ငါးအချိုချောင်းပြုလုပ်နည်း
ငါးကိုအရသာရှိစေရန် နှင့် စားသောက်မှု့ နှစ်သက်စေရန်အတွက် ငါးအချို ချောင်းပြုလုပ်နည်းအားတင်ပြအပ်ပါသည်။ငါးအချိုချောင်းပြုလုပ်ရာတွင် ငါးမျစ်ချင်း၊ ငါးကြင်း၊ ကကတစ်နှင့် တီလားပီးယား ငါးမျိုကို အသုံး ပြုနိုင်ပါသည်။ မိမိပြလုပ်လိုသော ငါးကို အကြေးခွံခွာပြီး အမြီးနှင့် ခေါင်းကိုဖြတ်ထုတ်ပါ၊ ထို့နောက်အလယ် ရိုးမှ နွှာပြီး လက်တလုံးခန်ံ အချောင်းလေးများပြုလုပ်ပါ။ လှီးထားသော ငါးအချောင်းလေးများကို ရေဖြင်ံ စင်ကြယ်စွာဆေးပါ။ရေဆေးပြီးသော ငါးအချောင်းလေးများကို ဆား ၊ပဲငံပြာရည် ၊သကြား ၊ ငရုပ်ကောင်း မှုန့် တို့ဖြင့် ရော၍နယ်ပြီး ဇလုံထဲတွင် (၂)နာရီ (၃)နာရီခန့် နှပ်ထားပေးပါ။ ပါဝင်ရမည့် အချိုးအစားများမှာ-
၁။ ငါးအချောင်း ၁ ပိဿာ
၂။ဆား စားပွဲဇွန်း (၂)ဇွန်း
၃။ပဲငံပြာရည် စားပွဲဇွန်း (၂)ဇွန်း
၄။ သကြား ၅ ကျပ်သား
၅။ငရုပ်ကောင်းမှုန့် စားပွဲဇွန်ူ (၂)ဇွန်း
၆။ ဂျင်း ကြက်သွန်ဖြူ အနည်းငယ်
နှပ်ထားပြီး ငါးအချောင်းများကို ဝါးဇကာတွင်ထည့်ပြီး ခြောက်သွားအောင်လှန်းပါ.နေလှန်းရာတွင် ငါးအချောင်းများကို မထပ်စေဘဲ တခုနှင့် တခု လက်တလုံးခွာပြီးလှန်းပါ။ ခြောက်သွားပါက အနံအရသာ နှင့် ပြည့်စုံသော ငါးချောင်းလေးများကို ကြော်၍လည်းကောင်း မီးဖုတ်၍လည်းကောင်း စားသုံးနိုင်ပါသည်။


