်း သိရသည်။

     AMIA

    -----

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- http://download.htwettoe.com/

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes5comments0
views102views3509