cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လိုင်ချီး​ပင် စိုက်ပျိုး​နည်း​

. စိုက်ပျိုးနည်းစနစ်များ
လိုက်ချီးအထွက်ကောင်းဖို့ ဘယ်လိုစနစ်တကျ စိုက်ပျိုးပြုစုရမလဲ=================================

မြန်မာအမည်-လိုက်ချီး၊လေချူသီး

အင်္ဂလိပ်အမည်-Litchi (or)Lychee

ရုက္ခဗေဒအမည်-Litchi chinensis

မျိုးရင်းအမည်-Sapindaceae

  • လိုက်ချီးပင်ဟာ တရုတ်ပြည်မူရင်းဒေသဖြစ်ပါတယ်။

    စိုက်ပျိုးသည့်ဒေသ

    ----------------------

    ဗန်းမော်မြို့နယ်၊မြစ်ကြီးနားမြို့နယ်၊စစ်ကိုင်းမြို့နယ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ သီပေါမြို့နယ် တွေမှာ စိုက်ပျိုးလျက်ရှိပါတယ်။

    ကြိုက်နှစ်သက်သော ရေမြေရာသီဥတု

    -------------------------------------------

    မြေသြဇာကောင်းတဲ့မြေပွ၊သဲနုန်းမြေကိုကြိုက်နှစ်သက်ပါတယ်။

    မြေပြုပြင်ခြင်း

    ----------------

    လိုက်ချီးပင်တွေကို ရေအလွယ်တကူရနိုင်တဲ့မြစ်ချောင်းကမ်းဘေးတွေမှာ စိုက်ပျိုးသင့်ပါတယ်။ မတ်လ၊ ဧပြီလမှာ ပေါင်းမြက်ရှင်းပြီးတစ်ပင်နဲ့တစ်ပင်(၂၅)ပေအကွာကျင်းတွေကို(၃)ပေပတ်လည်တူးပြီးကျင်းအတွင်းသို့

    သစ်ရွက်ဆွေးမြေနဲ့အပေါ်ယံမြေဆတူရောပြီး ပြန်လည်ဖုံးထားပေးပါ။တစ်ဧကအတွက် (၆၉)ပင်လိုအပ်မှာ ဖြစ်ပါတယ်။

    ပျိုးထောင်ခြင်း၊ မျိုးပွားခြင်း

    ---------------------------------

    လိုက်ချီးပင်တွေကို အစေ့မှပျိုးထောင်တဲ့အပင်ကြီးတွေဟာ အထနှေးတဲ့အတွက် အသီးမြန်တဲ့ မြေထုပ်စည်း မျိုးပွားနည်း (Air -layering) ကိုအများဆုံးအသုံးပြုကြပါတယ်။ မိုးဦးမေလ၊ဇွန်လတွေမှာလက်မဝက်ခန့် လုံးပတ်ရှိတဲ့ကိုင်းတွေကိုရွေးချယ်ပြီးမြေထုပ်စည်းကာအမြစ်တွေ ကောင်းကောင်းထွက်လာရင်သြဂုတ်လ အတွင်းအောက်ခြေမှဖြတ်ပြီး ပျိုးအိတ်များသို့ရွှေ ့ပြောင်းစိုက်ပျိုးရပါတယ်။ ၎င်းပျိုးပင်များကို(၉)လအကြာ

    နောင်နှစ်မိုးဦးဇွန်လမှာ ထာဝရစိုက်ကွက်သို့ပြောင်းရွှေ့စိုက်နိုင်ပါတယ်။

    စိုက်ပျိုးခြင်း

    ---------------

    အသင့်ပြုလုပ်ထားတဲ့ စိုက်ကျင်းများသို့လိုက်ချီးပျိုးပင်တွေကို သယ်ဆောင်လာပြီး ပလတ်စတစ်အိတ်ကို ခွာပြီးမှစိုက်ကျင်းမှာ စိုက်ပျိုးပါ။ စိုက်ပျိုးပြီးရင် ရေလောင်းပေးပြီး ပင်ခြေပတ်လည်မြေကျပ်စေဖို့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

    မြေသြဇာကျွေးခြင်း

    -----------------------

    လိုက်ချီးပင်တစ်ပင်ကို သဘာဝမြေသြဇာတွေဖြစ်တဲ့ နွားချေး၊သစ်ဆွေး၊မြေဆွေးတစ်တင်းနှုန်းထည့်ပေးပါ။

    လိုက်ချီးသီးဟာပိုတက်ရ်ှမြေသြဇာအထူးလိုအပ်တဲ့အတွက်စိုက်ကျင်းတွေမှာ(၃)အောင်စစီထည့်ကျွေး သင့်ပါတယ်။အပင်ကြီးတွေမှာ ယူရီးယားမြေသြဇာ(၆)အောင်စတီစူပါမြေသြဇာ(၈)အောင်စနဲ့

    ပိုတက်ရ်ှမြေသြဇာ(၆)အောင်စနှုန်းရောစပ်ပြီး ပင်ခြေမှ(၅)ပေအတွင်းညီညာစွာကျွေးပေးဖို့ လိုပါတယ်။

    အပင်ပြုစုထိန်းသိမ်းခြင်း

    ------------------------------

    လိုက်ချီးပင်ကလေးတွေကိုငယ်ရွယ်စဉ်အခါကစပြီးစနစ်တကျပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ ပင်စည်အမြင့် သုံးပေထားပြီး ၎င်းမှကိုင်းပွားပေးပါ။အလယ်မှာ အလင်းရောင်ရရှိစေဖို့ ဆောင်ရွက်ပါ။

    အပေါ်သို့ထိုးထွက်သွားတဲ့ကိုင်းများကို ဆောင်းရာသီမှာ ဖြတ်ပေးဖို့ လိုပါတယ်။

    ကျရောက်တတ်သော ပိုးမွှားရောဂါများ

    -----------------------------------------------

    လိုက်ချီးပင်တွေမှာ ပင့်ကူနီနဲ့ ချိတ်ပိုးတွေ

    ကျရောက်ဖျက်ဆီးတတ်တဲ့အတွက်

    ထုံးကန့်ဆေးရည်ကိုပက်ဖျန်းပေးပါ။

    လိုက်ချီးပင်ရဲ့ အရွက်ကိုင်းတွေမှာ

    ရွက်ပြောက်ရောဂါတွေ ကျရောက်တတ်ပါတယ်။ ကော့ပါးပါတဲ့ မှိုသတ်ဆေးတွေနဲ့ ပက်ဖျန်းကာကွယ်နှိမ်နင်းသင့်ပါတယ်။

    အသီးဆွတ်ခူးခြင်းနှင့်သိုလှောင်ခြင်း

    -----------------------------------------

    လိုက်ချီးသီးတွေ အနီရောင်သမ်းလာတဲ့အချိန်မှာ အသီးတွေကိုအခိုင်လိုက်ဖြုတ်ယူပါ။ တစ်ခိုင်မှာ အသီး(၁၀လုံးမှ၁၅လုံး)အထိရှိနိုင်ပါတယ်။ အသီးသိုလှောင်ချိန်ကြာသွားရင် အသီးခွံခြောက်သွေ့ခြင်း၊ အရောင်မည်းခြင်း၊ပုပ်ခြင်းစတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေရာမှတစ်နေရာသယ်ဆောင်တဲ့အခါ

    အင်ဖက်လို ဖက်စိမ်း(သို့မဟုတ်)ရေငွေ့ထိန်းနိုင်တဲ့ ပလတ်စတစ်အိတ်တွေနဲ့ထုပ်ပိုးထားသင့်ပါတယ်။

    Source:သစ်သီးဝလံစိုက်ပျိုးနည်း 


  • article
likes11comments0
views275views2182