cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငရုပ်အထွက်သေချာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ

. စိုက်ပျိုးနည်းစနစ်များ
ငရုတ်စိုက်ပျိုးရန် သင့်တော်သည့်~

၁။ မြေအမျိုးအစား - သဲနုန်း၊ နုန်းမြေပွ

၂။ မြေ ချဉ်/ ငံ ဓာတ် - pH ၅.၅ မှ ၇

၃။ အပူချိန် - ၁၈ မှ ၃၅ ဒီဂရီ စင်တီဂရိတ်

၄။ စိုက်ချိန် - မေ၊ ဇွန်၊ အောင်တိုဘာ

၅။ စိုက်စနစ် - ရွှေ့ပြောင်းစိုက်ခြင်း

  • ၆။ မျိုးစေ့နှုန်း - ၂၀၀ ဂရမ်/ ဧက

    ၇။ ပျိုးထောင်ခြင်း - ပျိုးအိတ် (၃ လက်မ × ၃.၅ လက်မ (သို့မဟုတ်) ၄ လက်မ × ၅ လက်မ)၊ ပျိုးဗန်း (အပေါက် ၁၀၅ ပေါက် (သို့မဟုတ်) အပေါက် ၆၀ ပေါက် ပါ)၊ ပျိုးဘောင်

    ၈။ မြေသြဇာနှုန်းထား

    တစ်ပင်နှုန်းထား~

    ကွန်ပေါင်း (၁၅:၁၅:၁၅) - ထမင်းစားဇွန်းတစ်ဝက် ( မြေခံတွင် တစ်ကြိမ် ရွှေ့ပြောင်းစိုက်ပြီး (၁၄) ရက်မှ နှစ်ပတ်ခြားတစ်ကြိမ် စနစ်တကျ ထည့်သွင်းပေးရပါမည်။)

    ယူရီးယား (ပုလဲ) - ထမင်းစားဇွန်းတစ်ဝက် ( မြေခံတွင် တစ်ကြိမ် ရွှေ့ပြောင်းစိုက်ပြီး (၁၄) ရက်မှ နှစ်ပတ်ခြားတစ်ကြိမ် အပင်သက်တမ်း (၅၆) ရက်သား (၈ ပတ်) အထိ စနစ်တကျ ထည်းသွင်းပေးရပါမည်။)

    ပိုတက်ရှ် (ဓာတ်ဆား) - ထမင်းစားဇွန်း တစ်ဝက် ( ရွှေ့ပြောင်းစိုက်ပျိုးပြီး (၄၂) ရက် (၆ ပတ်) သားမှ စတင်၍ နှစ်ပတ်ခြားတစ်ကြိမ် စနစ်တကျ ထည့်သွင်းပေးရပါမည်။)

    ၉။ မြေပြုပြင်ခြင်း - စိုက်ခင်းမြေကို နွားချေးချ ထယ်ထိုးပြီး ထွန်ရေးကောင်းရသည်တိုင် ထွန်မွှေပါ။ ငရုပ် စိုက်ပျိုးရန် တစ်ဧကနွားချေးလှည်းအစီး (၁၀-၂၀)စီး ထည့်ပေး နိူင်သည်။ ဓာတ်မြေသြဇာအဖြစ် ယူရီးယား(ပုလဲ)၁-အိတ်၊တီစူပါ(၁)အိတ်၊ ပိုတတ်ရှ်(၁)အိတ်နူန်းကိုမြေပြုပြင်စဉ်တွင်ထည့်၍ အပင်ကြီးထွားစဉ်အဆင့်တွင် ယူရီးယား(၂)အိတ်ကိုထပ်မံကျွေးရပါမည်။ နှမ်းဖတ်ကို တစ်ဧကလျှင် (ဝ.၅)တန်နူန်းကိုငရုတ်ပင်ပတ်လည်တွင်ထည့်ပေးနိူင်ပါသည်။ တစ်ဧကလျှင် နွားချေး (၁၅)တန်၊ မြေဆွေး၊ စပါးခွံ၊ သစ်ရွက်ဆွေးတို့ကို မြေမပြင်ခင် ရက်အနည်းငယ် အလိုမှာထည့်ပေးပြီးမှ ထယ်ထိုးထွန်မွှေတာကို လုပ်ဆောင်နိုင်ပါတယ်။ မြေခံ အနေနဲ့ကတော့ နွားချေး (၁)အိတ်၊ တီစူပါ (၁) အိတ်၊ ပိုတက် (၁) အိတ်ကို မြေခံ အနေနဲ့ ထည့်သွင်အသုံးပြုနိုင်ပါတယ်။

    ၁၀။ စိုက်ပျိုးခြင်း - ပျိုးသက်အနည်းဆုံး တစ်လ (၃၀ ရက်သား) တွင် ပင်ကြား၊ တန်းကြား (၂ ပေ× ၃ ပေ) ဖြင့် တစ်ဧက ဝင်ဆံ့သည့် အပင်ဦးရေ (၇၂၆၀) ပင် စိုက်ပျိုးပါ။

    ၁၁။ အပင်ပြုစုစောင့်ရှောက်ခြင်း - စိုက်ပျိုးပြီး (၁၀) ရက်သားတွင် တစ်ကြိမ်၊ (၁၅) ရက်သားတွင် (၁) ကြိမ် မြေတောင်မြှောက်ခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်းများ ပြုလုပ်ရပါမည်။

    ရာသီဥတုနှင့် အပင်၏ ရေလိုအပ်မှုပေါ်မူတည်၍ တစ်ပတ်လျှင် (၁) ကြိမ် ရေသွင်းရပါမည်။ အသီးတင်အားကောင်းရန် ပထမဆုံးပွင့်သည့် ပန်းပွင့် (သို့မဟုတ်) ဂွသီးအား ချွေပေးပါ။

    ၁၂။ ရိတ်သိမ်းခြင်း - ရွေ့ပြောင်းစိုက်ပျိုးပြီး(၂)လအကြာတွင် ပန်းစတင်ပွင့်သည်။ ပန်းပွင့်ပြီး(၂)ပတ်အကြာတွင် ပထမအကြိမ်စတင်ခူးဆွတ်နိူင်သည်။ရွေ့စိုက်ပြီး(၃-၄)လအတွင်းဆွတ်ခူးရသည်။ မှည့်သောအသီးသာခူးသင့်သည်။ စိမ်းသောအသီးခူးပါကဖလံဖြူဖြစ်သွားတတ်သည်။ ငရုတ်သီးအမှည့်ကိုခူးရာတွင်ကြက်တူးရွေးအသီးနှင့်ကြေးညိုတောင့်ကိုမခူးရပါ။ (*ငရုတ်သီးရင့်မှည့်ရာတွင်မှည့်စပြုသောအခါအစိမ်းတပိုင်းအနီတပိုင်းအဆင့်ကိုကြက်တူရွေးနူတ်သီးခေါ်၍၎င်းအဆင့်ကိုကျော်ကာငရုတ်သီးတစ်တောင့်လုံးအညိုပြောင်းကကြေးညိုတောင့်ဟုခေါ်သည်။*)၎င်းအဆင့်(၂)ဆင့်ကိုကျော်လွန်ပြီးသောအနီရောင်သန်းသည့်ငရုတ်ကိုသာခူးရမည်။ပန်းပွင့်ပြီး (၅၅ မှ ၆၀) ရက်တွင် စတင်ခူးဆွတ်နိုင်ပါသည်။ (မျိုးပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။)

    မူရင်း- ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသည့် ငရုတ်စိုက်ပျိုးထုတ်လုပ်နည်း လမ်းညွှန်စာစောင်

    ----


  • article
  • article
  • article
  • article
  • article
  • article
likes19comments1
views280views2119