cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပင်စိမ်းပင်အသုံးပြု၍သဘာဝပိုးသတ်ဆေးပြုလုပ်နည်း

. ပိုးမွှား
သစ်သီးယင်များအား နှိမ်နင်းရာတွင်အထူးထိရောက်မှုရှိကြောင်း သိရသည်။
  • ပင်စိမ်း

    ပေါက်ရောက်ပုံ

    ပင်စိမ်း၏မူရင်းဒေသသည် အနောက်နိုင်ငံနှင့်အပူပိုင်းအာရှတို့ဖြစ်သည်။ (၁၆)ရာစုက အင်္ဂလန်နိုင်ငံ၌လည်း စိုက်ပျိုးခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် ကမ္ဘာ့အနောက်ခြမ်းဒေသများတွင် အမွှေးအကြိုင်နှင့် ဆေးဖက်ဝင်သီးနှံအဖြစ် စိုက်ပျိုးသည်။ အပူပိုင်းဇုံတွင်ပင်စိမ်းမျိုးပြား(၆၀)ခန့် ခွဲခြားသတ်မှတ်ထားသည်။


    အသုံးပြုနိုင်သော အပင်အစိတ်အပိုင်းများ

    အရွက်၊ ပင်စည်


    အာနိသင်သက်ရောက်ပုံ

    ပိုးဟန့်တားဆေး၊ ပိုးသေဆေး၊ မှိုသတ်ဆေးနှင့် ခရုပက်ကျိနှိမ်ဆေး။


    နှိမ်နင်းနိုင်သည့် ပိုးမွှားရောဂါများ

    (၁) ဝါမျှင်စွန်းပိုး

    (၂) သစ်သီးယင်

    (၃) ရွက်ထွင်းပိုး

    (၄) ပြောင်းပင်စည်ထိုးပိုး

    (၅) မွှားပင့်ကူနီ


    သိုလှောင်သီးနှံဖျက်ပိုး

    (၁) အစေ့ထွင်းပိုး

    (၂) ပြောင်းစေ့ထွင်းပိုး


    ပြင်ဆင်အသုံးချနည်း

    ပင်စိမ်းရွက်စစ်ထုတ်ရည်(ကြိတ်ရည်) - ဤစစ်ထုတ်ရည်သည် ထောပတ်ပင်၊ မက်မွန်ပင်နှင့် အခြားသစ်သီးပင်များတွင် ကျရောက်သည့်ရွက်ထွင်းပိုးများ၏ ပိုးတုံးလုံးများပေါ်၌ မေ့မြောအာနိသင်ရှိပြီး အကောင်ကြီးများပေါ်၌ ဟန့်တားအာနိသင်ရှိသည်။ ယင်းအာနိသင်သည် (၉၀) ရာခိုင်နှုန်း ထိရောက်မှုရှိသည်။

    စစ်ထုတ်ရည်တစ်ပုလင်းရရန် ပင်စိမ်းရွက်(၆)ကျပ်သားလိုအပ်သည်။ အရွက်များကိုရေတွင်တစ်ညစိမ်ထားရန် လိုသည်။ နောက်တစ်နေ့တွင် အရွက်များကိုကြိတ်နယ်(ထောင်း)၍ အရည်ကိုစစ်ချ(ညှစ်)ယူပါ။ ယင်းကိုဆပ်ပြာရည် (၃-၄) စက်ခန့်ရော၍ သမအောင်မွှေပြီးနောက် တိုက်ရိုက်ပက်ဖြန်းအသုံးပြုနိုင်ပါသည်။


    အရွက်ထွင်းပိုးများအတွက်အသုံးပြုရန် အကြံပြုချက်

    အရွက်(၁၂)ကျပ်သားကိုကြိတ်နယ်၍ရသော စစ်ရည်ကိုရေတစ်ပုလင်းတွင် ရောမွှေ၍ပက်ဖြန်းပါ။


    သစ်သီးယင်ထောင်ချောက်

    အောက်ဖော်ပြပါနည်းသည် လက်တွေ့အရသစ်သီးယင်များအား နှိမ်နင်းရာတွင်အထူးထိရောက်မှုရှိကြောင်း သိရသည်။ ပင်စိမ်းရွက် (၂) ကျပ်ခွဲသားကို ကြေညက်အောင်ကြိတ်(ထောင်း)၍ ရေဟင်းစားဇွန်း (၁၃) ဇွန်းနှင့်ရောမွှေ၍ အုန်းမှုတ်ခွက်တွင်ထည့်ထားပါ။ အနွမ်းမမြန်စေရန်အတွက် သံပုရာသီတစ်စိတ်ကို အရည်ညှစ်ထည့်ပါ။ ပြီးလျှင် အဆိပ်တစ်ခုခုနှင့် ရော၍ယင်းအုန်းမှုတ်ခွက်ထောင်ချောက်ကို သရက်ပင်ကိုင်းတွင်ချိတ်ပါ။ သရက်ပင်တစ်ပင်လျှင် ထောင်ချောက်(၄)ခုနှုန်းချိတ်ပါ။

    သစ်သီးယင်များသည် ပင်စိမ်းစစ်ကျရည်ကို လာရောက်စားသောက်ခြင်းဖြင့်သေကြသည်။ အဆိုပါထောင်ချောက်များကို အသီးစတင်သည့်အချိန်မှ အသီးခူးချိန်အထိချိတ်ဆွဲပါ။ ထောင်ချောက်များကို တစ်ပတ်တစ်ခါ အသစ်လဲလှယ်ပေးပါ။ အဆိပ်သင့်သည့် သစ်သီးယင်များကို ချက်ခြင်းဖယ်ရှားပစ်ပါ။


    အခြားအသုံးဝင်ပုံ

    ကြွက်နှိမ်နင်းခြင်း - ပင်စိမ်းရွက်ကိုကြွက်ထီးများအား ရေရှည်စားစေခြင်းအားဖြင့် မြုံသွားစေနိုင်သည်။ ကြွက်ထီးများမိတ်လိုက်ခြင်းကို ဟန့်တားပေးသည်။


    ပေါင်းနှိမ်နင်းခြင်း

    မြေရိုင်းများနှင့်စိုက်ပျိုးမြေများတွင် ပင်စိမ်းစိုက်ပျိုးခြင်းဖြင့် ပေါင်းမြက်များမထနိုင်အောင်တားဆီးပေးသည်။ ဥပမာ - အဆိပ်သင့်စေသည့်ပေါင်းမြက်များ ပေါက်ရောက်သည့်မြေနေရာများတွင် ပင်စိမ်းပင်များကို မြေဖုံးပင်များအဖြစ်စိုက်ပျိုးခြင်းဖြင့် နှိမ်နင်းနိုင်သည်။


    Source - ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေး_မောင်ဌေးအန့်

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes14comments0
views407views2381