cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၂ လအတွင်း နယ်စပ်ကန့်သတ်ချက်များကြောင့် ပို့ကုန်လျော့ကျ

. ဈေးကွက်
"၂ လအတွင်း ပို့ကုန်လျော့ကျခဲ့တာဟာ နယ်စပ်ကန့်သတ်ချက်များကြောင့် လည်းပါတယ်။ ဆန်တင်ပို့မှုမှာ ဗဟိုဘဏ် ငွေကြေးလဲလှယ်မှု ကန့်သတ်ချက်တွေကြောင့် ရာနှုန်းပြည့်မလည်ပတ်နိုင်တဲ့အတွက် ယခင်ဘဏ္ဍာနှစ် ၂ လ ထက် လျော့နည်းလာတယ်လို့ပဲ မှတ်ချက်ပြုရမှာပါ။
  • ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရဲ့ ပထမ ၂ လဖြစ်တဲ့ ဧပြီလနဲ့ မေလ အတွင်းမှာ နယ်စပ် ကန့်သတ်ချက်များကြောင့် ယခင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်ထက် ပို့ကုန် လျော့ကျလာတယ်လို့ နယ်စပ် ပို့ကုန် လုပ်ငန်းရှင်များထံမှ သိရပါတယ်။

    "၂ လအတွင်း ပို့ကုန်လျော့ကျခဲ့တာဟာ နယ်စပ်ကန့်သတ်ချက်များကြောင့် လည်းပါတယ်။ ဆန်တင်ပို့မှုမှာ ဗဟိုဘဏ် ငွေကြေးလဲလှယ်မှု ကန့်သတ်ချက်တွေကြောင့် ရာနှုန်းပြည့်မလည်ပတ်နိုင်တဲ့အတွက် ယခင်ဘဏ္ဍာနှစ် ၂ လ ထက် လျော့နည်းလာတယ်လို့ပဲ မှတ်ချက်ပြုရမှာပါ။ သွင်းကုန် တိုးလာတာကလည်း လျှပ်စစ်ကားနဲ့ ဆက်စပ်ပစ္စည်းတင်သွင်းမှုတွေ များလာတယ်လို့ပဲ မှတ်ချက်ပြုပြောလိုပါတယ်"လို့ နယ်စပ် ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားပါတယ်။

    ယခု ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက် မှ မေလ တတိယအပတ် ၁၉ ရက်နေ့အထိ ပင်လယ်ရေကြောင်း၊ နယ်စပ်စတဲ့ လမ်းကြောင်း ၂ ခုရဲ့ ပို့ကုန် ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁,၅၉၆ ဒသမ ၉၂၃ သန်းရှိခဲ့ပြီး ယခင် ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ကာလတူမှာတော့ အမေရိကန်ဒေါ်လာ ၂,၀၃၂ ဒသမ ၁၈၁ သန်း ရရှိခဲ့တဲ့အတွက် အခုဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၄၃၅ ဒသမ ၂၅၈ ဖိုးလျော့ကျ ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရပါတယ်။

    ပြည်ပ သွင်းကုန်ကဏ္ဍကို ကြည့်ပါက ယခု ဘဏ္ဍာနှစ် ၂၀၂၃-၂၄ ဧပြီလမှ မေလ ၁၉ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂,၄၄၂ ဒသမ ၇၆၅ သန်း ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃ ကာလတူမှာတော့ အမေရိကန်ဒေါ်လာ ၂,၀၄၀ ဒသမ ၈၃၅ သန်း ရှိခဲ့တဲ့အတွက် ၄၀၁ ဒသမ ၉၃၀ သန်းအထိ သွင်းကုန် ပိုမိုဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ပြည်ပ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု ပမာဏ စုစုပေါင်းဟာ အခုဘဏ္ဍာနှစ် ၂ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၄,၀၃၉ ဒသမ ၆၈၈ သန်းထိရရှိခဲ့ပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်ကာလတူမှာတော့ ၄,၀၇၃ ဒသမ ၀၁၆ သန်းရရှိခဲ့တဲ့အတွက် ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၃၈၂ သန်း လျော့ကျခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ ပို့ကုန်ပစ္စည်းများတွင် လယ်ယာ ထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်းနဲ့ စက်မှုကုန်ချောပစ္စည်းများပါဝင်ပြီး သွင်းကုန်ပစ္စည်းများတွင် ဆေးဝါး၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ကား၊ ယာဉ်အပိုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်း ဓာတ်မြေဩဇာ၊ ဘိလပ်မြေနဲ့ အလှကုန်ပစ္စည်းများ ပါဝင်ပါတယ်။

    ဤဆောင်းပါးကို MFN မှကူးယူဖော်ပြပါသည်။ 

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/



  • article
likes4comments0
views142views1863