မိုးရာသီ မှာ ကွမ်းစိုက်တောင်သူတွေ ကြုံတွေ့ရလေ့ရှိတဲ့ ရိုးမဲ အဆစ်ပြုတ် ရောဂါ
- ရောဂါကျနေတဲ့ ပင်စည် ဆစ်ကြားများသည် ပျော့ပုပ်ဆွေးရိနေသောကြောင့် ဖြူဖွေးထူထပ်သော ဝါဂွမ်းဆုပ်နှင့်တူသည့် မှိုမျှင်စုများ ဖုံးအုပ်ထားသည် ကိုတွေ့မြင်နိုင်သည်။
- ရောဂါကျရောက်နေသော အပင်၏ အမြစ်များသည် ပုံစံပျက်ပြီး ပုပ်နေသောကြောင့် အပင်အတွက် လိုအပ်သည့် အာဟာရနှင့် ရေကို ကောင်းစွာ မထောက်ပံ့ပေးနိုင်ပါ။
- အပင်အမြင့် (၂-၃) ပေအတွင်းရှိသော အရွက်များတွင် အရွက်ပုပ်နေသည့် လက္ခဏာကို တွေ့ရသည်။ ကာကွယ်နှိမ်နင်းခြင်း
1. ကွမ်းရိုးမဲ ဆစ်ပြုတ်ရောဂါ ကျရောက်ခဲ့ရင် ရောဂါကင်း၍ အနည်းဆုံး တစ်နှစ်ကျော် သက်တမ်းရှိတဲ့ မျိုးကိုင်းကို အသုံးပြုပေးပါ။
2. စိုက်ခင်းထဲတွင်ရှိသော ပင်ကြွင်းပင်ကျန်များကို သေချာ ရှင်းလင်းပေးဖို့လိုအပ်ပါတယ်။ ရေသွင်းရေထုတ်ကို မှန်မှန်ပြုလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။
3. Dimethomorph, Cymoxanil, Mitalaxyl, Ridomil, Fosetyl AL ပါတဲ့ ဆေးအုပ်စုဝင် တစ်မျိုးမျိုးကို သုံးပေးပါ။
References- MOALI Agricultural Study Blog