cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆေးဖက်ဝင်၊ဈေးကွက်ဝင် အကျော် ခေါ် သစ်မွှေးပင်

. စိုက်ပျိုးနည်းစနစ်များ
သစ်မွှေးကို အကျော်ဟူ၍လည်း ခေါ်သည်။ သစ်မွှေးခေါ် အကျော်သည် နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ အကျော်၊ စမ္ပာဟူသော နံ့သာမျိုးငါးပါးတွင် ပါဝင်သည်။ရုက္ခဗေဒ အလိုအားဖြင့် သစ်မွှေးပင် များသည် တင်မီးလေ အီးစီး မျိုးရင်းတွင်ပါဝင်ပြီး ရုက္ခဗေဒအမည်မှာ အကွီလေးရီးယား အဂလိုချာဖြစ်သည်။
  • အပင်ကြီးမျိုးဖြစ်ပြီး တစ်နှစ်ပတ်လုံး စိမ်းလန်းသည်။ အမြင့်ပေ ၇ဝ မှ ၁ဝဝ ထိရှိသည်။ ပင်စည်နှင့်အကိုင်း အခက်တို့မှာ ဖြောင့်မတ်ခြင်းမရှိပေ။ အခက်အလက်များဖြာပြီးအရွက်များ ခပ်ကျဲကျဲထွက်သည်။ အရွက်များ သည် အလျား ၂ လက်မမှ ၃ လက်မအထိ ရှိပြီး အနံမှာ ၁လက်မ မှ ၁လက်မခွဲခန့်ရှိသည်။ အရွက်သည်သားရေ ကဲ့သို့ ပျော့ပြောင်းတောက်ပသည်။ အပွင့်မှာ အဖြူရောင်ဖြစ်ပြီး ပိုးသားကဲ့သို့ နူးညံ့သည်။ အရွယ်မှာအလွန် သေးငယ်သည်။ တပေါင်း တန်ခူးလများတွင် ပွင့်သည်။ အသီးများမှာလည်း ကတ္တီပါကဲ့သို့ နူးညံ့ပြီး ဘဲဥပုံသဏ္ဌာန်ရှိသည်။ အရွယ်မှာ ၁ လက်မမှ ၂ လက်မအထိရှိသည်။ သစ်မွှေးကို စုဆောင်းရာ၌ အနှစ်ရှိမည်ထင်ရသော သစ်မွှေး ပင်များကို ရှာဖွေခုတ်လှဲပြီး သစ်အကာ များစင်အောင် သစ်လုံးလိုက် မြေစိုတွင် မြှုပ်ရသည်။ မြေစိုတွင် မြှုပ်သောကြောင့် ဆွေးမြေ့ပြီး အကာများ ကင်းစင်သွားသော အနှစ်မှာသစ်မွှေးပင်ဖြစ်သည်။ သစ်မွှေးပင်၏ အသားစိုတွင် အမွှေးနံ့လုံးဝမရှိပေ။ အချိန်ကြာမြင့်စွာ ခုတ်လှဲထားစဉ် သစ်မွှေးအနှစ်တွင် မှိုတစ်မျိုးစွဲလာသည်။ ထိုအခါ သစ်မွှေးအနှစ်သည် ဆွေးမြေ့လာသည်။ ယင်းကဲ့သို့ မှိုများစွဲကပ်၍ ဆွေးမြေ့လာမှသာ သစ်မွှေးအနှစ်သည် မွှေးလာသည်။ ပိုးစားထား သည့် အရာများကိုလည်း သစ်မွှေး၌ တွေ့ရသည်။ သစ်မွှေးအနှစ်မှ အဆီထုတ်ယူနိုင်ပြီး ယင်းအဆီကို ရေမွှေး ပြုလုပ်ရာတွင် သုံးသည်။ သစ်မွှေးကို အမွှေးတိုင်များ လုပ်ရာတွင်လည်း အသုံးပြုသည်။ သစ်မွှေးအနံ့ကို ပိုးမွှားများ အလွန်ကြောက်သည်။ အခေါက်ကို စက္ကူပြုလုပ်ရာ၌၎င်း၊ ကြိုးများပြုလုပ်ရာ၌၎င်း အသုံးပြုသည်။ မြန်မာ့ ဆေးမီးတိုအရ အနာများ ရောင်ရမ်းလျှင် သစ်မွှေးကို သွေး၍လိမ်းသည်။ အညှော်မိလျှင်လည်း သစ်မွှေးကိုသွေး၍ ဆားအနည်းငယ်ရောပြီး တိုက်သည်။

    စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် မြောက်ပိုင်း၊ တနင်္သာရီရိုးမနှင့် မြိတ်ကျွန်းစုများ၌ သစ်မွှေးပင်များ ပေါက်ရောက်သည်။ အိန္ဒိယ၊ ဗင်္ဂလားဒေ့ရှ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ် နိုင်ငံများ၌လည်း သစ်မွှေး ပင်များကို တွေ့ကြရသည်။ ဈေးကွက်ဝင်ပြီး အကျိုးအမြတ်ဖြစ်ထွန်းလာသောကြောင့် သစ်မွှေးပင်ကို စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပုဂ္ဂလိက စိုက်ပျိုးသူများက အပင်အရေအတွက် သိန်းနှင့်ချီ၍ စိုက်ပျိုးနေကြကြောင်းသိရသည်။ ကချင်ပြည်နယ်မှထွက်ရှိသော သစ်မွှေးမျိုးသည် ကမ္ဘာ့တန်းဝင် အကောင်းဆုံး သစ်မွှေးတစ်မျိုးဖြစ်သည်ဟုလည်းသိရသည်။ စီးပွားဖြစ်စိုက်ပျိုးသော သစ်မွှေးပင်များကို စိုက်ပျိုးပြီး သုံးနှစ်ကြာလျှင် သစ်မွှေးဆီ ဖြစ်စေမယ့် ကပ်ပါးမှိုကို ပင်စည်ထဲ ထိုးသွင်းပေးရပါတယ်။ ခုနစ်နှစ်လောက်ကြာရင် ခုတ်လှဲပြီး ဈေးကွက်ကိုတင်ပို့နိုင်ပါတယ်။ ဈေးကွက်ဝင်သစ်မွှေးရဲ့ အရည်အသွေးနဲ့ အဆင့်အတန်းဟာ ကပ်ပါးမှိုထိုးသွင်းပြီး နှစ်ကြာရှည်မှုအပေါ်မှာလည်း မူတည်ပါတယ်။ မြန်မာ ဆေးကျမ်းများ အလို အရ အကျော်သည် အေး၏။ အပူကို ငြိမ်းစေ၏။ ချောင်းဆိုး ရောဂါ၊ နူနာ တို့ကို နိုင်၏။ ခါးသော အရသာ ရှိ၏။ ကြေညက် လွယ်၏။ ဝဖြိုးစေ၏။ အစာမကြေ ရောဂါ၊ မျက်စိ ရောဂါ၊ နားရောဂါ တို့ကို ပျောက်ကင်း စေ၏။ ဆီးရွှင် စေ၏။ အသည်းနှင့် အူတွင်း၌ ဖြစ်သော ရောဂါ များကို ပျောက်ကင်း စေ၏။ ခံတွင်းနံ့ မကောင်းခြင်း ကိုပယ်၏။

    အလွန် မူးဝေခြင်း ဖြစ်ပါက အကျော်ကို သွေး၍ ရှူခြင်း သို့မဟုတ် မီးရှို့၍ အခိုး ပြုလုပ် ရှူခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။ဝမ်းဗိုက် နာလျှင် အကျော်နှင့် ကြက်ဆူမြစ် အခွံ အခေါက်ကို ရောစပ် သွေးပြီးဝမ်းဗိုက်တွင် လိမ်းပေး ပါက ပျောက်ကင်း နိုင်၏။အကျော်မှုန့် ကို ပျားရည်နှင့် ဖျော်၍ လျက်သော် နာတာရှည် အဖျားနှင့် အဖျားငုပ်ခြင်း များပျောက်ကင်း၍ နှလုံးနှင့် အစာအိမ်ကို အားပေး၏။အကျော်ကို သွေးသောက်ခြင်း၊အကျော်မှုန့် ကို သနပ်ဖက်တွင် ထည့်၍ ဆေးလိပ် ကဲ့သို့ပြုလုပ်ပြီး မီးညှိကာ ရှူပေးခြင်း၊ ဆေးတံ ကဲ့သို့ အခိုးရှူပိုက်ဖြင့် မီးညှိ၍ ရှူပေးခြင်းဖြင့် ပန်းနာ ရင်ကျပ် ရောဂါနှင့် အော့အန်သော ရောဂါများ ပျောက်၏။အကျော်နက် ကို ဆီနှင့် သွေး၍ လိမ်းသော် လေထိုး လေအောင့် ပျောက်၏။အကျော်ကို အိုးထိန်းပင်၏ အစေးနှင့် ရော၍ မကျက်နိုင်သော အနာ၊ ပိုးကျ နေသော အနာများ ပေါ်တွင် မှိုင်းတိုက် ပေးပါက ပိုးများ ပျက်စီး၍ အနာ ကောင်းစွာ ကျက်သွားမည်။

    Source:ဝီကီပီဒီးယား

    ----


  • article
likes11comments0
views268views1726