cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နေပြည်တော်တွင် ဒူးရင်းသီးအဝင်များသော်လည်း ထင်သလောက် ရောင်းမကောင်း

. ဈေးကွက်
“ဒီအချိန်က ဒူးရင်းသီးက နယ်စုံက အသီးစုံဝင်တယ်၊ ထင်သလောက် မရောင်းရပါဘူးဗျာ၊ အရောင်းပါးတယ်၊
  • နေပြည်တော်တွင် ဒူးရင်းသီးများ အဝင်များသော်လည်း ထင်သလောက် မရောင်းရဘဲ အရောင်းပါးတယ်လို့ သစ်သီးဝလံရောင်းချသူများထံမှ သိရပါတယ်။

    “ဒီအချိန်က ဒူးရင်းသီးက နယ်စုံက အသီးစုံဝင်တယ်၊ ထင်သလောက် မရောင်းရပါဘူးဗျာ၊ အရောင်းပါးတယ်၊ ရောင်းတဲ့သူတွေကလည်းများတယ်၊ ဆိုင်အထိုင်ရောင်းတဲ့သူ၊ ရွှေ့လျှား ဆိုင်ကယ် ကားတွေနဲ့ရောင်းတဲ့သူ၊ နောက် အွန်လိုင်းကနေရောင်းတဲ့သူ ရောင်းတဲ့သူတွေကလည်းများတယ်၊ ဒါပေမဲ့ သိပ်အဟုတ်ကြီး မရောင်းရဘူးဗျ၊ မရောင်းရဘူးဆိုတာလည်း မပြောနဲ့လေဗျာ၊ အခုချိန်က ငွေရှာရတာခက်တယ်၊ မိသားစုစားဝတ်နေရေး မနည်းဖြေရှင်းနေရတဲ့အချိန်ကို အစစအရာရာ ကုန်စျေးနှုန်းကမြင့်သကိုး၊ ငွေပိုငွေလျှံရှိမှ စားနိုင်မှာကို အခုချိန်က ဒူးရင်းသီးစျေးကလည်း သာမန်လူဝယ်စားဖိုဆိုတာ တစ်လုံး အောက်ထစ် ၅၀၀၀ လောက်ဆိုတော့ နေပြည်တော်မှာက ပိုက်ဆံချမ်းသာတဲ့သူ၊ နောက်ဝန်ထမ်းထဲကဆို သာမန်ဝန်ထမ်းဝယ်စားဖို့ခက်၊ လူကြီးပိုင်းတွေလောက်သာ စားနိုင်တာ” ဟု သစ်သီးရောင်းသူတစ်ဦးမှ ဆိုပါတယ်။

    နေပြည်တော်တွင် ဒူးရင်းသီးများ အရောင်းပါးသလို စိန်တစ်လုံး သရက်သီးများလည်း အရောင်းပါးတယ်လို့ သိရပါတယ်။

    ဘော်ဘော်

    သတင်း- Opinion Leaders

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ -

    https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments0
views83views1334