cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဇွန်လ ၄ရက်မှစ၍ မုတ်သုန်မိုးတွေ ဆက်တိုက်ရွာသွန်းနိုင်....

. ရာသီဥတု သတင်းများ
၂၀၂၃ ဇွန်လ ၃ရက်နေ့မှ ၉ရက်နေ့အတွင်း မုတ်သုန်လေဆွဲတင်ခြင်းနှင့်မုတ်သုန်လေအားတိုးမြှင့်တဲ့ Monsoon low system တစ်ခု ဧရာဝတီကမ်းရိုးတန်းအနီးနှင့် ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်
  • MONSOON LOW

    ၂၀၂၃ ဇွန်လ ၃ရက်နေ့မှ ၉ရက်နေ့အတွင်း မုတ်သုန်လေဆွဲတင်ခြင်းနှင့်မုတ်သုန်လေအားတိုးမြှင့်တဲ့ Monsoon low system တစ်ခု ဧရာဝတီကမ်းရိုးတန်းအနီးနှင့် ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်ပြီး ဇွန်လ ၄ရက်နေ့မှ ၁၃ရက်နေ့အတွင်း မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ မိုးတွေရွာစေနိုင်ပါတယ်

    issued time

    01/06/2023 9:57am(MMT)



    01/06/2023 🌧🌧🌧🌧

    အနောက်တောင်မုတ်သုန်လေသည် မအူပင်ခရိုင်ကို ရောက်ရှိလာခဲ့ပြီး ၂၄နာရီအတွင်း ဘိုကလေး မော်ကျွန်း ဝါးခယ်မ ပန်းတနော် ညောင်တုန်း မအူပင် ကျိုတ်လတ် ဒေးဒရဲ ဖျာပုံ တွံတေး ကွမ်းခြံကုန်း ကော့မှူး ဆားမလောက် ထန်းတပင် လှိုင်သာယာ အင်းစိန် ရွှေပြည်သာ ရန်ကုန် ဒလ သန်လျင် သုံးခွ ထောက်ကြန့် အင်းတိုင် အင်းတကော် လှည်းကူး မှော်ဘီ တိုက်ကြီးဒေသတွေမှာ မိုးရွာနိုင်ပါတယ်

    issued time

    01/06/2023 6:18am(MMT)


    01/06/2023

    ၂၄နာရီအတွင်း ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းမှာ မိုးတွေရွာနိုင်ပါတယ်

    လေမိုးလျှပ်စီးမိုးကြိုး အန္တရာယ်ရှိပါတယ်

    issued time

    01/06/2023 3:45am(MMT)


    ဧရာဝတီတိုင်း 🌧🌧🌧

    ၂၀၂၃ဇွန်လ ၄ရက်နေ့မှ ၆ရက်နေ့အထိ မိုးများစွာရွာသွန်းနိုင်ပါတယ်

    issued time

    31/05/2023 4:59pm(MMT)


    သဖန်းဆိပ်ဆည်ရေပြည့်မိုးတွေရွာမယ်လေ ⛈⛈⛈🌧🌧🌧🌧🌧🌧🌧

    ၂၀၂၃ ဇွန်လ ၅ရက်နေ့မှ ၁၀ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာမယ် TS cyclone မုန်တိုင်းငယ်ရဲ့ UAC အထက်လေဝဲစနစ်မှ သဖန်းဆိပ်ဆည် ရေဝင်ဧရိယာကြီးမှာ မိုးများစွာရွာသွန်းနိုင်သဖြင့် သဖန်းဆိပ်ဆည် ရေဝင်အားကောင်းကာ စိုက်ပျိုးရေနှင့် လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရန်အတွက်အထောက်အကူဖြစ်စေပါလိမ့်မယ်

    ပင်လယ်ဘူး ကောလင်း ဝန်းသို ဗန်းမောက် ကသာ မိုးကြီးနိုင်ပါတယ်

    issued time

    31/05/2023 11:48am(MMT)


    ၂၀၂၃ ဇွန်လ ၇ရက်နေ့နှင့် ၈ရက်နေ့တွေမှာ

    ရန်ကုန်တိုင်း ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်ပါတယ်

    issued time

    31/05/2023 9:21an(MMT)


    ၂၀၂၃ ဇွန်လ ၇ရက်နေ့မှ ၁၀ရက်နေ့အတွင်း Monsoon Low (UAC) သည် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ဒေသကြီးတွေကိုရောက်ရှိကာ ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေကို မိုးများစွာရွာသွန်းနိုင်ပါတယ် မုတ်သုန်မိုးတွေတဆက်ထဲရွာမယ့်စနစ်တစ်ခုဖြစ်ပါတယ် မုန်တိုင်းမဟုတ်ပါဘူး ရက်ဝေးရက်နီးခန့်မှန်းချက်တွေကိုအချိန်နှင့်တပြေးညီခန့်မှန်းပေးနေပါတယ်

    issued time

    29/05/2023 6:33am(MMT)

    Su Su San

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2


  • article
likes23comments1
views324views6072