cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါး အခြောက် ကြဲခင်းအထွက်တိုး နည်းပညာ (Dry Direct Seeding)

. စိုက်ပျိုးနည်းစနစ်များ
စပါးကြဲခင်း အထွက်တိုးနည်းပညာမှာ အဓိကဆောင်ရွက်ရမယ့် အချက်ကြီးတွေကတော့

  • (က) အစိုကြဲခင်း ဖြစ်ပါက မျိုးစပါးကို ဆားရည်စိမ်ပါ။ အခြောက်ကြဲခင်း ဖြစ်ပါက မျိုးစေ့ကို မျိုးညှောင့်မဖောက်ဘဲ ကြဲပက်ခြင်း(သို့မဟုတ်) အတန်းလိုက်မျိုးစေ့ချခြင်းဆောင်ရွက်ပါ။

    (ခ) တမန်းညက်အောင် မြေယာပြုပြင်ပါ။

    (ဂ) တမန်းပြင်ကို မျက်နှာပြင်ညီအောင်ဂျုတ်ဖြင့် တိုက်ညှိပါ။ပတ်မြောင်းထားပါ။

    (ဃ) ပေါင်းမြက်ကို ပြောင်အောင်ကောက်ပါ။ ထွန်စိပ်တိုက်ပြီးကောက်ပါ။

    (င) ရေသွင်း၊ ရေထုတ်လွယ်ကူအောင် လယ်ကြားမြောင်းထားပါ။

    (စ) သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျသုံးပါ။

    (ဆ) ကောက်ပင်ဖာနိုင်ရန် အရန်ပျိုးထားပါ။

    (ဇ) မဖြစ်မနေ ကောက်ပင် ဖာပါ။

    (ဈ) ပေါင်းမြက်ကို အချိန်မီ ကာကွယ်နှိမ်နင်းပါ။

    စပါးကြဲခင်း အထွက်တိုးနည်းပညာတွင် တမန်းမျက်နှာပြင်ညှိခြင်း၊ ရေသွင်း၊ ရေထုတ်လွယ်အောင် ပြုလုပ်ခြင်းနှင့် ကောက်ပင်မဖြစ်မနေ ဖာခြင်းတို့မှာ အဓိကချသော အချက်များ ဖြစ်ပါတယ်။ စပါးကြဲခင်းဟာ တစ်မီတာပတ်လည်မှာ စပါးနှံ ၄၀ဝ (တစ်ဧက အနှံ ၁၅-၁၆ သိန်း) ခန့်ရှိမှသာ စပါးတင်းရာကျော် ထွက်နိုင်ပါတယ်။

    ဒီလို စပါးနှံအပြည်အဝရရှိဖို့အတွက် တမန်းညီရမယ်။ ရေသွင်း၊ ရေထုတ် လွယ်ရမယ်။ ဒါမှ ပင်ပွားများမယ်။ အနှံပြည့်အောင် ကောက်ပင်မဖြစ်မနေ ဖာပေးရမယ်။ အဲ့ဒီလို စပါးကြဲခင်း အထွက်တိုးနည်းပညာတွေကို တစ်သွေမတိမ်း တိတိကျကျ လိုက်နာမှသာလျှင် ကြဲခင်းက စပါးအထွက် တိုးနိုင်ပါကြောင်း လယ်သမားကြီးများအား နှိုးဆော်လိုက်ပါရစေဗျာ။

    စပါးအခြောက်တိုက်ရိုက်မျိုးစေ့ချ စိုက်နည်းစနစ်အား မြန်မာနိုင်ငံတွင် ရေကြီးကွင်း၊ ရေနက်ကွင်းများ၌ စိုက်ပျိုးလေ့ရှိပါသည်။ စိုက်ပျိုးရေ ခက်ခဲသော (သို့) အကန့်အသတ်ရှိနေသော ဒေသများ၊ ရေကြီးနစ်မြုပ်ဒေသများ၊ လယ်သီးထပ် စောလျင်စွာစိုက်ပျိုးလိုသောဒေသများ၊ လုပ်သားအင်အား ခက်ခဲသော ဒေသများတွင် အသုံးပြု နိုင်ပြီး စိုက်ပျိုးနည်းစနစ်အား စနစ်တကျ လိုက်နာပါက စီးပွားရေး အကျိုးအမြတ်ရရှိနိုင်သော စနစ်တစ်ခုဖြစ်ပါသည်။

    ၁။ စပါးမျိုးရွေးချယ်ခြင်း

    ရာသီဥတုဒဏ်ခံနိုင်သည့် အပင်ပေါက်စွမ်းအား ကောင်းပြီး၊ အထွက်ကောင်း မျိုးသန့်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။

    ၂။ မြေပြုပြင်ခြင်း

    အခြောက်ထယ်ထိုးထွန်မွှေပါ။

    ပေါင်းမြက် ကင်းစင်ရန်အတွက် ထယ်ထိုး၍ ထွန်ရေးညက်သည် အထိ ဆောင်ရွက်ပါ။

    (၁၀)ပေခြား စိမ့်မြောင်းပတ်မြောင်းပြုလုပ်ပါ။

    ကန်သင်းလုံအောင်ပြုလုပ်ပါ။

     ၃။ မျိုးစေ့ချခြင်း

     မျိုးစေ့ကို မျိုးညှောင့်မဖောက်ဘဲ ကြဲပက်ခြင်း(သို့မဟုတ်) အတန်းလိုက်မျိုးစေ့ချခြင်းဆောင်ရွက်ပါ။

    ထွန်ကြောင်းများဖော်ပြီး မျိုးစေ့ချခြင်း ဆောင်ရွက်ပါက အတန်းလိုက် ဖြစ်၍ ပေါင်းနှိမ်နင်းရန် လွယ်ကူပါသည်။

    မျိုးစေ့ချရာတွင် လက်ဖြင့်ဖြစ်စေ (သို့မဟုတ်) စက်ဖြင့်ဖြစ်စေ ဆောင်ရွက်ပါ။

    ကြွက်၊ ငှက် တိရိစ္ဆာန်များ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် အစေ့ချ ပြီးနောက် မြေကိုလုံအောင်ဖုံးအုပ်ပါ။

    တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၁-၂ ) တင်း အသုံးပြု ရမည်။

    မျိုးစေ့ချပြီးနောက် မိုးသည်းထန်စွာရွာသွန်းပါကအပင်ပေါက်နှုန်း ထိခိုက်နိုင်ပါသည်။

    အပင်ပေါက်ပြီးနောက် တစ်လအတွင်း ကောက်ပင်ဖာခြင်း ဆောင်ရွက်နိုင်ရန် အရန်ပျိုးထောင်ထားရန်လိုအပ်ပါသည်။

    ၄။ မြေဩဇာကျွေးခြင်း

    နွားချေးဆွေးနှင့် သဘာဝမြေဩဇာကို မြေခံအဖြစ်သုံးစွဲပါ။

    ပုလဲဓါတ်မြေဩဇာအား အပင်ပွားစီးချိန်နှင့် အနှံမထွက်မီ (၅)ရက်အလိုတွင် အိတ်ဝက်စီ (တစ်အိတ်/ဧကနှုန်း)ထည့်သွင်းပါ။

    မှို့ကပ်ချိန်တွင်ပိုတက်ရှ်မြေဩဇာတစ်ဧက တစ်စိတ် (၁/၄ အိတ်)/ဧကနှုန်း ထည့်သွင်းပေးပါ။

    မြေဆီလွှာဓါတ်ခွဲခန်းများတွင် မြေဆီလွှာစမ်းသပ်စစ်ဆေး၍ ထောက်ခံချက်ပေးထားသော နှုန်းထားအတိုင်း ထည့်သွင်း အသုံးပြု သင့်ပါသည်။

    ၅။ ရေသွင်းရေထုတ်ပြုလုပ်ခြင်း

    အပင်ပေါက်ပြီးနောက် (၂)ပတ်အတွင်း အပင်ငယ်များ ရေမမြုပ် စေရန် သတိပြုရမည်။

    ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။

    မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေ လုံလောက်စွာ ရရှိရန်လိုပါသည်။

    ရိတ်သိမ်းရာတွင် လွယ်ကူစေရန် ပန်းပွင့်စုံပြီး နောက်(၂၀-၂၅) ရက် အတွင်းရေထုတ်ပေးရပါမည်။

    ၆။ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း

    ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန် လိုအပ်ပါသည်။

    မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်များအား နှိမ်နင်း နိုင်သည်။

    အစိုစိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ်ပါက ပေါင်းပေါက်ရောက်မှုများနိုင်၍ ပေါင်းနှိမ်နင်းခြင်းကို လက်ဖြင့်လည်းကောင်း၊ ပေါင်းသတ်ဆေး ဖြန်းခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပါ။

    ၇။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း

    ပိုးမွားရောဂါ ကျရောက်ဖျက်ဆီးမှု ရှိ/မရှိ ကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။

    ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင်နှင့်ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။

    ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် စိုက်ခင်း၏ ဘေးပတ်ဝန်းကျင်ရှိခြုံနွယ်များကို ရှင်းလင်းခြင်း၊ ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကာပစ္စည်းများ အသုံးပြု ခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်သင့်ပါသည်။

    ၈။ ရိတ်သိမ်းခြင်း

    စပါးနှံ၏ (၈၀-၈၅)ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်)တွင် အလေအလွင့်အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်း ချွေလှေ့၍ အခြောက်ခံပါ။

    စပါးအစိုဓါတ်သည် မျိုးအတွက် (၁၃) ရာခိုင်နှုန်းနှင့် စားသုံးမည့် စပါးအတွက် (၁၄) ရာခိုင်နှုန်း လိုအပ်ပါသည်။

    Reference – Agri Digital News


  • article
  • article
  • article
  • article
  • article
likes15comments2
views135views1526