cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာသရက်သီး အရည်အသွေးမမီလို့ ယှဉ်ပြိုင်စရာဈေးကွက်ဝေစုပေါ်လာချိန် တရုတ်ဝယ်လိုအားကျလာ

. ဈေးကွက်
အရည်အသွေးပြည့်မီတဲ့ သရက်သီး တစ်ခြင်းကို တရုတ်ယွမ် ၁၆၀ ထိရခဲ့ပေမယ့် အခုရက်ပိုင်းမှာ ယွမ် ၈၀ အောက်၊ အရည်အသွေးပေါ်မူတည်ပြီး အနိမ့်ဈေး ၃၅ ယွမ် အထိရှိလာတယ်လို့ နယ်စပ် သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
  • မြန်မာသရက်သီးတွေ ယှဉ်ပြိုင်စရာဈေးကွက်ဝေစုပေါ်လာချိန်မှာ အရည်အသွေးမမီတဲ့အတွက် တရုတ်ဝယ်လိုအားကျဆင်းမှုရှိလာတယ်လို့ မူဆယ်နယ်စပ် သစ်သီးဝလံကုန်စည်ဒိုင်တွေဆီက သိရပါတယ်။


    တရုတ်ပြည်တွင်းသရက်သီးပေါ်လာချိန် ဈေးကွက်ယှဉ်ပြိုင်ရမှုရှိလာပြီး အရည်အသွေးပိုင်းပြင်ဆင်မှုအားနည်းတဲ့ မြန်မာ့သရက်သီးတွေအပေါ် ဝယ်လိုအားကျဆင်းရတာဖြစ်တယ်လို့ သိရပါတယ်။


    “ဝယ်လိုအားကျဆင်းရခြင်က ရောင်းလိုအားsupplyများလွန်းလို့ ဝယ်လိုအားDemandကျဆင်းရတာလို့ဖြေရင် ဒီတရုတ်ဈေးကွက်အတွက် ရယ်စရာဖြစ်သွားပါမယ်။ ဒီရောင်းလိုအားမှာ ကုန်ပစ္စည်းအရည်အသွေးက ဘယ်လောက်တောင်အားဖြည့်ထားသလဲ။ စုပြုံနေတဲ့လက်ကျန်ကုန်ပစ္စည်းတွေက ပြည်ပ ပို့ကုန်အရည်အသွေး မီခြင်း မမီခြင်းကသာ Demandပမာဏကို အတိုးအလျှော့လုပ်နေတာ။ တရုတ်ဈေးကွက်ကြီးမှာ ဝယ်လိုအား နည်းစရာအကြောင်းကိုမရှိတာ။ ယှဉ်ပြိုင်စရာဈေးကွက်ဝေစု (တရုတ်ပြည်တွင်းသရက်သီး)တွေ ပေါ်လာတာနဲ့ အနာဟောင်းက ထင်းကနဲပေါ်လာရပြီ။ ဆိုလိုတာက မြန်မာ့သစ်သီးတွေက အခြေအနေကောင်းမှာ ရောင်းပန်းလှနေတတ်ပေမယ့် ခက်ထန်တဲ့ဈေးကွက်ကိုရင်ဆိုင်ဖို့ပြင်ဆင်မှုအားနည်းလှပါတယ်။ တောင်သူတစ်ဦးချင်းရဲ့တင်ပို့မှုအနည်းအများအလိုက် အရှိအတိုင်း ဂိတ်ဆရာအပ်လိုက်တာ။ အရည်အသွေးပိုင်း ကြံ့ခိုင်မှုအားနည်းရင် အခုလိုပြိုင်ဖက်တစ်ချက်ပေါ်လာရင်အလဲလဲအပြိုပြို”လို့ မူဆယ်မြို့ရှိ ခွာညိုသစ်သီးပွဲရုံက အသိပေးထားပါတယ်။


    ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်ဘက်ကို တင်ပို့မယ့် သရက်သီးတွေ စုပြုံနေတဲ့အတွက် တင်ပို့မှု ခေတ္တရပ်နားထားဖို့ နယ်စပ်သစ်သီးဝလံကုန်စည်ဒိုင်တွေက အကြံပြုထားတာတွေရှိခဲ့ပြီး လက်ရှိဝယ်လိုအားကျတာက တင်ပို့မှုများတာကြောင့် မဟုတ်ဘဲ အရည်အသွေးပိုင်းနဲ့သာ သက်ဆိုင်တာဖြစ်တယ်လို့ သိရပါတယ်။


    ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အရည်အသွေးပြည့်မီတဲ့ သရက်သီး တစ်ခြင်းကို တရုတ်ယွမ် ၁၆၀ ထိရခဲ့ပေမယ့် အခုရက်ပိုင်းမှာ ယွမ် ၈၀ အောက်၊ အရည်အသွေးပေါ်မူတည်ပြီး အနိမ့်ဈေး ၃၅ ယွမ် အထိရှိလာတယ်လို့ နယ်စပ် သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

    ဤသတင်းကို MyanmaPlatform မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes9comments0
views78views1629