cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကွမ်းပင် ဘတ်တီးရီးယား ဆီစွန်းရောဂါ

. ရောဂါ
1. ဘက်တီးရီးယားဆီစွန်းရောဂါက ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ ဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့်မိုးရွာတဲ့ချိန်တွေမှာ အဖြစ်များပါတယ်။


  • 2. ဒါကြောင့် ကွမ်းခြံအတွင်း ရေမဝပ်ရန် မြေသစ်ဖို့ခြင်း၊ ခြံပတ်မြောင်း၊ ရေနုတ် မြောင်းများ ပြုလုပ်ပေးဖို့ မမေ့ပါနဲ့။


    3. ကွမ်းရွက်တွင် အမည်းရောင် ရေစိုနာကွက်လေးတွေပတ်လည်မှာ အဝါရောင်အနားသတ် လေးတွေပါတဲ့ လက္ခဏာပြရင် ဘတ်တီးရီးယား ဆီစွန်းရောဂါဖြစ်ပါတယ်။


    4. ‌နောက်ပိုင်းမှာ ရောဂါကျရောက်သော အရွက်များဟာ အဝါရောင်ပြောင်း၍ ညှိုးပြီးကြွေကျ သွားပါတယ်။


    ကာကွယ်နှိမ်နင်းနည်း 


    1. ရောဂါဖြစ်စေတဲ့သက်ရှိ ခိုအောင်းနေထိုင်နိုင်တဲ့ ပင်ကြွင်းပင်ကျန်များကို မြေသြဇာအဖြစ် ပြန်လည်အသုံးမပြုဘဲ မီးရှို့ ဖျက်ဆီးပစ်ပါ။ 


    2. ရေသွင်းရေထုတ်ကို ပုံမှန်ဆောင်ရွက်ပေးပါ။


    3. ဆီစွန်းရောဂါ ကျရောက်ခဲ့ရင် 

    - Bismerthiazol

    - Tribasic copper sulphate ပါတဲ့ဆေးအုပ်စုဝင် တစ်မျိုးမျိုးကို ဖျန်းပေးနိုင်ပါ တယ်။


  • article
likes27comments1
views509views3201