cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သစ္စာပန်းစိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
စိုက်ပျိုးနိုင်သောဒေသ

သမအအေးပိုင်းတွင် အများဆုံးဖြစ်ထွန်းပါသည်။ သို့သော် အခြားပူအိုက်သော ဒေသမျာမှာတွင် စပ်မျိုး များကို စိုက်နိုင်သည်။ အေးမြသောရာသီဥတုကို ကြိုက်သည်။ တောင်တန်းဒေသများတွင် ပိုဖြစ်ထွန်းသည်။

  • ရာသီဥတု

    သစ္စာပန်းသည် အပူချိန် ၂၇-၃၀ C တွင် ကောင်းစွာဖြစ်ထွန်းပါသည်။ နေရောင်ခြည်ကောင်းစွာ ရရှိရန် လိုအပ်ပါသည်။ နေရောင်ခြည် ၁၂-၁၄နာရီ ရရှိလျင်လည်း ကောင်းစွာဖြစ်ထွန်းပါသည်။ သို့သော် အနဲဆုံး အလင်းရောင် (၁၀) နာရီရရှိရန် လိုအပ်ပါသည်။ လျှပ်စစ် အလင်းရောင်များ ထွန်းပေးခြင်းဖြင့် နေရောင် ရရှိမှုကို ထိန်းချုပ်နိုင်သည်။

    မြေအမျိုးအစား

    သစ္စာပန်းသည် ရေသွန်းရေထုတ်လွယ်ကူပြီး လေဝင်လေထွက်ကောင်းသော သဲနုန်းမြေကို ပို၍ နှစ်သက်ပါသည်။ အထူးသဖြင့် သြဂဲနစ်ဓာတ်ကြွယ်ဝသော မြေကို ပို၍ နှစ်သက်ပါသည်။ မြေချဉ်၊ ငံကိန်းPh (၆-၇) ရှိသော မြေအမျိုးအစားကို ပို၍ နှစ်သက်ပါသည်။

    မြေပြင်ခြင်း

    သစ္စာပန်းစိုက်ပျိုးရန်အတွက် မြေကို ထယ်ရေးနှစ်စက်နှင့် ထွန်တစ်စက် စသည်ဖြင့် သမန်းကောင်းအောင် ပြင်ပေးရပါမည်။ ထို့နောက် မြေခံမြေဇာကျွေးပေးရပါမည်။ (၅-၁၀-၁၀) အချိုးရှိသော မြေသြဇာကို မြေခံထည့်ပေးရပါမည်။ ထိုနောက် မြေဆွေး၊ နွားချေး တို့ကို တစ်ဧကလျှင် လှည်း(၅-၈) စီးအထိ ထည့်ပေးရပါမည်။ မြေအောင်းပိုး များကို ကာကွယ်ရန်အတွက် မြေအောင်းမှိူဆေး၊ ပိုးဆေးများကိုလည်း ထည့်ပေးရပါမည်။

    တစ်ဧကမျိုးနှုန်း

    သစ္စာပန်းကို အဓိက စီးပွားဖြစ်စိုက်ပျိုသောအပိုင်းမှာ မျိုးဥဖြစ်ပါသည်။ မျိုးဥကောင်းများကို ရွေးချယ်စိုက်ပျိုးမှသာ အပွင့်ကောင်း၊ အပင်ကောင်းများ ရရှိနိုင်မည်။ တစ်ဧကမျိုးဥနှုန်း (၁၀၀၀၀)းခန့် လိုအပ်ပါသည်။ မျိုးဥကို ၃-၇ Cအအေးခန်းထဲတွင် (၃)လခန့် သိုလှောင်ထားနိုင်ပါသည်။ Thiourea (500)ppm နှန်းဖြင့်သို့မဟုတ် ဂျစ်ဘရဲလစ် အက်စစ် GA3 မျိုးဥ၏ မျိုးမအောင်မှုနှုန်း (dormancy) ကိုချေဖျက်ပေးနိုင်ပါသည်။

    စိုက်ပျိုးချိန်

    သစ္စာပန်းကို မြေပြန်ဒေသ၌ အောက်တိုဘာလတွင် စတင်စိုက်ပျိုးပါသည်။ တောင်တန်းဒေသတွင် မက်လနှင့် ဧပြီလတို့တွင် စိုက်ပျိုးနိုင်ပါသည်။ ပြင်ဦးလွင်ပတ်ဝန်းကျင်၌သစ္စာပန်းတို့ကိုတစ်နှစ်ပတ်လုံး၌ နှင်းအလွန်ကျသည့်ဒီဇင်ဘာမှလွဲ၍စိုက်ပျိုးကြသည်။

    စိုက်ပျိုးနည်း

    သစ္စာပန်းကို များသောအားဖြင့် နည်းလမ်(၂) မျိုးဖြင့် စိုက်ပျိုးကြသည်။ ၎င်းတို့မှာ ဘောင်ဖော်စိုက် ခြင်း၊နှင့် မြောင်းဖော်စိုက်ခြင်းတို့ဖြစ်ပါသည်။ သစ္စာပန်းဥများကို တစ်ဥနှင့်တစ်ဥ ၉ လက်မခြား၍ တြိဂံပုံ ခြား၍ စိုက်ပျိုးနိုင်ပါသည်။ တစ်တန်းနှင့် တစ်တန်း ၂ပေ x ၂ပေခွဲခြားပြီး စိုက်ပျိုးပါ။ သို့မှသာ ရေလောင်းရန်နှင့် မြေဆွရန်လွယ်ကူမည်။ အပင်များ မယိမ်းယိုင်စေရန် အပင်ခြေရင်းကို မြေဖို့ပေးပါ။ ယူရီးယား (ပုလဲ) မြေဩဇာကို သုံးဆွဲမှုများလျှင် အပွင့်အထားမခံခြင်း၊ ကြွေလွယ်ခြင်းတို့ ဖြစ်တတ်သည်။ ဂရုစိုက်ပြီး သုံးစွဲပါ။

    ရေသွင်းနည်း

    မိုးခေါင် မိုးပြတ်လျှင် အပင်အခြေအနေကိုကြည့်ပြီး ရေလိုအပ်ပါက ရေသွရးပေးနိုင်သည်။ ရေသွင်းသည့်အခါ နှံ့စပ်အောင်သွင်းပေးရန်လိုမည်။ သို့မှသာ အပင်ပေါက်ညီပြီး အပွင့်များလည်းလှပမည်။ ဆောင်းနှင့် နွေရာသီတို့တွင် မြေကြီးအစိုဓာတ် ထိန်းသိမ်းမှု ပေါ်မူတည်ပြီး သုံးရက်လျှင်တစ်ကြိမ် ရေလောင်း ရေသွင်းပေးလျှင် လုံလောက်ပါသည်။ သဲမြေတွင် (၇မှ၁၀)ရက်ခြား တစ်ခါ ရေသွန်းပေးရန် လိုအပ်ပါသည်။ ခဲမြေမဟုတ်သောမြေနီနှင့် သဲနုန်းမြေများတွင် နှစ်ကြိမ်ခန့် ရေသွင်းပေး ရမည်။

    ပေါင်းနှိမ်နင်းခြင်း

    သစ္စာပန်းအထွက်နှန်းကောင်းမွန်စေရန် အတွက် ပေါင်းမြက်ကို နှိမ်နင်းပေးရပါမည်။ ပေါင်းနှိမ်နင်းရာတွင် လက်ပေါင်းလိုက်ခြင်းသည် ကုန်ကျစရိတ်များသော်လည်း အထိရောက်ဆုံးဖြစ်ပါသည်။ တစ်ဧကလျှင် လူ(၆)ယောက်ခန့် လုပ်ဆောင်လျှင် လုံလောက်ပါသည်။ ထို့အပြင်ပေါင်းသတ်ဆေး စတွန့်( Stomp 30 EC)ကို တစ်ဧကလျှင် (၆၅၀ ml) ခန့် အသုံးပြုနိုင်ပါသည်။

    အပင်ပြုစုနည်း

    စိုက်ပျိုးပြီး တစ်လခန့်အတွင်း အပင်စုံလျှင် မြေကို ခပ်နက်နက်ဆွပေးပါ။ အရွက်လေးရွက်ရှိလာချိန်တွင် တစ်ဖန် ထပ်ဆွပေးပါ။ တတိယအကြိမ်တွင် ၅-၆ ရွက် ထွက်လာသည့်အခါ ထပ်၍ဆွပေးပါ။ အရွက် ၇ ရွက် ထွက်လာသည့်အခါ အဖူးတံ တပါတည်းထွက်လာမှာဖြစ်လို့ မြေဆွပေးရန်မလိုတော့ပါ။ ရောဂါကျရောက်မှုနည်းပါးသည်။ တစ်ခါတစ်ရံ အရွက်ခြောက်ခြင်း၊ ပင်စည်ပုပ်ခြင်းတွေ့ရှိလျှင် နှုတ်ပစ်ပြီး မီးရှို့ပေးခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်သည်။

    ကျရောက်သော ရောဂါနှင့် ဖျက်ပိုးများ

    ၁။ရွက်ပြောက်ရောဂါ - ရွက်ပြောက်ရောဂါ ရောဂါများကို ကာဗန်ဒါဇင် (သို့) မန်ကိုဇက် တို့ကို ဖျန်းပေးခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

    ၂။ရွက်ခြောက်ရောဂါ - ရွက်ခြောက်ရောဂါ ကျရောက်ပါက မန်ကိုဇက် ကိုပတ်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

    ၃။ပင်ညှိးရောဂါ - ပင်ညှိးရောဂါ ကျရောက်ပါက ဘေဘီစတင်း(Bavistin) ဆေးကို နှံစပ်အောင်ဖျန်းပေးခြင်းဖြင့် ကာကွယ်နိင်သည်။ သို့သော် ရောဂါမကျရောက်မီ ကြိုတင်ကာကွယ်လျှင် ပို၍ ထိရောက်ပါသည်။ အထူးသဖြင့် ပင်ညှိးရောဂါသည် မျိုးစေံဆောင်နှင့် မြေဆောင်ရောဂါ များကြောင့် ဖြစ်သည်။ ထို့ကြောင့် မျိုးဥလူးနယ်ဆေးများ နင့်ရော၍ စိုက်ပျိုးသင့် ပါသည်။

    ၄။ဥပုတ်ရောဂါ - ဥပုတ်ရောဂါသည် အထူးသဖြင့် သိုလှောင်ချိန်တွင် ဖြစ်လေ့ရှိပါသည်။ အကြောင်းမှာ မှိုနင့် ဘတ်တီးရီးယားများကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် မသိုလှောင်မီ (၄၀-၄၅ C) ရေပူနှင့် မှိုသတ်ဆေး Captan သို့ Thiram ရောထားသော ပျော်ရည်တွင် စိမ်၍ သိုလှောင်သင့် ပါသည်။

    ၅။လှေးပိုး - လှေးပိုးများ ကျရောက်လာပါက Methyl demeton (သို့) Dimethoate ဆေးများကို ပတ်ဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

    ပန်းများဆွတ်ခူးခြင်း

    အရွက်ခုနှစ်ရွက်ထွက်လာသည်နှင့် တစ်ပြိုင်နက် အဖူးတံပါ တစ်ပါတည်း ထွက်လာမည်။ အဖူးတံ၏ အောက်ဆုံး အဖူးပွင့်ဖတ်များမှ စ၍အရောင်သမ်းလာသည်နှင့် တစ်ပြိုင်နက် ပန်းများကိုမြေကြီးမှ ၄ လက်မ ခန့် ခွာပြီး ဖြတ် ခူးပါ။ သစ္စာပန်းများသည် ဥတစ်ဥမှ ပန်းခိုင်တစ်ခိုင်ရရှိနိုင်ပါသည်။ မြေကောင်းလျှင် ဥပမာ - ပြင်ဦးလွင် ၌ စိုက်သော ခဲမြေတွင် ပန်းခိုင် ၃ ခိုင်ထိရရှိနိုင်သည်။ ပန်းပွင့်ကောင်းများရရှိစေရန် ရေမှန်မှန်လောင်းပေးရန် အရေးကြီးသည်။

    မျိုးပွားနည်း

    သစ္စာပန်းဥများကို တူးယူသောအခါ ဥအရွယ်အစား အမျိုးမျိုးရရှိပါမည်။ အကြီးဆုံးကိုသာ မျိုးအဖြစ်ထားပြီး သေးငယ်သောဥများကို သီးသန့်ရွေးထုတ်ထားရပါမည်။ တူးပြီးသည့်အခါ ဆယ်ရက်ခန့် နေလှန်းကာ အခွံခွာပြီးပြန်စိုက်ပါ။ သို့မှသာ အပင်ပေါက်မြန်ပြီး အပင်ပေါက်ကောင်းနိုင်မည်။ ပြန်စိုက်ပျိုးသည့်မျိုးဥများက နောက်ထပ် ၇ လကြာလျှင် စိုက်ပျိုးရန်သင့်သော မျိုးဥများပြန်ဖြစ်လာမည်။ နှစ်လခန့် အနားပေးပြီး ပန်းအဖြစ် ပြန်စိုက်ပျိုးနိုင်သည်။ အလွန်သေးငယ်သော ဥသေးများကိုလည်း ထပ်မံပြီး တစ်နှစ်ပြီးတစ်နှစ် ပန်းအတွက် စိုက်ပျိုးခြင်းဖြင့် မျိုးဥများ ပြန်လည်ရရှိနိုင်ပါသည်။ အနည်းဆုံး ၃ နှစ် ကြာသည်။ မျိုးအတွက် မျိုးပွားချိန်မှာ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ပျိုးထောင်ပါ။ အနက် ၃ လက်မအထိ စိုက်ပါသည်။

    မျိုးထိန်းသိမ်းသိုလှောင်ခြင်း

    သစ္စာပန်းဥသေးနှင့် ဥကြီးများကို ဖော်ပြပါအတိုင်းတူးဖော်ပြီးလျှင် ဥကြီးများကို လွှစာမှုန့် သို့မဟုတ် သဲထဲတွင် အဝတ်ပါးပါးဖြင့် ဖုံးအုပ်၍ အရိပ်ရှိသော နေရာများတွင် သိုလှောင်ထားရပါမည်။ တစ်နှစ်အထိထားပြီး စိုက်ပျိုးနိုင်သည်။ ပလတ်စတစ်အိတ်များနှင့် ပုံးများတွင် မထားသင့်ပါ။ အပူရှိန်ဖြင့် အညှောင့်များ ပျက်စီးနိုင်ပါသည်။

    ကိုရဲစိုက်ပျိုးရေး


  • article
likes4comments0
views306views2089