cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြွက်နားရွက်မှိုစိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
သိပ္ပံနည်းကျ မှို စိုက်ပျိုးရာတွင် စားသုံးမှို နှင့်ဆေးဖက်ဝင်မှိုများကို စိုက်ပျိုးကြသည်။ စားသုံးမှိုများမှာ ငွေနှင်းမှို၊ ငွေနားမှို၊ ကြွက်နားရွက်မှို၊ ရှီတာကီမှို၊ ကောက်ရိုးမှို အစရှိသည်တို့ ဖြစ်ကြသည်။

  • သိပွံနည်းကျ မှိုမွေးမြူ စိုက်ပျိုးရာတွင် မှိုမျိုးတစ်မျိုးနှင့် တစ်မျိုး ကွာခြားမှု သိပ်မများပေ။ မှိုမွေးမြူစိုက်ပျိုးရာတွင် ပြုလုပ်ရသည့် လုပ်ငန်း အဆင့် (၄)ဆင့်ရှိသည်။ ၎င်းတို့မှာ- 

    ၁။ မှိုမျိုးသန့်မွေးမြူခြင်း 

    ၂။ မှိုမျိုးစေ့ / မှိုပွားစာ ပြုလုပ်ခြင်း 

    ၃။ မှိုစိုက်ထုပ်ပြုလုပ်ခြင်း နှင့် 

    ၄။ မှိုစိုက်ပျိုးခြင်း တို့ဖြစ်သည်။ 

    မှိုကို စတင်စိုက်ပျိုးသူများ အနေဖြင့် အဆင့် (၄) မှ စတင်ပြီး ကျွမ်းကျင်လာမှုအရ အထက် အဆင့်များသို့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် လုပ်ကိုင် သွားရမည်။ ယခုဆောင်းပါးတွင် အဆင့်(၄) ကြွက်နားရွက်မှို စိုက်ပျိုးနည်း အကြောင်းကိုသာ သီးသန့်ဖော်ပြ သွားပါမည်။ 

    ကြွက်နားရွက် မှိုစိုက်ပျိုးရန်အတွက် ရှေးဦးစွာ မှိုစိုက်ခန်း ပြင်ဆင်ရပါမည်။ မိမိ စိုက်ပျိုးလိုသည့် မှိုစိုက်ထုပ် အရေအတွက်ကို လိုက်၍ အခန်းကို ပြင်ဆင်ရပါမည်။သီးသန့် မှိုစိုက်ခန်း မပြင်ဆင်နိုင်သူများအတွက် မိမိအိမ်ရှိ ရေချိုးခန်း၊ အခန်းလွတ်များ အသုံးပြုနိုင်ပါသည်။ သို့ရာတွင် လေဝင်လေထွက်ကောင်းပြီး တိုက်ရိုက် နေရောင်ခြည် မကျသော အခန်းဖြစ်ရမည်။ 

    အသစ်ဆောက်မည့်သူများအတွက် သက္ကယ် သို့မဟုတ် ဓနိမိုးပြီး ထရံကာ အဆောက်အဦးသည် အသင့်တော်ဆုံး ဖြစ်သည်။ အခန်း ကြမ်းပြင်ကို သဲခင်းပေးရမည်။ (ရေလောင်းသောအခါ ဗွက် မထစေရန်နှင့် အစိုဓာတ်ထိန်းရန် ဖြစ်သည်။) အထုပ်များထားရှိ စိုက်ပျိုးနိုင်ရန် စင် သို့မဟုတ် တန်းများ ထည့်သွင်းထားရမည်။ 

    စိုက်ခန်းကို အပူချိန်၂၅ဒီဂရီ မှ ၃၂ဒီဂရီ နှင့် စိုထိုင်းဆ ၈၀-၉၅ ရာခိုင်နှုန်း ရရှိရန် ပြုလုပ်ပေးရမည်။ သာမိုမီတာ တပ်ဆင်ထားပြီး ချိန်ညှိနိုင်သည်။ စိုက်ခန်း ကြမ်းပြင် သဲခင်းအား ရေဝအောင်လောင်းထား ရမည်။ 

    စိုက်ခန်း ပြင်ဆင်ပြီးပါက ကြွက်နားရွက်မှိုမျိုး ထည့်သွင်း ရင့်ကျက်ထားသော ကြွက်နားရွက်မှို အဆင်သင့် စိုက်ထုပ်များကို ဝယ်ယူရမည်။ 

    ဝယ်ယူရရှိလာသော မှိုစိုက်ထုပ်များ အခန်းနှင့်လိုက်လျောညီထွေ တည်ငြိမ်လာအောင် အခန်းတွင်းထား၍ ၂ရက်ခန့် အနားပေးရမည်။ 

    ထို့နောက် အထုပ်ထိပ်ဝကို ကြိုးဖြင့် တင်းတင်းစည်းပေး ရမည်။ ပြီးလျှင် အထုပ်လေးဖက် လေးတန် မျက်နှာပြင်နှင့် အထုပ် ဖင်ခြေတို့ကို ဓားခွဲပေးရမည်။ 

    မျက်နှာပြင် တစ်ဖက်တွင် ဓားချက်၂ချက်နှုန်းဖြင့် လေးဖက်အတွက် ၈ချက်နှင့် ဖင်ခြေအတွက် ၂ချက် စုစုပေါင်း တစ်ထုပ်အတွက် ဓားချက် ၁၀ချက် ရှိရမည်။ 

    ဓားချက် အရွယ်မှာ ၁လက်မခွဲ မှ ၂လက်မ ရှိရမည်။ ဓားခွဲရာတွင် မှို စိုက်ထုပ်၏ အပေါ်ယံ ပလပ်စတစ်သား ပြဲရုံသာ ခွဲရမည်။ 

    (စိုက်ထုပ်အတွင်း မှိုမျှင်များ ရှိနေသော အတုံးထဲ ဓား မနစ်စေရန် သတိပြုရမည်။) လေးဖက် လေးတန် မျက်နှာပြင်အား ဓားခွဲရာတွင် ဓားချက် တစ်ချက်နှင့် တစ်ချက် တေ့ဆက် ပုံစံဖြင့် ခပ်စောင်းစောင်း ခွဲပေးရမည်။ 

    ထို့နောက် စိုက်ထုပ်များကို ကြိုးဖြင့်တွဲသီ၍ စိုက်ခန်းအတွင်း စင် သို့မဟုတ် တန်းများတွင်တွဲလောင်း ချိတ်ဆွဲရမည်။ 

    အထက်ပါ အဆင့်များပြီးဆုံးပါက တစ်နေ့လျှင် ရေ ၁-၂ကြိမ်လောင်းပေး ရမည်။ ရေပိုက် အသုံးပြု၍ လောင်းနိုင်သော်လည်း ရေမှုန် ရေမွှား အဖြစ်လောင်းပေးနိုင်ပါက ပိုကောင်းသည်။ ရေစလောင်းသည့်အချိန်မှ ၁ပတ်အတွင်း မှိုစတင် ထွက်ရှိနိုင်ပြီး ၂ပတ်မှ ၃ပတ်အတွင်း ဆွတ်ခူးနိုင်သည်။ 

    မှို စိုက်ထုပ်၁ထုပ်မှ ၂ကြိမ်-၃ကြိမ် ဆွတ်ခူးနိုင်ပြီး မှို စိုက်ထုပ်မူလ အလေးချိန်၏ ၃ပုံ၁ပုံ မှို ထွက်ရရှိမည်။ သတိပြုရန်မှာ ကြွက်နားရွက် မှိုစိုက်ပျိုးရန် မိုးနှင့်ဆောင်းမှာ သင့်တော်ပြီး နွေရာသီတွင် အပူချိန်ကြောင့် အဆင်မပြေနိုင်ပါ။ နွေရာသီတွင် မဖြစ်မနေ စိုက်ပျိုးမည်ဆိုပါက အပူချိန်ကို အထူးထိန်းချုပ် ပေးရပါမည်။ 


     မျိုးမင်း (တမာမြေ) 


     


  • article
likes8comments0
views152views2183