cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါး၊ပေါင်းနဲ့ပေါင်းသတ်ဆေးတို့ကြားကအတွေးတစ

. ပေါင်းမြက်
စပါးနဲ့ ပေါင်းစေ့တွေမပေါက်ခင် သမန်းပြင်ကြိုဖြန်းရတဲ့ပေါင်းအုပ်ဆေးဆိုပြီးရှိပါတယ်။ စပါးစေ့ကလွဲပြီး ပေါင်းစေ့တွေကို အပင်ဖြစ်မလာအောင်ဟန့်တားသည်ဟု သိရပါသည်။
  • သူကတော့အပင်ပေါက်လာတဲ့ဘယ်ပေါင်းကိုမှ မသေစေဟုသိရပါသည်။နောက်ပြီး စပါးနဲ့ပေါင်းအပင်တွေပေါက်လာမှ ဖြန်းရတဲ့ ရွေးချယ်ပေါင်းသတ်ဆေးဆိုတာလည်းရှိ​ပါ​သေးသည်။ ဆိုတော့ ကျွန်တော်တို့တောင်သူတွေအတွက် ပေါင်းနှိမ်ဖို့အခွင့်အရေးနှစ်ကြိမ်ရှိပါသည်။

    ပထမအခွင့်အရေးတစ်ကြိမ်ကတော့ ထယ်ရေးထွန်ရေးသေချာပြင်ပြီး လယ်မျက်နှာပြင်ညီအောင်လုပ်ပြီးပြီဆိုတာနဲ့ ပေါင်းအုပ်ဆေးသုံးမလားစဥ်းစားနိုင်ပါတယ်။ ပေါင်းအုပ်ဆေးကတော့ စပါးအပင်ကလွဲပြီး အခြားဘာပင်မှ သမန်းပြင်ပေါ်ပေါက်မလာအောင် ကာကွယ်ပေးထားနိုင်သည့်သတ္တိရှိသည်ဟုသိရပါသည်။

     အစိုကြဲလား၊အခြောက်ကြဲလား၊ အညှောင့်ဖောက်ပြီးအစိုကြဲလား။ ပေါင်းအုပ်ဆေးဘာတွေ သုံးသင့်လဲ ။ စပါးခင်းက အရင်နှစ်တွေဘာပေါင်းတွေအပေါက်များလည်း။ဒါတွေကိုတော့ စိုက်ပျိုးရေးပညာရှင်များနဲ့အသေးစိတ်တိုင်ပင်ရမည်ထင်မိပါသည်။ အခုလောလောဆယ်တော့ Pendimethalin နဲ့ Oxyfluorfen ဆေးအဆိပ်များကိုစပါးအခြောက်ကြဲခင်းတွေမှာ အသုံးပြုကြရန် ဆော်သြနေကြပါသည်။ စပါးကိုအညှောင့်ဖောက်ပြီးမှ အစိုသမန်းအစိုပေါ်ကြဲတဲ့အခင်းအတွက် ပရီတီလာကလော ပေါင်းအုပ်ဆေးကို ညွှန်းဆိုနေကြပါသည်။ အခြားပေါင်းအုပ်ဆေးအဆိပ်တွေလည်း ရှိနေနိုင်ပါသည်။ မိမိလက်လှမ်းမှီတာကို ‌ဖောက်သည်ချရခြင်းဖြစ်ပါသည်။

     ဆိုတော့ ပေါင်းအုပ်ဆေးကို စပါးနဲ့ပေါင်းအပင်တွေပေါက်မလာမီက စပါးကြဲပီးပြီးချင်း အသုံးပြုလိုက်ခြင်းက ကျွန်တော်တို့တောင်သူတွေအတွက် နောင်ရေးအေးမည်ဟုထင်မြင်မိပါသည်။ ခက်နေသည်က အလုပ်တွေမလည်ကြခြင်း၊ အချိန်မရလိုက်ခြင်း အခြားခြားသောအခက်အခဲပေါင်းစုံတွေကြောင့် စပါးကြဲပီးပီးခြင်း ပေါင်းကို အုပ်မထားလိုက်နိုင်ပြန်ရော။ သို့သော်လည်း ပူစရာတော့ မရှိပါဘူး။ပေါင်းတွေနှိမ်ဖို့ ဒုတိယအခွင့်အရေးတစ်ကြိမ်ရှိပါသေးသည်။ စပါးနဲ့ပေါင်းတွေ ထွက်လာမှ ပေါင်းတွေပဲသေအောင် သတ်လို့ရတဲ့ဆေးတွေက အောတိုက်။ မီပါသေးသည်။ ပေါင်းအုပ်ဆေးမမီလိုက်သလိုမျိုး ပေါင်းသတ်ဆေးကိုပါ မမီလိုက်မှာကိုတော့ ကျွန်တော်တို့ အထူးသတိပြုသင့်ပါသည်။ အချို့က စပါးသက် ၁၅ ရက်သားမှာ ဖြန်းဖို့ဆေးတွေရှိတာကို စပါးပင်လေးငယ်တော့ စပါးပင်ထိခိုက်မှာ စိုးရိမ်ပြီး မဖြန်းရဲတာမျိုးရှိတတ်ပါသည်။ ထိုအခါ ပေါင်းပင်တွေက ပေါင်းသတ်ဆေးဒဏ်ခံနိုင်သည်ထိကြီးလာကာ ဆေးမတိုးတာမျိုးတွေကြုံရတတ်ပါသည်။ ပေါင်းပင်တွေ နုစဉ်အခါ တိုင်ပင်ကိုက်ဖြန်းနိုင်ဖို့ အလွန်အရေးကြီးတာကိုတော့ ကျွန်တော်တို့ အထူးသတိပြုဖို့လိုမည်ထင်ပါသည်။ နောက်ပြီး ရွေးချယ်ပေါင်းသတ်ဆေးသုံးတဲ့အခါမှာ လယ်ထဲရေများနေရင် အဆင်မပြေပြန်ပါဘူး။ ရေစပ်စပ်လေးနဲ့မှ ပိုထိရောက်ပါသည်။ ခက်နေသည်က ရေသွင်းရေထုတ်လုပ်ဖို့ ခက်နေပြန်ရော။ မိုးရွာများရင် လယ်ထဲရေများပြီ။ ပေါင်းသတ်ဆေးသုံးဖို့က အဆင်မပြေတော့ပြန်။ မိုးမရွာ‌ပြန်ရင်လည်း လယ်ထဲရေခမ်းပြီး ပေါင်းတွေထလာတတ်ပြန်သည်။ ဒါပေမယ့် ကျွန်တော်တို့ဇွဲမလျှော့ဖို့တော့ လိုမယ်ထင်မိပါသည်။ တစ်ချို့ပေါင်းသတ်ဆေးတွေက စပါးနှစ်လသားထိ သုံးလို့ရတယ်ကြားမိပါသည်။ ဆိုတော့ နှစ်လအတွင်းမှာ မိုးအရွာနည်းပြီး လယ်ထဲမှာ ပေါင်းသတ်ဆေးဖြန်းဖို့ အကောင်းဆုံး ရေအနက် ၊မြေအစိုဓါတ်အခြေအနေကို ကြုံကိုကြုံရမှာပါ။ အဲ့အချိန်မှာ ချိန်သားကိုက်ဖြန်းလိုက်နိုင်ရင် အဆင်ပြေမည်ဟု အတွေးတပေါက် လင်းမိပါသည်။

     တစ်ချို့‌ပေါင်းသတ်​ဆေးတို့သည် စပါးပင်ကို ဝါသွားစေတတ်သည်ကိုလည်း ကြုံဖူး​ကြပါသည်၊သို့သော်လည်းစပါးပင်တွေပြန်စိမ်းသည်မို့၊ စပါးလောင်မှာစိုးရိမ်ပြီး မဖြန်းပဲနေရင်း စပါးခင်းပေါင်းကိုက်ခံရ​ခြင်းထက်တော့ ကြောက်စရာလိုမည်မထင်ပါ။

    ဆည်ရေသောက်တောင်သူတို့အကြောင်း ကိုလည်း မျှဝေလိုပါသည်။ သူတို့သည် စပါးကြဲပြီး ပေါင်းသတ်ဆေးကို တစ်ကြိမ်သုံးပြီးနောက်ပိုင်း ပေါင်းကို ရေသွင်းရေထုတ်စနစ်နဲ့ ထိန်းကြသည်။ စပါးကို အညှောင့်အရင်ဖောက်ကြဲချလိုက်ပြီး၊ သမန်းပြင်ရေခါထားလိုက်သည်။ သမန်းပြင်မခြောက်စေရန် သုံးလေးရက်အကြာမှာ ရေပြန်သွင်းကာ ရေပြန်ထုတ်ပါသည်။ ထိုသို့ပြုလုပ်ရင်း စပါးပင်ပေါက်ကလေးတို့ စိမ်းစိုကြီးထွားလာချိန်၊ ပေါင်းမြက်တို့ကလည်းအပြိုင်ထွက်လာချိန်မှာ ပေါင်းသတ်ဆေးတစ်ကြိမ်အချိန်ကိုက်ဖျန်းပြီး လယ်ထဲရေသွင်းကာ နောက်ထွက်လာမဲ့ပေါင်းများထွက်မလာနိုင်အောင်ရေနှစ်သတ်ထားလိုက်သည့်နည်းဖြစ်ပါသည်။ စပါးတင်း ၁၀၀ ပါတ်လည်ထွက်ကြသည်ဟုကြားသိရပါသည်။ ဆည်ရေ အချိန်မီမလာရင်တော့ စပါးခင်းရေပြတ်ကာ ပေါင်းများထလာပြီး သူတို့လည်း အဆင်မပြေတတ်ကြပါဟု သိရပါသည်။ စပါး၊ပေါင်း၊ပေါင်းအုပ်ဆေး၊ပေါင်းသတ်ဆေး နဲ့ ရေ တို့ကြားက သပွတ်အူကို အဖြေညှိုကြည့်မိတဲ့ အတွေးတစ်စကို တင်ပြလိုက်ရပါသည်။ 


  • article
likes19comments0
views418views2664